ညောင်လေးပင်ခရိုင်တွင် နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်နေ

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က တပ်အင်အား ပိုမိုဖြည့်တင်းလာသည့်အတွက် ဇွန်လအတွင်းမှစတင်ကာ KNU နှင့် စစ်ကောင်စီတပ်တို့အကြား နေ့တိုင်း နီးပါး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။