KIO နယ်မြေတွင် စက်သုံးဆီဈေးများကို တပြေးညီ သတ်မှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် စက်သုံးဆီစျေးမြှင့်တက်နေသည့်အတွက် တသတ် မတ်တည်းရောင်းချရန် KIO က သတ်မှတ်လိုက်သည်။
မြေပြင်တွင် စက်သုံးဆီတစ်လီတာအား ကျပ် ၄၀၀၀ မှ ကျပ် ၆၅၀၀ အထိ တိုးမြင့်ရောင်းချနေကြသည့်အတွက် ရောင်းသူ/ဝယ်သူ နှစ်ဦးနှစ်ဖက် မနစ်နာရေး ယခုကဲ့သို့ သတ်မှတ်ရခြင်း ဖြစ်သည်ဟု လိုင်ဇာမြို့ခံများနှင့် ဆီဆိုင် ပိုင်ရှင်အချို့က ပြောသည်။
“အခုလိုအစိုးရက သတ်မှတ်ပေးတော့ ပိုအဆင်ပြေတာပေါ့။ သူတို့က ကျနော်တို့ကို ဝယ်ဈေးနဲ့ ကုန်ကျစရိတ် တွက်ချက်ပြပြီး သတ်မှတ်ပေးတာပါ။ ရောင်းသူ ဝယ်သူ နှစ်ဦးနှစ်ဖက် မနစ်နာရအောင်ပေါ့” ဟု လိုင်ဇာမြို့က ဆီဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။
KIO က အောက်တိုဘာလ ၁၃ ရက်နေ့ လိုင်ဇာမြို့အတွင်းက ဒေသခံအချို့၊ စက်သုံးဆီဆိုင်ရောင်းချသူများ၊ မြို့ တော် အုပ်ချုပ်ရေးရုံး၊ စည်ပင်သာယာရုံးနှင့် မီးသတ်ရုံးမှ တာဝန်ရှိသူများ အစည်းအဝေးတစ်ရပ်ကျင်းပပြီး ယခု ကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ထိုအစည်အဝေးတွင် လိုင်ဇာမြို့ နယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအားလုံး ဓာတ်ဆီ တစ်လီတာ လျှင် တရုတ်ငွေ ၁၀ ယွမ် (သို့) မြန်မာငွေ ၃၀၀၀ ကျပ်ဖြင့်သာ ရောင်းချကြရန် သတ်မှတ်လိုက်သည်ဟု အစည်း အဝေးသွားတက်သူများက ပြောသည်။
အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဆီစျေးအဆမတန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ဒုတိယအပတ်မတိုင်ခင်က ဓါတ်ဆီတစ်လီတာကို ကျပ် ၂၅၀၀ ခန့်ဖြင့် ရောင်းချနေရာမှ ကျပ် ၄၀၀၀ မှ ကျပ် ၆၅၀၀ ခန့်အထိ မြင့်တက်သွားခြင်းဖြစ်သည်။
ယခုကဲ့သို့ သတ်မှတ်ပေးရခြင်းမှာ စက်သုံးဆီအရောင်းဆိုင် အချို့တွင် စက်သုံးဆီများ ပြတ်လပ်လာခြင်းနှင့် နယ် စပ်တလျှောက်တွင် တရုတ်-မြန်မာငွေလဲလှယ်နှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ဆီကုန်သည်များသည် စက်သုံးဆီ ဈေးနှုန်းကို အဆမတန် မြင့်တင်ရောင်းချလာခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
