ခိုလှုံလာမည့် စစ်သားနှင့် ရဲမိသားစုများအား NUG မှ တာဝန်ယူမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။
ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြမည့် တပ်မတော်သားများနှင့် ရဲတပ်ဝင်များ၏ မိသားစုဝင်များအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးကို တာဝန်ယူပေးသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ကတိပြုပြောဆိုလိုက်သည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် ရဲဘော်တို့၏ မိသားစုအတွက် ခိုလှုံမည့် နေ ရာ အစားအသောက်နှင့် ကျန်းမာရေး ထောက်ပံ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရကနေ လုံးဝတာဝန် ယူပါတယ်” ဟုပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလမှ အောက်တိုဘာလ ၆ ရက် (ယမန်နေ့) က ပြောကြားသည့် ပြည်သူ့ရင်ခွင် ခိုလှုံရေး တိုက်တွန်းချက်ထဲတွင် အဆိုပါ အချက်ကိုပါ ထည့်သွင်းပြောကြားထား ပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူရင်ခွင် ခိုလှုံရန် သက်ဆိုင်ရာ နေရာများသို့ အမြန် ဆုံး ဆက်သွယ်စာရင်းပေးကြရန်လည်း တိုက်တွန်းထားသည်။
ထို့အပြင် NUG အစိုးရမှ တည်ထောင်မည့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်တွင် ပါဝင်လိုပါက ဆက်လက် အမှုထမ်းနိုင်ပြီး ပင်စင်လစာ ခံစားခွင့်ကိုပါ စီစဉ်ပေးမည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။
“ရဲဘော်တို့ရဲ့ နိုင်ငံအပေါ် ရိုးသားတဲ့ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ လုပ်သက်များကိုလည်း အသိအမှတ်ပြုပြီး အနာဂတ်တွင် ထူထောင်မယ့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်မှာ ဆက်လက်အမှုထမ်းလိုပါက အမှု ထမ်း ခွင့်ပြုပါမယ်။ ပင်စင်ယူလိုပါကလည်း ယူနိုင်အောင် စီစဉ်ပေးပါမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ အနေ နဲ့ ကတိပြုပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။
လက်ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များထဲတွင်လည်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသော်လည်း အခြေအနေ အရ စစ်ကောင်စီ၏ လက်အောက်တွင် အမှုထမ်းနေရသည့် နိုင်ငံသားကောင်းများစွာ ရှိနေကြောင်းကို သိရှိရ သည့်အတွက် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။
ထို့အပြင် ကိုယ်ကျိုးရှာ လူတစ်စု၏ အကျိုးကို သယ်ပိုးရာမှ တိုင်းပြည်အကျိုး သယ်ပိုးရန်အတွက် ပြည်သူ့ရင် ခွင်သို့ ခိုလှုံရန် ဆုံးဖြတ်ချက်ချခဲ့ကြသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ချီးကျူး ဂုဏ်ပြု ကြောင်းနှင့် နောက်ဝင်ရောက်ခိုလှုံလာကြမည့် သူများကိုလည်း NUG အစိုးရမှ ငြိမ်းချမ်းနွေးထွေးစွာ ကြိုဆိုနေ သည်ဟု ဆိုသည်။
ပြည်သူ့ရင်ခွင်လှုံ လာသူများအတွက် နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အနာဂတ် အတွက် စိုးရိမ်ပူပန်မှု မရှိအောင် လိုအပ်သည်များကို ကူညီထောက်ပံ့မည် ဖြစ်သည့်အတွက် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံနိုင်သည့် သက်ဆိုင်ရာ နေရာများသို့ အမြန်ဆုံး ဆက်သွယ်စာရင်း ပေးကြရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းထားသည်။
