ရှမ်းမြောက်၊ ကျောက်မဲတွင် အရပ်သား ၂ ဦး မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် အရပ်သား ၂ ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တအာင်းတပ် (TNLA) က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျောက်မဲဒေသခံ အမျိုးသား ၂ ဦးသည် မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများအနက် တစ်ဦးမှာ အလောင်းပြာ သွားရောက်စွန့်ပစ်စဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး၊ နောက်တစ်ဦးမှာ သုသာန်ကွင်းပြင်တွင် နွားလိုက်ရှာရင်း မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
စက်တင်ဘာလအတွင်း ကျောက်မဲမြို့နယ်၌ ယခုကဲ့သို့ မြေမြုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးပြီး စက်တင် ဘာ ၂၁ ရက်နေ့ကလည်း အမျိုးသား ၂ ဦးသည် လမ်းမပေါ်ရှိ မိုင်းကို နင်းမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။