တရုတ်နိုင်ငံဘက်အခြမ်းမှ လိုင်ဇာမြို့ဘက်ခြမ်းက ကိုဗစ်-၁၉ ရောဂါကူးစက်နေမှုများကြောင့် မေလကစတင်၍ နယ်စပ်တကြော လုံခြုံရေးပိုမိုတင်းကြပ်လိုက်သည့်အတွက် ကုန်သွယ်ရေးပိုင်း ပိုမိုခက်ခဲလာသည်ဟု ကုန်သည် များနှင့် ဆီလုပ်ငန်းရှင်အချို့က ပြောသည်။
လိုင်ဇာမြို့တွင် စက်သုံးဆီ အရောင်းဆိုင်အများစုတွင် ဓာတ်ဆီ၊ ဒီဇယ်များ ပြတ်လပ်နေသည်မှာ နှစ်ပတ်ကျော် ခန့်ရှိပြီဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းအချိန်မှစတင်၍ အချို့ဆီဆိုင်များ အရောင်းရပ်နားထားကြကာ အချို့ဆိုင် များက ခွဲတန်းဖြင့်သာ ရောင်းချပေးနေသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။
ဆီဆိုင်များက ဂါလံများဖြင့် မရောင်းကြပေးတော့ဘဲ ရေသန့်ဗူး အချိုရည်ဗူးများဖြင့်သာ ခွဲတန်းဖြင့် အနည်းငယ် စီ ရောင်းချပေးနေသည်ဟု ဆိုကြသည်။
လိုင်ဇာမြို့က ဒေသခံအမျိုးသမီးတစ်ဦးက “အခုဆိုရင် တစ်နေရာရာသွားဖို့တောင် တော်တော်စဉ်းစားနေရ တယ်။ ဆိုင်ကယ်မှာ ရှိနေတဲ့ ဆီနဲ့ ရောက်ကော ရောက်ပါ့မလား ဆိုပြီးမှပေါ့။ ဝယ်ထည့်ဖို့ကလည်း ဈေးကြီး တယ်။ ဒီမနက် ဆိုင်ကယ်ဆီ သွားထည့်တာ ၂ လီတာ ကျော်လောက်လဲရှိမယ်။ ရေသန့်ဗူးကြီး နှစ်ဗူးကို ၁၀၀၀၀ ပေးခဲ့ရတယ်” ဟု ပြောသည်။
ယခုနှစ် မေလ ခန့်တွင် လိုင်ဇာမြို့တွင်း COVID-19 ရောဂါ ကူးစက်မှုများ ရှိလာသည့်နောက်ပိုင်းမှစတင်၍ ရောဂါ ကာကွယ်ရေး အခြေအနေကြောင့်ဟုဆိုကာ တရုတ်နိုင်ငံဘက်ခြမ်း၊ နယ်စပ်ဂိတ် ဖြတ်ကျော်ခွင့်ပိတ် ထားခြင်း ကြောင့် စက်သုံးဆီကားများ ဝင်ရောက်နိုင်ခြင်းမရှိခြင်းတော့ပဲ ယခုကဲ့သို့ ဆီပြတ်လပ်မှုပြဿနာ၊ ဆီစျေးအဆ မတန်မြင့်တက်လာရခြင်း ဖြစ်သည်ဟု လိုင်ဇာမြို့ရှိ ဆီဆိုင်ပိုင်ရှင်အချို့က ပြောသည်။
လိုင်ဇာမြို့တွင် စက်သုံးဆီ အရောင်းဆိုင်ကြီး ၆ ဆိုင် ရှိပြီး ယခုကဲ့သို့ KIO ထိန်းချုပ်နယ်မြေအတွင်း လောင်စာ ဆီ ပြတ်လပ်မှုကို ကြုံတွေ့ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းမှု နောက်ပိုင်း KIO ထိန်းချုပ်နယ်မြေ နယ်စပ်ဒေသတစ်လျောက်တွင် တရုတ်ငွေဈေး မြင့် တက်မှုကြောင့် ကုန်ဈေးနှုန်းများလည်း မကြာခဏ ပြောင်းလဲ မြင့်တက်လျှက်ရှိသည်။
