ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၅)
ဒီတပတ်ရဲ့ “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ်ကနေ စစ်ကောင်စီတပ်ရဲ့ အာဏာသိမ်းပြီး နောက် ဒီနေ့ အချိန်ထိ ဆက်ပြီးတော့ ဘယ်လိုပုံစံမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလဲ၊ ပြည် တွင်းစစ်မီး က ဘာ့ကြောင့် ဒီနေ့အချိန်ထိ ဖြစ်နေရတာလဲ စတဲ့ အကြောင်းအရာတွေအပြင် ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရော ဘယ်လိုပုံစံမျိုး ချိုးဖောက်နေလဲဆိုတဲ့ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ရဲ့ ထောက်ပြချက်၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဘာတွေတောင်းဆိုထားသလဲ။ စတာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။