ကုန်းသာရွာ ပြန်လည် တည်ဆောက်ရန် TNLA က လူထုနှင့် ပူးပေါင်း၍ ကော်မတီဖွဲ့စည်း
လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ရှမ်းမြောက်၊ နမ့်ဆန် မြို့နယ်ထဲမှာရှိတဲ့ ကုန်းသာကျေးရွာကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကော်မတီ တစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောပါတယ်။