*** ZAWGYI ***
KIO နယ္ေျမတြင္ စက္သုံးဆီေဈးမ်ားကို တေျပးညီ သတ္မွတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။
ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဗဟိုဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕တြင္ စက္သုံးဆီေစ်းျမႇင့္တက္ေနသည့္အတြက္ တသတ္ မတ္တည္းေရာင္းခ်ရန္ KIO က သတ္မွတ္လိုက္သည္။
ေျမျပင္တြင္ စက္သုံးဆီတစ္လီတာအား က်ပ္ ၄၀၀၀ မွ က်ပ္ ၆၅၀၀ အထိ တိုးျမင့္ေရာင္းခ်ေနၾကသည့္အတြက္ ေရာင္းသူ/ဝယ္သူ ႏွစ္ဦးႏွစ္ဖက္ မနစ္နာေရး ယခုကဲ့သို႔ သတ္မွတ္ရျခင္း ျဖစ္သည္ဟု လိုင္ဇာၿမိဳ႕ခံမ်ားႏွင့္ ဆီဆိုင္ ပိုင္ရွင္အခ်ိဳ႕က ေျပာသည္။
“အခုလိုအစိုးရက သတ္မွတ္ေပးေတာ့ ပိုအဆင္ေျပတာေပါ့။ သူတို႔က က်ေနာ္တို႔ကို ဝယ္ေဈးနဲ႔ ကုန္က်စရိတ္ တြက္ခ်က္ျပၿပီး သတ္မွတ္ေပးတာပါ။ ေရာင္းသူ ဝယ္သူ ႏွစ္ဦးႏွစ္ဖက္ မနစ္နာရေအာင္ေပါ့” ဟု လိုင္ဇာၿမိဳ႕က ဆီဆိုင္ဖြင့္ထားသူ တစ္ဦးက ေျပာသည္။
KIO က ေအာက္တိုဘာလ ၁၃ ရက္ေန႔ လိုင္ဇာၿမိဳ႕အတြင္းက ေဒသခံအခ်ိဳ႕၊ စက္သုံးဆီဆိုင္ေရာင္းခ်သူမ်ား၊ ၿမိဳ႕ ေတာ္ အုပ္ခ်ဳပ္ေရး႐ုံး၊ စည္ပင္သာယာ႐ုံးႏွင့္ မီးသတ္႐ုံးမွ တာဝန္ရွိသူမ်ား အစည္းအေဝးတစ္ရပ္က်င္းပၿပီး ယခု ကဲ့သို႔ သတ္မွတ္လိုက္ျခင္း ျဖစ္သည္။
ထိုအစည္အေဝးတြင္ လိုင္ဇာၿမိဳ႕ နယ္ေျမအတြင္းရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားအားလုံး ဓာတ္ဆီ တစ္လီတာ လွ်င္ တ႐ုတ္ေငြ ၁၀ ယြမ္ (သို႔) ျမန္မာေငြ ၃၀၀၀ က်ပ္ျဖင့္သာ ေရာင္းခ်ၾကရန္ သတ္မွတ္လိုက္သည္ဟု အစည္း အေဝးသြားတက္သူမ်ားက ေျပာသည္။
ေအာက္တိုဘာလ ဒုတိယအပတ္အတြင္း ဆီေစ်းအဆမတန္ျမင့္တက္လာခဲ့ျခင္းျဖစ္သည္။ ေအာက္တိုဘာလ ဒုတိယအပတ္မတိုင္ခင္က ဓါတ္ဆီတစ္လီတာကို က်ပ္ ၂၅၀၀ ခန႔္ျဖင့္ ေရာင္းခ်ေနရာမွ က်ပ္ ၄၀၀၀ မွ က်ပ္ ၆၅၀၀ ခန႔္အထိ ျမင့္တက္သြားျခင္းျဖစ္သည္။
ယခုကဲ့သို႔ သတ္မွတ္ေပးရျခင္းမွာ စက္သုံးဆီအေရာင္းဆိုင္ အခ်ိဳ႕တြင္ စက္သုံးဆီမ်ား ျပတ္လပ္လာျခင္းႏွင့္ နယ္ စပ္တေလွ်ာက္တြင္ တ႐ုတ္-ျမန္မာေငြလဲလွယ္ႏႈန္းမတည္ၿငိမ္ျခင္းတို႔ေၾကာင့္ ဆီကုန္သည္မ်ားသည္ စက္သုံးဆီ ေဈးႏႈန္းကို အဆမတန္ ျမင့္တင္ေရာင္းခ်လာျခင္းေၾကာင့္ ျဖစ္သည္ဟု သိရသည္။
