နန်းယွန်းမြို့နယ်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်တွင် 2G ဖုန်းလိုင်းများ ထပ်မံ ဖြတ်တောက်ခံထားရသည်ဟု ဒေသခံများက ပြောသည်။

နာဂဒေသ၊ နန်းယွန်းမြို့နယ်တွင် 2G ဖုန်းလိုင်းများ ပျက်နေသည့်မှာ တပတ်ကျော်ရှိလာပြီ ဖြစ်ပြီး ဒေသအတွင်း သတင်းအမှားများ စီးဆင်းပြန့်နှံလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“အခုတော့ သတင်းက အင်တာနက်လည်း မရ ဖုန်းလိုင်းတွေပါ မရတော့ဘူးဆိုတော့ ပိုပြီးတော့မှတော့ သတင်း အမှားပြန့်ဖို့တော့ ပိုလွယ်သွားတာပေါ့။ သတင်းမှား တစ်ခုခုပြန့်လာပြီ ဆိုရင်လည်း ဒါကို အတည်ပြုဖို့ အတွက် က ဘာမှ Network မှလည်းမရှိ ဖုန်းလိုင်းလည်း မရှိတဲ့အခါကြတော့ ဟုတ်သလား မဟုတ်ဘူးလား ဆိုတာ စမ်းစစ်ဖို့ ခက်ခဲသွားတာပေါ့။ လောလောဆယ်တော့ သတင်းအမှား ပြန့်နေတာမျိုးတွေတော့ သိပ်တော့ မကြား ရသေးဘူး” ဟု နန်းယွန်းဒေသခံတစ်ဦးကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နာဂဒေသများဖြင့်သည့် နန်းယွန်းမြို့နယ်နှင့် လေရှီးမြို့နယ်တို့တွင် အင်တာ နက်လိုင်း နှင့် ဖုန်းလိုင်းများ ဖျက်တောက်ထားခဲ့ပြီး 2G ဖုန်းလိုင်းသာ ရရှိနေရာမှ ယခု နိုဝင်ဘာလ တတိပတ်က စတင်၍ အဆိုပါ 2G ဖုန်းလိုင်းပါ ထပ်မံ ဖြတ်တောက်ခံလိုက်ရခြင်း ဖြစ်သည်။

နာဂဒေသ၊ နန်းယွန်းမြို့နယ်သည် ကချင်ပြည်နယ်နှင့် နီးစပ်သည့် ဒေသဖြစ်၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အား ကချင်ပြည်နယ် တနိုင်းမြို့နယ်တို့မှ ချိတ်ဆက်ထားခြင်း ဖြစ်သည်။ တနိုင်းဒေသ၌လည်း ယခု ရက်တစ်ပတ် အတွင်း MPT၊ Ooredoo၊ Mytel စသည့် ဖုန်းလိုင်းများ ပျက်နေသည်ဟု ဒေသခံများက ပြောသည်။

တနိုင်းဒေသခံ တစ်ဦးက “ဘာကြောင့်ပျက်တယ်ဆိုတာ ဘာမှမသိရဘူး။ ရှေ့ရက်က လိုင်းက ပေါ်လိုက် ပျောက် လိုက်တော့ဖြစ်တယ်။ အခုက တစ်ခါတည်းပျောက်သွားတာ။ ကျနော်ထင်တာကတော့ ဒီနန်းယွန်းကိုရော ဒီတနိုင်း ဘက်ကိုပါ ကချင်ပြည်နယ်ဘက်က လာတာကို ဒီလိုင်းတွေက အဲ့ဘက်မှာလည်း ပျက်တယ်လို့ပြော တယ်။ လိုင်းတွေက မြစ်ကြီးနားဘက်ပျက် ပြီးတော့ တနိုင်းပါပျက် အဲ့ဒါကြောင့် အကုန်လုံးမှာ ပျက်တယ်လို့ တော့ ထင်တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင်လည်း အင်တာနက် Wifi များ ပြတ်တောက်နေသည်မှာ ရက် ၂၀ နီးပါး ရှိလာပြီဖြစ်သည်။

