ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင်နေထိုင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဒီကနေ့မနက်ပိုင်းက ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု သိရသည်။

ယနေ့နေ့လည် ၁၁ နာရီခန့်တွင် ချင်းမိုင်မြို့ရှိ မိဏ်းမိုင်ဈေးကြီးတွင် တရားဝင်နေထိုင်ခွင့် လက်မှတ်မရှိပဲ အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိပဲ အလုပ်လုပ်ကိုင်နေကြကြောင်း ဈေးအတွင်းရှိ ထိုင်းပြည် သူများမှ တိုင်ကြားသည့်အတွက် ချန်းဖိတ်ရဲစခန်းမှ တာဝန်ရှိသူများမှ ဝင်ရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဈေးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ နီးပါးခန့် အလုပ်လုပ်ကိုင်လျှက်ရှိသည်။