တ႐ုတ္ႏိုင္ငံဘက္အျခမ္းမွ လိုင္ဇာၿမိဳ႕ဘက္ျခမ္းက ကိုဗစ္-၁၉ ေရာဂါကူးစက္ေနမႈမ်ားေၾကာင့္ ေမလကစတင္၍ နယ္စပ္တေၾကာ လုံၿခဳံေရးပိုမိုတင္းၾကပ္လိုက္သည့္အတြက္ ကုန္သြယ္ေရးပိုင္း ပိုမိုခက္ခဲလာသည္ဟု ကုန္သည္ မ်ားႏွင့္ ဆီလုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။
လိုင္ဇာၿမိဳ႕တြင္ စက္သုံးဆီ အေရာင္းဆိုင္အမ်ားစုတြင္ ဓာတ္ဆီ၊ ဒီဇယ္မ်ား ျပတ္လပ္ေနသည္မွာ ႏွစ္ပတ္ေက်ာ္ ခန႔္ရွိၿပီျဖစ္ၿပီး စက္တင္ဘာလကုန္ပိုင္းအခ်ိန္မွစတင္၍ အခ်ိဳ႕ဆီဆိုင္မ်ား အေရာင္းရပ္နားထားၾကကာ အခ်ိဳ႕ဆိုင္ မ်ားက ခြဲတန္းျဖင့္သာ ေရာင္းခ်ေပးေနသည္ဟု လိုင္ဇာေဒသခံမ်ားက ေျပာသည္။
ဆီဆိုင္မ်ားက ဂါလံမ်ားျဖင့္ မေရာင္းၾကေပးေတာ့ဘဲ ေရသန႔္ဗူး အခ်ိဳရည္ဗူးမ်ားျဖင့္သာ ခြဲတန္းျဖင့္ အနည္းငယ္ စီ ေရာင္းခ်ေပးေနသည္ဟု ဆိုၾကသည္။
လိုင္ဇာၿမိဳ႕က ေဒသခံအမ်ိဳးသမီးတစ္ဦးက “အခုဆိုရင္ တစ္ေနရာရာသြားဖို႔ေတာင္ ေတာ္ေတာ္စဥ္းစားေနရ တယ္။ ဆိုင္ကယ္မွာ ရွိေနတဲ့ ဆီနဲ႔ ေရာက္ေကာ ေရာက္ပါ့မလား ဆိုၿပီးမွေပါ့။ ဝယ္ထည့္ဖို႔ကလည္း ေဈးႀကီး တယ္။ ဒီမနက္ ဆိုင္ကယ္ဆီ သြားထည့္တာ ၂ လီတာ ေက်ာ္ေလာက္လဲရွိမယ္။ ေရသန႔္ဗူးႀကီး ႏွစ္ဗူးကို ၁၀၀၀၀ ေပးခဲ့ရ တယ္” ဟု ေျပာသည္။
ယခုႏွစ္ ေမလ ခန႔္တြင္ လိုင္ဇာၿမိဳ႕တြင္း COVID-19 ေရာဂါ ကူးစက္မႈမ်ား ရွိလာသည့္ေနာက္ပိုင္းမွစတင္၍ ေရာဂါ ကာကြယ္ေရး အေျခအေနေၾကာင့္ဟုဆိုကာ တ႐ုတ္ႏိုင္ငံဘက္ျခမ္း၊ နယ္စပ္ဂိတ္ ျဖတ္ေက်ာ္ခြင့္ပိတ္ ထားျခင္း ေၾကာင့္ စက္သုံးဆီကားမ်ား ဝင္ေရာက္ႏိုင္ျခင္းမရွိျခင္းေတာ့ပဲ ယခုကဲ့သို႔ ဆီျပတ္လပ္မႈျပႆနာ၊ ဆီေစ်းအဆ မတန္ျမင့္တက္လာရျခင္း ျဖစ္သည္ဟု လိုင္ဇာၿမိဳ႕ရွိ ဆီဆိုင္ပိုင္ရွင္အခ်ိဳ႕က ေျပာသည္။
လိုင္ဇာၿမိဳ႕တြင္ စက္သုံးဆီ အေရာင္းဆိုင္ႀကီး ၆ ဆိုင္ ရွိၿပီး ယခုကဲ့သို႔ KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း ေလာင္စာ ဆီ ျပတ္လပ္မႈကို ႀကဳံေတြ႕ရျခင္းသည္ ပထမဆုံးအႀကိမ္ျဖစ္သည္။
ထို႔အျပင္ အာဏာသိမ္းမႈ ေနာက္ပိုင္း KIO ထိန္းခ်ဳပ္နယ္ေျမ နယ္စပ္ေဒသတစ္ေလ်ာက္တြင္ တ႐ုတ္ေငြေဈး ျမင့္ တက္မႈေၾကာင့္ ကုန္ေဈးႏႈန္းမ်ားလည္း မၾကာခဏ ေျပာင္းလဲ ျမင့္တက္လွ်က္ရွိသည္။