ကရင်နီမှာ စစ်ရှောင်၊ ထိုင်းမှာ ရွှေ့ပြောင်းလုပ်သား

ကရင်နီပြည်နယ်သည် စစ်အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ် အားလုံးထဲတွင် အစောဆုံး လက်နက်ကိုင်ခုခံတော်လှန်ခဲ့သော ပြည်နယ်တစ်ခုဖြစ်သည်။  ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF သည် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရာတွင်မူ အင်အားအကောင်းဆုံးတပ်ဖွဲ့တခုဖြစ်လာနေပြီဖြစ်သည်။  

ကရင်နီလူငယ်၊ လူရွယ်အများစုသည် KNDF တပ်ဖွဲ့ဝင်များဖြစ်ကြလာသလို တချို့မှာ ပြည်နယ်အတွင်း စစ်မီးကျယ်ပြန့်လာ၍ ထိုင်းနိုင်ငံသို့  ရွှေ့ပြောင်းလုပ်သားများအဖြစ် ထွက်ပြေးတိမ်းရှောင်ရကြသည်။  

ထိုသို့ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ ရရာအလုပ် လုပ်ကိုင်နေကြရသော ကရင်နီစစ်ဘေးရှောင်များ၏ အခက်အခဲ၊ စိန်ခေါ်မှုများကို မေးမြန်းတင်ဆက်ထားပါသည်။