လမ်းဘေးခွေး ဖမ်းဆီးမှု ဆန့်ကျင် ဆန္ဒပြသူများ ဖမ်းဆီးခံရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်။
အိန္ဒိယနိုင်ငံက ဆန္ဒပြပွဲ တစ်ခုတွင် ဆန္ဒပြသူများကို ဒါဇင်နှင့် ချီပြီး ထိန်းသိမ်းလိုက်သည်။
ဆန္ဒပြပွဲတွင် လူများကို ထိန်းသိမ်းသည်မှာ မထူးဆန်းသော်လည်း ယခု ဆန္ဒပြပွဲ ပြုလုပ်သည့် အကြောင်းရင်းက ထူးခြားသည်။
အိန္ဒိယနိုင်ငံ တရားရုံးချုပ်က မြို့တော် နယူးဒေလီ အာဏာပိုင်များကို တနင်္လာနေ့က အမိန့်တစ်ခု ချမှတ် လိုက် သည်။
မြို့တော် နယူးဒေလီရှိ ဘေးအန္တရာယ် မြင့်မားသည်ဟု တရားရုံးက သတ်မှတ်ထားသည့် နေရာများမှ လမ်းဘေး ခွေး အကောင်ရေ ၅၀၀၀ ကို ဖမ်းဆီးပြီး သားကြောဖြတ်ကာ အမိုးအကာအောက် ရွှေ့ပြောင်းရန် အမိန့် ဖြစ်သည်။
နယူးဒေလီတွင် နေ့စဉ် ခွေးကိုက်မှု အကြိမ်ရေ ၂၀၀၀ နီးပါး ဖြစ်ပွားနေသည် ဆိုသော ဆေးရုံမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက်တွင် တရားရုံး အမိန့်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူများက တရားရုံး အမိန့်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြတဲ့သူများက ခွေးများကို ဝိုင်းပတ်ဖမ်း ခြင်း၊ သင်းကွပ်ခြင်း၊ လူမဆန်သော နေရာများတွင် ထိန်းသိမ်းခြင်း စသော လုပ်ငန်းများထက် အစိုးရတွင် လုပ်ဆောင်ရန် အရေးကြီးသော လုပ်ငန်းများရှိသည်ဟု ဆိုကြသည်။
အစိုးရအနေနှင့် တိရစ္ဆာန် မွေးဖွားမှု ထိန်းချုပ်ရေး စည်းမျဉ်းများကို အတိအကျလိုက်နာရန် အကြံပြုကြသည်။
ဆိုလိုသည်မှာ လမ်းဘေးခွေးများကို ဖမ်းသည့်အခါ ပြန်မလွှတ်မီတင် သားကြောဖြတ်ပြီး ကာကွယ်ဆေးများ ထိုးပေးသင့်ကြောင်း အကြံပြုခြင်း ဖြစ်သည်။