မအူပင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်၊ ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် အောက်တိုဘာ ၁၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများ က ပြောသည်။
ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က မြို့သစ် ၇ လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အဝင်အထွက်ရှိသည့် အရက်ဆိုင် ရှေ့ တွင် တစ်ကြိမ် ပေါက်ကွဲပြီးနောက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်း အလက- ၁ ကျောင်းဝင်းအနီးတွင် စစ်တပ်က ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် ပေါက်ကွဲမှု တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။
“ပထမအကြိမ် ပေါက်တာမှာ လူထိခိုက်တာ မရှိဘူး။ ဒုတိယအကြိမ် ပေါက်တာမှာ အရပ်ဝတ် ၂ ယောက် ဒဏ် ရာရလို့ ဆေးရုံပို့လိုက်တာတွေ့ရတယ်။ တစ်ယောက်တော့ စိုးရိမ်ရတယ်လို့ ပြောတယ်” ဟု မျက်မြင်တွေ့ရှိသူ ဦးမင်းမင်း က ပြောသည်။
ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိခဲ့ အမျိုးသား ၂ ဦးအနက် လဲကျသွားသူ ၁ ဦးမှာ စိုးရိမ်ရသည်ဟု မအူပင်ဆေးရုံက ဆေးဝန်ထမ်း တစ်ဦး က အတည်ပြုပြောသည်။
ထို့အပြင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာ အနီးရှိ ဖုန်းဆိုင်မှ အမျိုးသမီးတစ်ဦး ထိတ်လန့်ကာလဲကျသွားသဖြင့် ဆေးရုံရောက်လာခဲ့သည်ဟု မအူပင်ဆေးရုံက ဆေးဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးထားသည့် ရပ်ထားသော ဆိုင်ကယ် အတွင်းမှ ပေါက်ကွဲမှုကြောင့် အမျိုးသား နှစ်ဦး ဒဏ် ရာရရှိခြင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသွားသူနှစ်ဦး၏ အမည်ကို မသိရသေးသော်လည်း အရပ်ဝတ် အသွင်ယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေပြီး မအူပင်မြို့နယ်အတွင်း ယခုပေါက်ကွဲမှု အပါအဝင် ၆ ကြိမ် ရှိပြီဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။
*** ZAWGYI ***
မအူပင္တြင္ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္၊ ၂ ဦး ဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။
ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕တြင္ ေအာက္တိုဘာ ၁၁ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက ဗုံးေပါက္ကြဲမႈ ၂ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး လူ ၂ ဦး ဒဏ္ရာရရွိသြားသည္ဟု ေဒသခံမ်ား က ေျပာသည္။
ယေန႔ နံနက္ ၈ နာရီ အခ်ိန္ခန႔္က ၿမိဳ႕သစ္ ၇ လမ္းရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ား အဝင္အထြက္ရွိသည့္ အရက္ဆိုင္ ေရွ႕ တြင္ တစ္ႀကိမ္ ေပါက္ကြဲၿပီးေနာက္ နံနက္ ၁၁ နာရီ အခ်ိန္ခန႔္တြင္ အမွတ္ ၄ ရပ္ကြက္ ကမ္းနားလမ္း အလက- ၁ ေက်ာင္းဝင္းအနီးတြင္ စစ္တပ္က ဆိုင္ကယ္မ်ား ဖမ္းဆီးစစ္ေဆးေနစဥ္ ေပါက္ကြဲမႈ တစ္ႀကိမ္ ထပ္မံျဖစ္ပြားခဲ့သည္။
“ပထမအႀကိမ္ ေပါက္တာမွာ လူထိခိုက္တာ မရွိဘူး။ ဒုတိယအႀကိမ္ ေပါက္တာမွာ အရပ္ဝတ္ ၂ ေယာက္ ဒဏ္ ရာရလို႔ ေဆး႐ုံပို႔လိုက္တာေတြ႕ရတယ္။ တစ္ေယာက္ေတာ့ စိုးရိမ္ရတယ္လို႔ ေျပာတယ္” ဟု မ်က္ျမင္ေတြ႕ရွိသူ ဦးမင္းမင္း က ေျပာသည္။
ေပါက္ကြဲမႈအတြင္း ဒဏ္ရာရရွိခဲ့ အမ်ိဳးသား ၂ ဦးအနက္ လဲက်သြားသူ ၁ ဦးမွာ စိုးရိမ္ရသည္ဟု မအူပင္ေဆး႐ုံက ေဆးဝန္ထမ္း တစ္ဦး က အတည္ျပဳေျပာသည္။
ထို႔အျပင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည့္ေနရာ အနီးရွိ ဖုန္းဆိုင္မွ အမ်ိဳးသမီးတစ္ဦး ထိတ္လန႔္ကာလဲက်သြားသျဖင့္ ေဆး႐ုံေရာက္လာခဲ့သည္ဟု မအူပင္ေဆး႐ုံက ေဆးဝန္ထမ္းတစ္ဦးက ေျပာသည္။
စစ္ေကာင္စီက ဖမ္းဆီးထားသည့္ ရပ္ထားေသာ ဆိုင္ကယ္ အတြင္းမွ ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသား ႏွစ္ဦး ဒဏ္ ရာရရွိျခင္း ျဖစ္ခဲ့ျခင္းျဖစ္သည္။
ထိခိုက္ဒဏ္ရာရရွိသြားသူႏွစ္ဦး၏ အမည္ကို မသိရေသးေသာ္လည္း အရပ္ဝတ္ အသြင္ယူထားသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ျဖစ္ႏိုင္သည္ဟု ေဒသခံ အခ်ိဳ႕က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဧရာဝတီတိုင္းအတြင္း ဗုံးေပါက္ကြဲမႈမ်ား မၾကာခဏ ျဖစ္ပြားေနၿပီး မအူပင္ၿမိဳ႕နယ္အတြင္း ယခုေပါက္ကြဲမႈ အပါအဝင္ ၆ ႀကိမ္ ရွိၿပီျဖစ္သည္ဟု ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရ သည္။