ကော်သူးလေ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပြင်ပစွက်ဖက်မှုမပါပဲ ထူထောင်မည်ဟု ကေအဲန်ယူ ဥက္ကဌ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
ကော်သူးလေပြည်နယ် တည်ထောင်ရန်အတွက် မည်သည့်အဖွဲ့အစည်း မည်သည့်အာဏာရှင်မှ ဝင်ရောက်စွတ်
ဖက်၍မရသော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို စတင်လုပ်ဆောင်တော့မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုလိုက်သည်။
KNU အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခဲ့သည် မှာ ယနေ့အချိန်ထိ ဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲများကြောင့် ဒီမိုကရေစီ အဖွဲ့အစည်းများ၊ လူထုလူငယ် အဖွဲ့ အစည်းများနှင့်အတူ စစ်ရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍများ၌လည်း အတူတကွ ပူးပေါင်းလုပ်ဆောင်နေသည်ဟု KNU ဥက္ကဋ္ဌ က ပြောသည်။
ထိုသို့ လုပ်ဆောင်နေမှု၏ အခြားတစ်ဖက်တွင် ကော်သူးလေပြည်နယ် တည်ထောင်ရန် လုပ်ဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
“အခြား လုပ်ငန်းစဉ် တစ်ခုကတော့ ကော်သူးလေတည်ထောင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ကာလတွေတုန်းက နိုင်ငံ ရေးအရ တွေ့ဆုံဆွေး နွေးမှုတွေနဲ့ ကြိုးစားပြီး လုပ်ဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကရင်ပြည် ကော်သူး လေကို အောက်ခြေမှတဆင့် တည်ဆောက်ဖို့၊ ဆိုရရင် ကျနော်တို့ အုပ်ချုပ်နေတဲ့ နယ်မြေဒေသတွေမှာ ကျနော် တို့ ဩဇာအာဏာ ထူထောင်မယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ထူထောင်မယ်။ ပြီးရင် ပြည်ထောင်စုကို ဆက်ပြီး တည်ဆောက်သွားမယ်။”
ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီဇင်ဘာလ တတိယပတ်အတွင်း ကရင် ဘာသာနှင့် ပြည်သူလူထုအား ပြောကြားခဲ့သော သတင်းစကားထဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်သော ဒေသများတွင် ပြင်ပက ဝင်ရောက် စွတ်ဖက်၍ မရသော
ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အုပ်ချုပ်ရေးစနစ်ကို ထူထောင်ပြီး ထိုမှတစ်ဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဆက်ပြီး တည်ဆောက်သွားမည်ဟု ဆိုသည်။
KNU အနေ့ဖြင့် ဆက်လက်လုပ်ဆောင်သွားမည့် လူထုဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍လည်း ပဒိုစောကွယ်ထူးဝင်းက ယခုကဲ့သို့ ဆက်ပြောသည်။
“တချိန်တည်းမှာပဲ ကရင်အမျိုးသား အစည်းအရုံးရဲ့ လက်ရှိကာလလိုဖြစ်စေ၊ အရင်က အကျပ်အတည်းကြုံ ခဲ့ရ တဲ့ ကာလလိုဖြစ်စေ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုတွေ၊ ပြည်သူ့ဝန်ဆောင်မှု တွေ ကို ပိုမိုကောင်းမွန်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ၊ ပြည်သူကို အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေ အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ကျနော်တို့ လိုအပ်ပါတယ်။ တချိန်းတည်းမှာပဲ ကျ နော်တို့ လူထု တွေကိုလည်း ကိုယ့်ရဲ့ ကျရာကဏ္ဍတွေမှာ လိုအပ်တဲ့ အရာတွေကို အားပေးကူညီလုပ် ဆောင်ပေး ဖို့ရာလည်း အရေးကြီး ပါတယ်။”
ထို့အပြင် လက်ရှိ တော်လှန်ရေးမှာ ကရင်တော်လှန်ရေးဟု ပြောပြော၊ ဗမာပြည်သူများ၏ တော်လှန်လှုပ်ရှား မှုများဟု ဆိုဆို မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေခြင်းက အဖွဲ့အစည်းများ ၏ တော်လှန်ရေး မဟုတ်ဘဲ တတိုင်းပြည်လုံး၊ လူမျိုးတိုင်း၏ တော်လှန်ရေး ဖြစ်သည့်အတွက် ပြည်သူများ ပူး ပေါင်းပါဝင်ကြရန် KNU ဥက္ကဋ္ဌက တိုက်တွန်းထားသည်။
ဓါတ်ပုံ – KNU