ဈေးချပေမယ့် လူတိုင်းမတတ်နိုင်သေးတဲ့ ကမ္ဘာ့ဖလား လက်မှတ်ဈေးနှုန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်လဘာလ ၁၇ ရက်။ 

 ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ လက်မှတ်ဈေးနှုန်းများမှာ အလွန်မြင့်မားနေသည်ဆိုသည့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အနိမ့်ဆုံးဈေးနှုန်း ဒေါ်လာ ၆၀ တန် လက်မှတ်အမျိုးအစားသစ်ကို ထည့်သွင်းပေးလိုက်သည်။ 

သို့သော်လည်း အဆိုပါ လက်မှတ်များကို လူတိုင်းဝယ်ယူခွင့်မရှိဘဲ ပါဝင်ကစားမည့် နိုင်ငံအသီးသီးမှ “သစ္စာရှိပရိသတ်များ” အတွက်သာ သီးသန့်ခွဲတမ်းဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ဤလက်မှတ်အမျိုးအစားမှာ နိုင်ငံတစ်နိုင်ငံချင်းစီရရှိသည့် လက်မှတ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ ရှိသဖြင့် အရေအတွက် အလွန်နည်းပါးနေသည်။ 

ထို့ကြောင့် ဘောလုံးဝါသနာရှင်များနှင့် ပရိသတ်အဖွဲ့အစည်းများက ယခုလုပ်ရပ်သည် ဝေဖန်မှုများကို လျှော့ချရန် ကြိုးပမ်းသည့် ဟန်ပြလုပ်ရပ်သာဖြစ်သည်ဟု ဆိုကြသည်။ 

ပရိသတ်တစ်ဦးအနေဖြင့် မိမိအသင်းနောက်သို့ ဗိုလ်လုပွဲအထိ လိုက်ပါအားပေးမည်ဆိုပါက အမေရိကန်ဒေါ်လာ ၆,၀၀၀ ခန့်အထိ ကုန်ကျမည့် အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိကြောင်း ဝေဖန်ထောက်ပြနေကြသည်။