တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (၁၉ – ၂ – ၂၄)
တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ NMSP( စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပုသိမ်တက္ကသိုလ်၊ ကောလိပ်နဲ့ နည်းပညာတက္ကသိုလ် ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေကို လိုအပ်ရင် စစ်မှုထမ်းရမယ်လို့ ပြောဆိုသွားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မြောက်ဘက်တစ်နေရာမှာ ပအိုဝ်းပြည်သူ့စစ်(PNA)၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။