ပါကစ္စတန်၌ ဆီးနှင်းပြိုကျမှုဖြစ်ပွားပြီး ကမ္ဘာကျော် တောင်တက်သမား အပါအဝင် ၁၀ ဦး ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။ 

ပါကစ္စတန်နိုင်ငံ ကာရာကိုရမ် တောင်တန်းရှိ ဘရော့ဒ်ပိခ် (Broad Peak) တောင်ပေါ်၌ ဇူလိုင်လ ၃၀ ရက်က ဆီးနှင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ္ဘာကျော် နီပေါတောင်တက်သမား နင်းမ်စ်ပါဂျာ (Nims Purja) အပါအဝင် နိုင်ငံတကာ တောင်တက်အဖွဲ့ဝင် ၁၀ ဦး ပျောက်ဆုံးနေပါသည်။

လက်ရှိတွင် ရုပ်အလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိထားသော်လည်း မည်သူမည်ဝါ ဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။  

ပျောက်ဆုံးနေသည့် အဖွဲ့ထဲတွင် နီပေါ၊ ပါကစ္စတန်၊ အိုမန်၊ အမေရိကန်နှင့် တရုတ်နိုင်ငံသား တောင်တက်သမားများ ပါဝင်ကြပါသည်။

နင်းမ်စ်ပါဂျာ၏ လမ်းကြောင်းပြ စက်ကိရိယာ (GPS) အချက်အလက်များအရ နေရာရွေ့လျားမှု ရှိနေသည်ကို တွေ့ရသော်လည်း အသက်ရှင်ကျန်ရစ်သူ ရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။ 

ရာသီဥတု ဆိုးရွားနေသဖြင့် ကယ်ဆယ်ရေး ဟယ်လီကော်ပတာများ ပျံသန်းရန် ခက်ခဲနေသဖြင့် ကုန်းလမ်းမှသာ ရှာဖွေရေးကို စတင်ခဲ့ရသည်။  

အချိန်ကြာလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ တွေ့ရှိရန် မျှော်လင့်ချက် နည်းပါးသွားပြီဟု ရှာဖွေရေးအဖွဲ့များက သုံးသပ်ထားသည်။

Photo: Courtesy Elite Exped