သို့သော် မြို့တော် မြစ်ကြီးနားတွင် ATOM Myanmar ဖုန်းလိုင်းမှ အင်တာနက် Data ရရှိနေသေးသည်ဟု မြို့ခံများက ပြောသည်။

ကချင်ပြည်နယ်နှင့် နာဂဒေသအတွင်း ဖုန်းလိုင်းများ ပျက်နေမှုနှင့် ပတ်သတ်၍ တနိုင်းမြို့နယ်ရှိ MPT တာဝါတိုင် ဝန်ထမ်းတစ်ဦးအား မေးကြည့်ရာ “ထီးချိုင့်က ဖုန်းကြိုးတွေပျက်လို့ ကချင်ပြည်နယ်တစ်ခုလုံး ပျက်တာ။ ဘာမှ အစိုးရဖျက်တာ မဟုတ်ဘူး။ အခုတော့ ပြင်တော့ပြင်နေပြီး ဘယ်ချိန်ရမယ် ဆိုတာတော့ ပြောလို့မရဘူး” ဟု ပြောသည်။

ဖုန်းလိုင်းများ ပျက်တောက်သွား၍ နန်းယွန်းမြို့နယ်တွင် ဆက်သွယ်ရေး ပိုခက်ခဲသွားရာ လက်ရှိတွင် CDMA Sim ဖြင့်သာ ဆက်သွယ်ရေးအတွက် သုံးနေရကြောင်း နန်းယွန်းဒေသခံက ဆက်ပြောသည်။

“ဒီဘက်ကတော့တော့ ဖုန်းလိုင်းတွေပါ မရတော့ဘူး ဆိုတော့လည်း ဆက်သွယ်ရေးက အများကြီး ခက်ခဲသွား တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အလွယ်တကူ ဆက်သွယ်ပြောဆိုလို့ ရတဲ့မျိုးဆိုလည်း အခုက ကိုယ်တိုင် ဆိုင်ကယ်နဲ့သွားပြီးမှ သွားတွေ့သွားပြော အဲလိုမျိုးဖြစ်လာတာပေါ့လေ။ အခုဒီမှာ CDMA လိုင်းကလေး နည်း နည်းရသေးလို့ နယ်တွေမှာကျတော့ နဂိုကတည်းက GSM ကမရဘူး။ CDMA ကလည်း လူတိုင်းမှာက မရှိဘူး လေး။ CDMA ကလည်း တက်လိုက်ကျလိုက်ဘဲ ရာသီဥတုပေါ် မူတည်ပြီးတော့မှ ရာသီဥတု မကောင်းရင် လိုင်း မကောင်းဘူး။ ရာသီဥတုကောင်းမှ ကောင်းတယ်” ဟု ပြောသည်။

နာဂဒေသသည် စစ်အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများ ဖျက်ထားခံရပြီး ယနေ့အချိန်ထိ မရသေးသ လို MPT ဆက်သွယ်ရေး အော်ပရေတာက ရရှိနေသည့် 2G လိုင်းဖြင့်သာ ဆက်သွယ်နေရပြီး လမ်းပန်းဆက် သွယ်ရေးလည်း အလွန်ခက်ခဲသည့် ဒေသဖြစ်သည်။

သို့သော် နိုဝင်ဘာလ တတိယပတ်မှစတင်၍ အဆိုပါ MPT ဆက်သွယ်ရေး အော်ပရေတာက ရရှိနေသည့် 2G လိုင်းပါ ပြတ်တောက်သွားသောကြောင့် သတင်းအချက်အလက်ရယူပိုင်ခွင့်များ ဆုံးရှုံးနေသည့်အပြင် နေ့စဉ် လူနေမှုဘဝအတွက် အရေးကြီးသည့် တစ်ဦးနှင့်တစ်ဦးကြား ဆက်သွယ်ရေးပိုင်းပါကိုပါ ဆုံးရှုံးနေကြရသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ – CDMA ဖုန်းတာဝါတိုင်