မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန် ဖူဂျီတောင်တက်လမ်း မြေပြို၊ လမ်းများ ပိတ်ထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာ ၉ ရက်နေ့က ဖူဂျီတောင်တက်လမ်း အဓိက စတင်ရာနေရာတစ်ခု၌ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ယာဉ် ၃ စီး ပိတ်မိသွားခဲ့သော်လည်း လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။
အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် Fuji Subaru Line ကို အရေးပေါ် ပိတ်ထားခဲ့ရသည်
တောင်ပေါ်တွင် သတိလစ်နေသည့် တောင်တက်သမား ၂ ဦးကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
အခြားဒေသများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှီဇူအိုကာ ခရိုင်၌ မြေပြိုမှုဖြစ်ပွားကာ လူတစ်ဦး သေဆုံးခဲ့ပြီး၊ အိုင်ချီနှင့် ဂိဖူ ခရိုင်တို့တွင် လူ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ဂျပန် မိုးလေဝသ အေဂျင်စီက မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။
အာရှအားကစားပွဲ ကျင်းပနေသည့် နဂိုယာမြို့တွင် ရေကြီးရေလျှံမှုများ ရှိသော်လည်း အားကစားသမားများအပေါ် သက်ရောက်မှု မရှိကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။