တောင်ကိုရီးယားကလေးမွေးဖွားနှုန်း ပြန်မြင့်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်။
ကမ္ဘာ့ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးဖြစ်သော တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ်၌ မွေးဖွားနှုန်း ၀.၈၀ အထိ နှစ်နှစ်ဆက်တိုက် ပြန်လည်မြင့်တက်လာခြင်းက လူဦးရေလျော့နည်းမှု အကျပ်အတည်းအတွက် မျှော်လင့်ချက်တစ်ရပ် ဖြစ်လာစေသည်။
အစိုးရ၏ တွန်းအားပေးမှုကြောင့် လက်ထပ်မှုနှုန်း မြင့်တက်လာခြင်းသည် မွေးဖွားနှုန်းကို အထောက်အကူပြုနေခြင်း ဖြစ်ပါသည်။
သို့သော်လည်း စင်ကာပူ (၀.၉၅)၊ တရုတ် (၁.၀) နှင့် ဂျပန် (၁.၁၈) တို့တွင် မွေးဖွားနှုန်း နိမ့်ကျနေဆဲဖြစ်သည်။
အဓိကအတားအဆီးများမှာ အိမ်ရာဈေးနှုန်းကြီးမြင့်မှု၊ ပညာရေးကုန်ကျစရိတ် မြင့်မားမှုနှင့် အလုပ်ခွင်ဖိအားများကြောင့် ဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။
နိုင်ငံတစ်နိုင်ငံ လူဦးရေတည်ငြိမ်ရန် မွေးဖွားနှုန်း ၂.၁ ရှိရန် လိုအပ်သဖြင့် အဆိုပါနိုင်ငံများမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။