တပ်မတော်သားများ လက်နက်အပ် အလင်းဝင်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖိတ်ခေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။
စစ်ရေးရည်မှန်းချက်များကို ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် တပ်မတော် သားများအနေဖြင့် လက်နက်အပ်ပြီး အလင်းဝင်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသိပေး နှိုးဆော်လိုက်သည်။
၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် လက်နက်အပ်ပြီး အလင်း ဝင်လာသူများကို ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်းနှိပ်စက်မှုများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ဖော်ပြထား သည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီး လ ကလည်း စစ်ကောင်စီ အောက်က လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် စစ်ခေါင်းဆောင်၏ ဖျားယောင်း မှု အောက်ကနေ အချိန်မှီ ရုန်းထွက်လာကြရန် အောက်တိုဘာလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ၃၄ ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေး အဖွင့်မိန်ခွန်းတွင် ပြောကြားသွားခဲ့သည်။
“မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ် ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက် ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် PDFs များထံ လက်နက်ချ လာရောက် ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်။”
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကနေ လက်ရှိအချိန်အထိ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ က ပြောသည်။
ထို့အပြင် လက်နက်အပ်ပြီး အလင်းဝင်လာကြမည့် စစ်သားများ၏ အသက်အန္တရာယ် လုံခြုံရေး ကိုလည်း အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ် သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အပြင် မိသားစု ဆွေးမျိုးများနှင့် အမြန် ဆုံး ပြန်လည် ပေါင်း စည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်သည်ဟု ဆိုသည်။။
လမ်းခရီးအတွက် လိုအပ်မည့် ခရီးစရိတ်များကိုလည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည့်အပြင် နာမ ကျန်းဖြစ်သည့်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဟု ညီ နောင် မဟာမိတ် ၃ ဖွဲ့ က ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များဆီ သွားရောက်ပူးပေါင်းကြရန် NUG ယာယီသမ္မတက တိုက်တွန်းထားသကဲ့သို့ ၁၀၂၇ စစ်ဆင်ရေး ကို စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ အောက်မြင်မှုကို အသိအမှတ်ပြုပြီး တသားတည်း ရပ်တည်နေသည်ဟု ပြောသည်။
“အခုချိန်မှာ ကျနော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက ‘၁၀၂၇ စစ်ဆင်ရေးကြီး’ ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ Operation 1027 ရက်တို ကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်နော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။ တိုက်ပွဲ ဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ် တည်နေသလို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်း ရပ်တည်နေပါ ကြောင်း အလေးထား ပြောကြားလိုပါတယ်။”
ထို့အပြင် တော်လှန်ရေးနှင့် ပတ်သက်ပြီး လူထုများ၏ မျှော်လင့်ချက်နှင့် စိတ်အားတက်ကြွမှုများသည် စစ်ရေး စွမ်းဆောင်မှုများ အပေါ်မှာ အများကြီး မူတည်နေသည့်အတွက် မဟာမိတ်ဆက်ဆံရေးကို ယခုထက် အား ကောင်း ခိုင်မာစေရန်အတွက်နှင့် နိုင်ငံတဝန်းတွင် မဟာဗျူဟာကျကျ ဟန်ချက် ညီညီနှင့် အားထုတ်သွားရမည် ဖြစ်သည်ဟု NUG ယာယီသမ္မတက ပြောသည်။
Photo – Crd