စစ်ကောင်စီနှင့် ပူးပေါင်းတဲ့ အဖွဲ့တွေကို တိုက်ခိုက်သွားမယ်လို့ ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေ ပြော
စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေက ပြောဆိုလိုက်ပါတယ်။ အဓိကကတော့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ကို ရည်ညွှန်းတာလည်းဖြစ်ပါတယ်။