နျူစွမ်းအင် ထုတ်လုပ်ရေး တရုတ်ကို ရုရှားကူမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်။
နျူကလီးယား စွမ်းအင်ထုတ်လုပ်မှုမှာ အမေရိကားကို ကျော်သွားအောင် တရုတ်ကို ရုရှားက ကူညီသွားမည်ဟု ရုရှားနိုင်ငံတော် နျူကလီးယား ကော်ပိုရေးရှင်း တာဝန်ခံက ပြောလိုက်သည်။
ပီကင်းတွင် တွေ့ဆုံ ပြောကြားပြီးနောက်ပိုင်း ရုရှားအစိုးရပိုင် ရုပ်သံနှင့် ဗုဒ္ဓဟူးနေ့က မေးမြန်းခန်းတွင် Alexei Likhachev က ပြောလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်က တပ်ဆင်ထားပြီး နျူကလီးယား စွမ်းအင် ထုတ်လုပ်မှု ၉၇ ဂျီဂါဝပ် (GW) ရှိနေပြီး တရုတ်၏ လက်ရှိလည်ပတ်နေသော နျူကလီးယား စွမ်းအင် ထုတ်လုပ်နိုင်စွမ်းမှာ ၂၀၂၄ ခုနှစ် ဧပြီလတုန်းက 53.2. GW ရှိနေခဲ့သည်။
သို့သော်လည်း တရုတ်တွင် လက်ရှိ မထုတ်လုပ်နိုင်သေးပဲ တည်ဆောက်နေဆဲ စက်ရုံများက ဒါဇင်နဲ့ချီပြီး ရှိနေသည်ဟု ဆိုသည်။
ရုရှား နိုင်ငံတော် ရုပ်သံက မေးမြန်းမှုကို ဖြေကြားရာတွင် Alexei Likhachev က လက်ရှိတွင်လည်း ရုရှားအနေနှင့် တရုတ်ကို အကူအညီပေးနေပြီး ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ရုရှားက တရုတ်နိုင်ငံတွင် နျူကလီးယား စွမ်းအင်ထုတ် စက်ရုံ ၄ ရုံကို ကူညီတည်ဆောက်ခဲ့ပြီး လတ်တလောတွင်လည်း နောက်ထပ် စက်ရုံ ၄ ခုကို ဆောက်လုပ်ရာတွင် ကူညီနေသည်ဟု ပြောသည်။
တရုတ်အနေဖြင့် အမေရိကန်၏ နျူစွမ်းအင် ထုတ်လုပ်နိုင်စွမ်းကို ကျော်လွန်လိုပါက တနည်းပြောဆိုလျှင် တနှစ်ကို GigaWatt ၁၀၀ ကျော် ထုတ်လုပ်နိုင်ရန် ယူရေနီယမ် နှင့် နျူကလီးယား စက်သုံးဆီ အများအပြား လိုအပ်မည် ဖြစ်သည်။