FIFA က ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဖလား ပွဲစဉ်များ ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
ကမ္ဘာမှာ လူကြိုက်အများဆုံး အားကစားပွဲဖြစ်တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဖလား အမျိုးသားဘောလုံး ပြိုင်ပွဲ ပွဲစဉ်တွေကို ဒီဇင်ဘာ ၅ ရက်နေ့က ရေးဆွဲခဲ့ပါတယ်။
လာမယ့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာစတင်မယ့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲကို မက္ကစီကို၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံ ၃ နိုင်ငံပူးတွဲ ကျင်းပမှာ ပထမဆုံး အဖွင့်ပွဲတွေကိုတော့ မက္ကစီကို နိုင်ငံမှာ စတင်မှာပါ။
ပထမဆုံးပွဲက ဇွန်လ ၁၁ ရက်နေ့ ဂရင်းနစ် စံတော်ချိန် ၂၁း၀၀ နာရီ မြန်မာစံတော်ချိန်နဲ့ ဆိုရင် ဇွန်လ ၁၂ ရက် မနက် ၃နာရီ ခွဲမှာ စတင်မှာ ဖြစ်ပါတယ်။ မက္ကစီကိုစီးတီးမှာ ကျင်းပမယ့် အဲဒီပွဲကိုတော့ မက္ကစီကို အသင်းနဲ့ တောင်အာဖရိက အသင်းတို့ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
အသင်း ၄ သင်းစီပါတဲ့ အုပ်စု ၁၂ ခု မှာ အသင်းပေါင်း ၄၈ သင်း ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကိုက နေရာ ၁၆ ခုမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး နောက်ဆုံး ဖိုင်နယ်ပွဲကိုတော့ အမေရိကန် နိုင်ငံ နယူးယောက်မြို့ နယူးဂျာစီ အားကစားကွင်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၃ နာရီ (မြန်မာစံတော်ချိန်ကတော့ ဇူလိုင် ၂၀ ရက် မနက် ၂ နာရီ ခွဲ) မှာ ကစားသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ ဖလား အုပ်စု ခွဲတဲ့နေ့မှာတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က FIFA ငြိမ်းချမ်းရေး ဆု ဆိုတဲ့ ဆုအသစ်တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို ပေးခဲ့ပါတယ်။
ဘောလုံးပွဲစဉ်တွေကြေညာပြီးနောက်မှာတော့ ကမ္ဘာအနှံ့အပြားမှာ ကိုယ့်အသင်းပါတဲ့ ပွဲစဉ်တွေ ကြည့်နိုင်ဖို့ လေယာဉ်လက်မှတ် ဝယ်ယူမှု အများအပြား ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ ဖလား ပွဲစဉ်များကို အခု လင့်ခ်မှာ ကြည့်ရှု နိုင်ပါတယ်။