YMBA အသင်းဝင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်။

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ဗုဒ္ဓကလျာဏယုဝ အသင်း YMBA အသင်းဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

YMBA အသင်းဝင် ဦးခင်မောင်ဦးမှာ ပေါင်မြို့ မိုးနိုင်းရပ်ကွက် စွယ်တော်သုဿာန်အနီးတွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဒီမနက် ၇ နာရီလောက် ရှိမယ်ထင်တယ်။ သုဿာန်ဘက်ကနေ သေနတ်သံတွေကြားရတယ်။ သေနတ်သံက ဆက်တိုက် ၈ ချက် လောက်ကြားရတယ်။ ဘာဖြစ်လဲပေါ့ လိုက်မေးကြည့်တာ နောက်တော့မှ ဦးခင်မောင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာ သိရတယ်” ဟု ပေါင်မြို့ မိုးနိုင်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြော သည်။

သေနတ်ဒဏ်ရာ ၈ ချက်ခန့်ဖြင့် ပစ်ခတ်ခံထားရသည့် ဦးခင်မောင်ဦးသည် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် စွယ် တော်သုဿာန် မီးသဂြိုလ်စက်ရှေ့တွင် သေဆုံးနေသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

ဦးခင်မောင်ဦးသည် စွယ်တော်သုဿာန်အနီးရှိ ခြံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ် ကိုင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ဤသတ်ဖြတ်မှုနှင့် ပတ်သက်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ လုပ်ဆောင် နေသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

ထိုသို့ ပစ်ခတ်ခံမှုကြောင့် သေဆုံးသူအများစုမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေး “ဒလန်” ဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးပါတီဝင်များ ဖြစ်ကြသည်။

*** ZAWGYI ***
YMBA အသင္းဝင္တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္။

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕တြင္ ဗုဒၶကလ်ာဏယုဝ အသင္း YMBA အသင္းဝင္ တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။

YMBA အသင္းဝင္ ဦးခင္ေမာင္ဦးမွာ ေပါင္ၿမိဳ႕ မိုးႏိုင္းရပ္ကြက္ စြယ္ေတာ္သုႆာန္အနီးတြင္ ေအာက္တိုဘာ ၇ ရက္ေန႔ နံနက္ပိုင္းက ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္။

“ဒီမနက္ ၇ နာရီေလာက္ ရွိမယ္ထင္တယ္။ သုႆာန္ဘက္ကေန ေသနတ္သံေတြၾကားရတယ္။ ေသနတ္သံက ဆက္တိုက္ ၈ ခ်က္ ေလာက္ၾကားရတယ္။ ဘာျဖစ္လဲေပါ့ လိုက္ေမးၾကည့္တာ ေနာက္ေတာ့မွ ဦးခင္ေမာင္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရတယ္ဆိုတာ သိရတယ္” ဟု ေပါင္ၿမိဳ႕ မိုးႏိုင္းရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦးက ေျပာ သည္။

ေသနတ္ဒဏ္ရာ ၈ ခ်က္ခန႔္ျဖင့္ ပစ္ခတ္ခံထားရသည့္ ဦးခင္ေမာင္ဦးသည္ ဦးေခါင္းေၾကမြဒဏ္ရာမ်ားျဖင့္ စြယ္ ေတာ္သုႆာန္ မီးသၿဂိဳလ္စက္ေရွ႕တြင္ ေသဆုံးေနသည္ဟု မ်က္ျမင္ေတြ႕ရွိသည့္ ေဒသခံမ်ားက ေျပာသည္။

ဦးခင္ေမာင္ဦးသည္ စြယ္ေတာ္သုႆာန္အနီးရွိ ၿခံတြင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး လုပ္ ကိုင္ေနသည္ဟုလည္း ေဒသခံမ်ားက ေျပာသည္။

ဤသတ္ျဖတ္မႈႏွင့္ ပတ္သက္၍ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား စစ္ေဆးမႈမ်ား လုပ္ေဆာင္ ေနသည္ဟု ဆိုသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္း အမည္မသိ ေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ လူေသဆုံးရသည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာခဲ့သည္။

ထိုသို႔ ပစ္ခတ္ခံမႈေၾကာင့္ ေသဆုံးသူအမ်ားစုမွာ ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပး “ဒလန္” ဟု သတ္မွတ္ခံရသူမ်ားႏွင့္ ႏိုင္ငံေရးပါတီဝင္မ်ား ျဖစ္ၾကသည္။