တရုတ်ကွန်မြူနစ်ပါတီ အမှတ် (၂၀) မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် စုံညီအစည်းအဝေး စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်။

တရုတ်ကွန်မြူနစ်ပါတီ၏ အမှတ် (၂၀) မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် စုံညီအစည်းအဝေး (5th Plenum) ကို အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ပေကျင်းမြို့၌ ၄ ရက်ကြာ ကျင်းပလျက်ရှိသည်။

ယခုအစည်းအဝေးတွင် ပါတီ စည်းကမ်းထိန်းသိမ်းရေး၊ ဘက်ပေါင်းစုံမှ တင်းကြပ်စွာ စီမံအုပ်ချုပ်ရေးနှင့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခံနေရသည့် အဆင့်မြင့် ပါတီနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို ရာထူးမှ အပြီးသတ် ထုတ်ပယ်ရေးစသည့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲများကို အဓိကထား အတည်ပြုသွားမည်ဖြစ်သည်။

လက်ရှိတွင် ဗဟိုကော်မတီ အပြည့်အဝအဖွဲ့ဝင် ၂၀ ခန့်နှင့် အလှည့်ကျအဖွဲ့ဝင် ၇ ဦးခန့် အဂတိမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။

အဖွဲ့ဝင်များ တက်ရောက်မှု နည်းပါးခြင်းကြောင့် ယခုအစည်းအဝေး၏ တက်ရောက်မှုရာခိုင်နှုန်းမှာ ၇၇ ရာခိုင်နှုန်းသာရှိပြီး သမိုင်းတွင် အနိမ့်ဆုံးဖြစ်လာဖွယ်ရှိသည်။