ပင်လယ်နက်က ဟော်မုဇ် ရေလက်ကြားထက် ပိုမိုအန္တရာယ်များလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်။
ပင်လယ်နက် (Black Sea) အတွင်း ကုန်သွယ်သင်္ဘောများ တိုက်ခိုက်ခံရမှု ပိုမိုမြင့်တက်လာပြီး ပါရှန်းပင်လယ်ကွေ့ ရေကြောင်းလိုင်းထက် ပိုမိုအန္တရာယ်များသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ရေကြောင်းလုံခြုံရေးအဖွဲ့ အမ်ဘရီ (Ambrey) နှင့် နိုင်ငံတကာရေကြောင်းအဖွဲ့ချုပ် (IMO) တို့၏ အချက်အလက်များကို ကိုးကား၍ ဖိုင်နန်ရှယ်တိုင်းမ် (Financial Times) က ဖော်ပြသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ပင်လယ်နက်အတွင်း ကုန်တင်သင်္ဘော အစင်း ၅၇၀ နီးပါး တိုက်ခိုက်ခံခဲ့ရသည်။
အနည်းဆုံး သင်္ဘောသား ၄၀ သေဆုံးခဲ့ရာ ဟော်မုဇ် (Hormuz) ရေလက်ကြားတွင် သေဆုံးသူ ၂၄ ဦးထက် ပိုမိုများပြားခဲ့သည်။
ဇူလိုင်လမှ စက်တင်ဘာလအတွင်း သင်္ဘော ၃၈၇ စင်း တိုက်ခိုက်ခံခဲ့ရသည်။
လက်တလော ဖြစ်စဉ်အနေဖြင့် အောက်တိုဘာ ၂၃ ရက်ကလည်း ရိုမေးနီးယားကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စင်း မီးလောင်နစ်မြုပ်ကာ သင်္ဘောသားတစ်ဦး သေဆုံးခဲ့သည်။
တိုက်ခိုက်မှုများကြောင့် ယူကရိန်း ဩဒက်ဆာ ဆိပ်ကမ်းများသို့ ဝင်ရောက်သည့် သင်္ဘောအရေအတွက် လျော့ကျသွားခဲ့သည်။
ရုရှား၏ ကုန်တင်သင်္ဘောများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် ပတ်သက်၍ ယူကရိန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပေါ် အစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့သည်။