ရှမ်းနီ ပြည်သူ့စစ် ခေါင်းဆောင် သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားကျေးရွာတွင် ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ပစ်သတ်ခံလိုက်ရ သည် ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ (ယနေ့)၊ နံနက် ၇ နာရီကျော် အချိန်ခန့်က ပစ်သတ်ခံလိုက်ရသူမှာ ရှမ်းနီ ပြည်သူ့ စစ်ခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ဦးထွန်းထွန်းဦး ဆိုသူ ဖြစ်သည်ဟု သိရသည်။
“သူက ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ်။ ရှမ်းနီအဖွဲ့ကပါ။ ဟုတ်တယ် ဒီမှာ သူက ရှမ်းနီမှာ အကြီးဆုံး ပဲ၊ တချို့ဆို ဒီရှမ်းနီဒူဝါလို့တောင် ခေါ်ကြတယ်။ အခုတော့ အသတ်ခံလိုက်ရပြီ။ ဒီနေ့မနက်ပိုင်းမှာ ပစ်သတ်ခံ လိုက်ရတာ။ ဒီအိမ်ကိုပြန်လာတဲ့အချိန် အပေါက်ဝမှာ လူနှစ်ယောက်က လာပစ်သွားတာလို့ ပြောတယ်။ ကျနော် တို့က အခုအိမ်မှာပဲ။ စစ်သားတွေက စစ်ဆေးတာတွေလုပ်နေတော့ ရွာသားတွေက အပြင်မထွက်ကြဘူး” ဟု ဒေသခံ ရွာ သားတစ်ဦးက ပြောသည်။
ဆိုင်ကယ်နှင့် ရောက်လာသည့် အမည်မသိ လူနှစ်ဦးက ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးကို သေ နတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ထိုသို့ ပစ်ခတ်ခံခဲ့ရသည့်အတွက် နေရာတွင်ပင်ပွဲချင်းပြီး သေ ဆုံးသွားသည်ဟု ဒေသခံ ရွာသားများ က ပြောသည်။
ဦးထွန်းထွန်းဦး ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန အနေ ဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။
ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် ကျေးရွာအတွင်း စစ်သားများရောက်ရှိ လာ ပြီး သေနတ်များ ပစ်ဖောက်ခြင်း၊ ခြိမ်းခြောက်ဆဲဆိုခြင်းနှင့် လမ်းသွားလမ်းလာများကိုပါ တားဆီးစစ်ဆေး နေ သည့်အတွက် ရွာသားများက စိုးရိမ်နေကြသည်။
ထို့အပြင် နန့်ယား စစ်တပ်ကုန်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ကျေးရွာ အတွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်သည်ဟု ဆိုသည်။
ယခုနှစ် ဇွန်လ တတိယပတ်တွင်လည်း ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ က ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ကော် မတီ နာယက ဦးသန်းဖေကို အမည်မသိလူတစ်စုက ပစ်သတ်သွားခဲ့သည်။
ယနေ့ ပစ်သတ်ခံရသည့် ဦးထွန်းထွန်းဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တာဝန်ထမ်းဆောင်နေသည်မှာ ၄ နှစ် ခန့် ရှိပြီဟု သိရသည်။
၂၀၁၆ ခုနှစ်တုန်းကလည်း ဖားကန့်မြို့နယ် နန့်ယားကျေးရွာက ရှမ်းနီပြည်သူ့စစ် ခေါင်းဆောင် ဦးမျိုးမင်းထွန်း ဆို သူကိုလည်း ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ယောက်က လာရောက် ပစ်သတ်သွားခဲ့သေးသည်။
နန့်ယားကျေးရွာက ရှမ်းနီပြည်သူ့စစ်အဖွဲ့သည် ယခင်စစ်အစိုးရလက်ထက်ကတည်းက ဒေသအတွင်း မူးယစ် ဆေး ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ခဲ့ပြီး စစ်တပ်ကိုယ်တိုင်က အကာအကွယ်ပေးထားသည့် ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။