သမ္မတ ထရန့်အား လုပ်ကြံရန် ကြိုးပမ်းသူမှာ မဟာဘွဲ့ရ အင်ဂျင်နီယာ ကျောင်းဆရာဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ၏ နှစ်ပတ်လည် ညစာစားပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လုပ်ကြံရန် ကြိုးပမ်းမှုဖြင့် အသက် ၃၁ နှစ်အရွယ် ကယ်လီဖိုးနီးယားပြည်နယ်သား ကိုးလ် တောမတ်စ် အလန် (Cole Tomas Allen) ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
ကိုးလ် အလန်သည် ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ် (Caltech) ဆင်း စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ရရှိထားသူ ဖြစ်သည်။
၎င်းသည် နာဆာ (NASA) တွင် အလုပ်သင်ဆင်းခဲ့ဖူးသည့်အပြင် ဗီဒီယိုဂိမ်းထုတ်လုပ်သူနှင့် အထက်တန်းပြဆရာတစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် “တစ်လတာ အကောင်းဆုံးကျောင်းဆရာ” ဆုကိုပင် ရရှိထားသူဖြစ်သည်။
စုံစမ်းစစ်ဆေးချက်များအရ ၎င်းသည် တိုက်ခိုက်မှုမစတင်မီ ၁၀ မိနစ်အလိုတွင် မိသားစုထံသို့ တောင်းပန်စာတစ်စောင် ပေးပို့ခဲ့သည်။
ထိုစာတွင် လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ပြင်းထန်စွာ မကျေနပ်ကြောင်းနှင့် အစိုးရအဖွဲ့ဝင်များကို ရာထူးအဆင့်အလိုက် ပစ်မှတ်ထားတိုက်ခိုက်ရန် ၎င်းတွင် တာဝန်ရှိသည်ဟု ခံယူထားကြောင်း ဖော်ပြထားသည်။
၎င်းသည် လော့စ်အိန်ဂျလိစ်မှ ဝါရှင်တန်ဒီစီသို့ ရထားဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး၊ ပြောင်းချောသေနတ် တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ဓားများကို ကိုင်ဆောင်ကာ လုံခြုံရေးဂိတ်ကို ကျော်ဖြတ်ဝင်ရောက်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။