အမေရိကန်က နည်းပညာသုံးစွဲမှုနှင့် မဟာမိတ်များကို တာဝန်ပိုယူစေမည့် မဟာဗျူဟာကို သုံးစွဲမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။ 

အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ၂၀၂၆ ခုနှစ် အမျိုးသားကာကွယ်ရေးမဟာဗျူဟာ (National Defense Strategy) တွင် စစ်အင်အားတစ်ခုတည်းကိုသာမကဘဲ မဟာမိတ်ကွန်ရက်နှင့် နည်းပညာရပ်များကို ပေါင်းစပ်အသုံးပြု၍ ရန်သူကို ဟန့်တားမည့် ‘ပေါင်းစပ်ဟန့်တားခြင်း’ (Integrated Deterrence) မူဝါဒကို အဓိကကဏ္ဍမှ ထည့်သွင်းထားကြောင်းမည်ဟု ထုတ်ပြန်သည်။ 

အမေရိကန်သည် ကမ္ဘာ့လုံခြုံရေးကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းမည့်အစား မဟာမိတ်နိုင်ငံများကို တာဝန်ခွဲဝေယူစေခြင်းအားဖြင့် ‘တာဝန်ခွဲဝေထမ်းဆောင်မှု’ (Burden Sharing) ကို ဖော်ဆောင်လျက်ရှိသည်။ 

ဥပမာအားဖြင့် ဩစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထောက်ပံ့ခြင်းနှင့် ဂျပန်၊ ကိုရီးယားနိုင်ငံတို့အား ကာကွယ်ရေးတာဝန်များကို ပိုမိုဝိုင်းဝန်းထမ်းဆောင်စေခြင်းတို့ ဖြစ်သည်။

သမရိုးကျ ကြည်း၊ ရေ၊ လေ စစ်အင်အားများအပြင် အာကာသ၊ ဆိုင်ဘာ၊ နည်းပညာနှင့် စီးပွားရေးပိတ်ဆို့မှုများကိုပါ တပြိုင်နက်တည်း အသုံးပြုသွားမည်ဟု မဟာဗျူဟာ တွင် ထည့်သွင်းရေးဆွဲထားသည်။ 

ထိုမျှသာမက နည်းပညာရပ်များပေါင်းစပ်မှုကိုလည်း ထည့်သွင်းထားသည်။ AI (ဉာဏ်ရည်တု)၊ လူမဲ့ဒရုန်းများနှင့် လေဆာနည်းပညာများကိုပါ ပေါင်းစပ်အသုံးပြုရန် စီစဉ်ထားသည်။

အမေရိကန်၏ ကာကွယ်ရေးမဟာဗျူဟာတွင် အဓိကပြိုင်ဘက်အဖြစ် တရုတ်နိုင်ငံကို သတ်မှတ်ထားပြီး ရုရှား၏ ကျူးကျော်မှုကိုလည်း အလေးထားတုံ့ပြန်သွားမည်ဖြစ်သည်။ 

ထို့ပြင် ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံများကိုလည်း ဆိုင်ဘာတိုက်ခိုက်မှုများမှ အထူးကာကွယ်သွားရန် ဦးစားပေးထားသည်။