ဩဂုတ်လ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၃၃၃ ယောက်သေ၊ ၂၆၁ ဒဏ်ရာရဟု KNU ဆို
ဩဂုတ်လအတွင်း နေ့တိုင်းနီးပါး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပြောက်ကျားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲပေါင်း (၂၆၂) ကြိမ် ဖြစ်ပွားခဲ့တဲ့ထဲမှာတော့ စစ်ကောင်စီဘက်က ၃၃၃ ယောက်သေဆုံးပြီး၊ ၂၆၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ KNLA ၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၄ ယောက်ကျဆုံးပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။