မောင်တောတွင် အရိုးစုသာ ကျန်တော့သည့် အရပ်သားအလောင်း ၆ လောင်း တွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်။
ရခိုင်ပြည်၊ မောင်တောမြို့နယ်ထဲတွင် အရိုးစုများသာ ကျန်တော့သည့် အရပ်သားအလောင်း ၆ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။
AA တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က မောင်တောမြို့နယ်၊ အထက် အင်းချောင်းကျေးရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေစဉ် အရပ်သားများ၏ အလောင်းများကို နေရာ လေးခုတွင် ခွဲခြားတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အလောင်းများသည် အထက်အင်းချောင်းရွာအနီး ငှက်ပျောတောအုပ်ထဲမှ တွေ့ရှိခဲ့ခြင်း ဖြစ် ကြောင်း AA က ပြောသည်။
ကနဦးခန့်မှန်းချက်များအရ တွေ့ရှိရသည့် အလောင်းများသည် မောင်တောနယ်စပ် တမန်းသား ကျေးရွာနှင့် ဒုံးညိုကျေးရွာတို့မှ ပျောက်ဆုံးနေသော ရွာသားများ ဖြစ်နိုင်သည်ဟု ဆိုသည်။
အဆိုပါဒေသမှ လူပျောက်တိုင်ကြားမှု ၁၀ ဦးခန့် ရှိထားကြောင်းလည်း သိရသည်။
AA က ARSA အဖွဲ့သည် မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ရှိ AA ၏ တပ်စခန်းနှစ်ခုကို သိမ်း ပိုက်ရန် လုပ်ဆောင်နေပြီး၊ ယင်းစခန်းများသို့ သွားရာလမ်းတစ်လျှောက် တွေ့သမျှ မူဆလင် မဟုတ် သော အရပ်သားများကို နှုတ်ပိတ်သည့်အနေဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သတိထားရန် ပြောဆိုထားသည်။