တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၂ – ၂ – ၂၄ )
ကချင်ပြည် ဖားကန့်မြို့နယ်မှာရှိတဲ့ မအူပင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီး မြို့နယ်ခွဲမှာ ပအိုဝ်းပြည်သူ့စစ်(PNA)က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ တော် (PNLA)ရဲ့ နာမည်ကို အလွှဲသုံးစားလုပ်ပြီး လူသစ်စုဆောင်းနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ အရပ်သား တွေအတွက် စစ်ကောင်စီမှာ တာဝန်ရှိပြီး တရားမျှတမှုရရှိအောင် လုပ်ဆောင် သွားမယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိ သူတွေက ပြောဆိုလိုက်ပါတယ်။