ဝန်ကြီးချုပ်ကို အပြစ်ရှိကြောင်း ထိုင်း တရားရုံး ဆုံးဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှီနာဝပ် (Paetontarn Shinawatra) ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နဲ့ စကားပြောရာမှာ အခြေခံ ဥပဒေကို ဖောက်ဖျက်ခဲ့မှုရှိခဲ့တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ပေထုန်တန် ဟာ ဝန်ကြီးချုပ် တာဝန်ကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။
တရားရုံးက ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဌ ဟွန်ဆန်နဲ့ စကားပြောရာမှာ ပေထုန်တန်က အမှတ်နှစ် တပ်မတော် တပ်မှူး ဗိုလ်ချုပ် ဘွန်းဆင် ပက်ကလန် (Boonsin Padklang) ဟာ သူ့ရဲ့ ဆန့်ကျင်ဘက် မှာ ရှိတယ်လို့ ပြောကြားခြင်းဟာ ထိုင်းပြည်တွင်း နိုင်ငံရေး အားနည်းချက်ကို ထုတ်ဖော်လိုက်တာ ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။
တရားရုံးက ဝန်ကြီးချုပ် အနေနဲ့ အတိအကျ ဖော်ပြခြင်းမရှိပဲ ဟွန်ဆင်ဘက်က တောင်းဆိုချက်တွေကို လိုက်လျောမယ်လို့ ပြောဆိုချက်ဟာလည်း “အမျိုးသားလုံခြုံရေး” ကို ထည့်သွင်းစဉ်းစားမှု မပြုပဲ နိုင်ငံ အကျိုးစီးပွားထက် သူ့ရဲ့ အကျိုးစီးပွားကို ရှေ့တန်း တင်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။