မိုင်းနန်းကျေးရွာရောက် စစ်ဘေးရှောင်တွေ အကူအညီလိုအပ်
ရှမ်းပြည်တောင်းပိုင်း လဲချားမြို့နယ် နောင်လိုင်ကျေးရွာကနေ ကျေးသီးမြို့နယ်၊ မိုင်းနန်းကျေးရွာကို ထွက်ပြေးရောက်ရှိနေတဲ့ တအာင်း စစ်ဘေးရှောင်ပြည်သူ ၂၀၀ နီးပါးဟာ တစ်လကျော်ကြာလာတဲ့အထိ နေရပ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။