မြောက်ကိုရီးယားက ယူရေနီယမ် သန့်စင်သည့် အဆောက်အအုံသစ် ဆောက်လုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။

မြောက်ကိုရီးယားနိုင်ငံသည် ယူရေနီယမ် သန့်စင်သည့် နှစ်ထပ် အဆောက်အအုံသစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က ထုတ်ပြန်သည်။

အဆိုပါ အဆောက်အအုံတွင် ယူရေနီယမ် သန့်စင်သည့် ဗဟိုအားခွဲစက် (Centrifuge) အစုအဝေး ၂၈ ခုအထိ တပ်ဆင်နိုင်သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပွင့်လင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း IAEA က ပြောကြားသည်။

စစ်ဆေးရေးမှူးများသည် ၂၀၀၉ ခုနှစ်ကတည်းက မြောက်ကိုရီးယားမှ နှင်ထုတ်ခံခဲ့ရသဖြင့် ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် စောင့်ကြည့်နေရခြင်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် အဆိုပါ စက်ရုံသစ်သို့ ပြီးခဲ့သည့် ဇွန်လက သွားရောက်ကြည့်ရှုခဲ့ပြီး ထုတ်လုပ်မှု စွမ်းရည် တိုးတက်လာမှုကို ချီးကျူးခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်တွင် မိမိကိုယ်ကို နျူကလီးယား ပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ကြေညာခဲ့ပြီး နျူကလီးယား လက်နက်များကို စွန့်လွှတ်မည် မဟုတ်ကြောင်း ရပ်တည်ထားသည်။