အမေရိကန်နှင့် ဥရောပက ယူကရိန်း လုံခြုံရေးအတွက် ပူးတွဲ တာဝန်ယူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။ 

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက အိမ်ဖြူတော်ကို အနက်ရောင် ဝတ်စုံနှင့် ရောက်ရှိလာခဲ့သည်။ 

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇယ်လန်းစကီး ကားမှ ဆင်းသည်အထိ လာကြိုသည်။ 

ထို့နောက်တွင် သမ္မတ နှစ်ဦးနှင့် ဥရောပ သမဂ္ဂက ခေါင်းဆောင်များ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြသည်။ 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်တို့ ပါဝင်သော ဆွေးနွေးပွဲ တစ်ခု ဖြစ်လာတော့မည်ဟု ဆွေးနွေးပွဲ အပြီးတွင် အမေရိကန် သမ္မတက ပြောသည်။ 

ဥရောပနှင့် အမေရိကန် ပူးတွဲ၍ ယူကရိန်း၏ လုံခြုံရေးကို တာဝန်ယူသွားမည်ဟု အမေရိကန် သမ္မတက ပြောသည်။ 
တနင်္လာနေ့ ဆွေးနွေးပွဲ အပြီးတွင် ယူကရိန်းနှင့် အမေရိကန် ပြည်ထောင်စုအကြား ဒေါ်လာ ဘီလီယံ ၉၀ ဖိုး လက်နက်များ လွှဲပြောင်းမှု ဖြစ်လာမည်ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ပြောလိုက်သည်။ 

အဆိုပါ အမေရိကန် လက်နက်များသည် ယူကရိန်းတွင် မရှိခဲ့ဖူးသော လက်နက်များဖြစ်သည့် လေကြောင်း စနစ်များ၊ ဒုံကျည် တုန့်ပြန်ရေး စခန်းများနှင့် သမ္မတ ဇယ်လန်းစကီး ထုတ်မပြောချင်သေးသော ပစ္စည်းများ ပါဝင်မည်ဟု ယူကရိန်း သမ္မတက ပြောပါတယ်။