*** ZAWGYI ***
ခိုလႈံလာမည့္ စစ္သားႏွင့္ ရဲမိသားစုမ်ားအား NUG မွ တာဝန္ယူမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။
ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံလာၾကမည့္ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဝင္မ်ား၏ မိသားစုဝင္မ်ားအတြက္ စားဝတ္ေနေရးႏွင့္ က်န္းမာေရးကို တာဝန္ယူေပးသည္ဟု အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ယာယီ သမၼတ ဒူဝါလရွီးလက ကတိျပဳေျပာဆိုလိုက္သည္။
NUG ယာယီသမၼတ ဒူဝါလရွီးလက “ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံလာမည့္ ရဲေဘာ္တို႔၏ မိသားစုအတြက္ ခိုလႈံမည့္ ေန ရာ အစားအေသာက္ႏွင့္ က်န္းမာေရး ေထာက္ပံ့မႈေတြကို အမ်ိဳးသား ညီၫြတ္ေရး အစိုးရကေန လုံးဝတာဝန္ ယူပါတယ္” ဟုေျပာသည္။
အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ယာယီ သမၼတ ဒူဝါလရွီးလမွ ေအာက္တိုဘာလ ၆ ရက္ (ယမန္ေန႔) က ေျပာၾကားသည့္ ျပည္သူ႔ရင္ခြင္ ခိုလႈံေရး တိုက္တြန္းခ်က္ထဲတြင္ အဆိုပါ အခ်က္ကိုပါ ထည့္သြင္းေျပာၾကားထား ၿပီး တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျပည္သူရင္ခြင္ ခိုလႈံရန္ သက္ဆိုင္ရာ ေနရာမ်ားသို႔ အျမန္ ဆုံး ဆက္သြယ္စာရင္းေပးၾကရန္လည္း တိုက္တြန္းထားသည္။
ထို႔အျပင္ NUG အစိုးရမွ တည္ေထာင္မည့္ ဖက္ဒရယ္ ျပည္ေထာင္စု တပ္မေတာ္တြင္ ပါဝင္လိုပါက ဆက္လက္ အမႈထမ္းႏိုင္ၿပီး ပင္စင္လစာ ခံစားခြင့္ကိုပါ စီစဥ္ေပးမည္ဟု NUG ယာယီ သမၼတ က ဆိုသည္။
“ရဲေဘာ္တို႔ရဲ႕ ႏိုင္ငံအေပၚ ႐ိုးသားတဲ့ တာဝန္ ထမ္းေဆာင္ခဲ့ၾကတဲ့ လုပ္သက္မ်ားကိုလည္း အသိအမွတ္ျပဳၿပီး အနာဂတ္တြင္ ထူေထာင္မယ့္ ဖက္ဒရယ္ ျပည္ေထာင္စု တပ္မေတာ္မွာ ဆက္လက္အမႈထမ္းလိုပါက အမႈ ထမ္း ခြင့္ျပဳပါမယ္။ ပင္စင္ယူလိုပါကလည္း ယူႏိုင္ေအာင္ စီစဥ္ေပးပါမယ္လို႔ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ အေန နဲ႔ ကတိျပဳပါတယ္” ဟု NUG ယာယီသမၼတ ဒူဝါလရွီးလ က ေျပာသည္။
လက္ရွိ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားထဲတြင္လည္း ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံလိုေသာ္လည္း အေျခအေန အရ စစ္ေကာင္စီ၏ လက္ေအာက္တြင္ အမႈထမ္းေနရသည့္ ႏိုင္ငံသားေကာင္းမ်ားစြာ ရွိေနေၾကာင္းကို သိရွိရ သည့္အတြက္ ျပည္သူ႔ရင္ခြင္ ခိုလႈံေရးအစီအစဥ္ကို ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္ဟု NUG က ဆိုသည္။
ထို႔အျပင္ ကိုယ္က်ိဳးရွာ လူတစ္စု၏ အက်ိဳးကို သယ္ပိုးရာမွ တိုင္းျပည္အက်ိဳး သယ္ပိုးရန္အတြက္ ျပည္သူ႔ရင္ ခြင္သို႔ ခိုလႈံရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့ၾကသည့္ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကိုလည္း ခ်ီးက်ဴး ဂုဏ္ျပဳ ေၾကာင္းႏွင့္ ေနာက္ဝင္ေရာက္ခိုလႈံလာၾကမည့္ သူမ်ားကိုလည္း NUG အစိုးရမွ ၿငိမ္းခ်မ္းေႏြးေထြးစြာ ႀကိဳဆိုေန သည္ဟု ဆိုသည္။
ျပည္သူ႔ရင္ခြင္လႈံ လာသူမ်ားအတြက္ ေနထိုင္စားေသာက္ေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈႏွင့္ အနာဂတ္ အတြက္ စိုးရိမ္ပူပန္မႈ မရွိေအာင္ လိုအပ္သည္မ်ားကို ကူညီေထာက္ပံ့မည္ ျဖစ္သည့္အတြက္ တပ္မေတာ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ ျပည္သူ႔ရင္ခြင္ ခိုလႈံႏိုင္သည့္ သက္ဆိုင္ရာ ေနရာမ်ားသို႔ အျမန္ဆုံး ဆက္သြယ္စာရင္း ေပးၾကရန္ NUG ယာယီ သမၼတ ဒူဝါလရွီးလ က တိုက္တြန္းထားသည္။