ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများ ပါဝင်တက်ရောက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၉ ရက်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ အဘူဒါဘီမြို့၌ နိုဝင်ဘာ ၁၀ ရက် (အင်္ဂါနေ့) တွင် စတင်ပြုလုပ်မည့် ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျွန်-နိုအဲလ် ဘာရို (Jean-Noël Barrot) က ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “ဥရောပ၏ လုံခြုံရေးနှင့် အနာဂတ်ဆိုင်ရာ ကိစ္စရပ်များကို ဥရောပနိုင်ငံများကို ချန်လှပ်ထား၍ ဆုံးဖြတ်၍မရနိုင်ကြောင်း” အလေးအနက် ထောက်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း ထိုဆွေးနွေးပွဲများတွင် ၎င်းတို့၏ မဟာမိတ် ဥရောပနိုင်ငံများ ပါဝင်ရန် တရားဝင် တောင်းဆိုထားခဲ့သည်။