သတင်းနှင့်မီဒီယာ ကွန်ယက်။
ဧပြီလ ၂၁ ရက် ၊ ၂၀၁၆ ခုနှစ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ် ခံရမှုနှင့်ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထား ရသည့် မြန်မာနိုင်ငံ သား မောင်ဇော်လင်းနှင့် မောင်ဝင်း ဇော်ထွန်း တို့နှစ်ဦးအတွက် အယူခံဝင်ခွင့် ရက် တိုးတောင်းဆိုခြင်းသည် နောက်ဆုံးအကြိမ် အယူ ခံတောင်း ဆိုခွင့်ဖြစ်ကြောင်းသိရသည်။
“အဲဒါကတော့အယူခံရက်တိုးတောင်းတာပါ အယူခံတက်မယ့်ဖက်ကနေပြီးတော့ ရှေ့နေတွေ ကနေပြီးတော့ အယူခံရက်ကို ထပ်တိုးပေးဖို့တရားရုံးကိုတောင်းတာပါ ဒါကြောင့်စတုတ္ထ အကြိမ်တောင်းတယ် အခုခွင့်ပြုချက် ရတယ်ဆိုတော့ ငါးကြိမ်မြောက်ရတာပေါ့ ဒါပေမဲ့ ဒီတခါ အမိန့်မှာတော့ နောက်ဆုံးအကြိမ်လို့ပါပါတယ်။ ၂၃ ရက် ၅လ ၂၀၁၆ နှစ် အဲမတိုင်မီ တင်ပေးရမှာပါ” ဟု အမှုနှင့်ပတ်သက်ပြီးလိုက်ပါဆောင်ရွက်ပေးနေသူ မြန်မာသံရုံးအ ထူးစုံစမ်းရေးအဖွဲ့က ဥပဒေအကြံပေး ဦးအောင်မျိုးသန့် ကပြောသည်။
ဧပြီ လ ၂၁ ရက်နေ့မှာ အယူခံတင်ဖို့ အစီအစဉ်ရှိပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အယူခံဝင်ခွင့် ရက်တိုးထပ်မံတောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး ရှေ့နေ ဦးအောင်မျိုးသန့်က အခုလို ဆက်ပြောသည်။
“ဒီတခါအမှန်ကတော့ အန်ကယ်တို့က ၁၉ ရက် လေးလနေ့ကနေ ဒီ နောက်တိုး ဖို့ နောက်တိုးအယူခံရက် ပေးဖို့တင်တယ် တကယ်လို့မရဘူးဆိုရင်လည်း အန်ကယ်တို့ ၂၁ ရက် လေးလ ၂၀၁၆ နှစ်မှာ အယူခံတင် ဖို့အတွက်လည်း အယူခံအကြောင်းတွေ အားလုံး အဆင်သင့်ဖြစ်နေပါပြီ ဒါပေမဲ့ အကြောင်းအရာပေါ်လာတာ က ၂၅ ရက် ၃ လ ၂၀၁၆ နှစ်မှာ အကျဉ်းဦးစီးဌာနထဲကိုသွားပြီးတော့ ကလေးတွေနဲ့တွေ့တယ် ကလေးတွေ နဲ့တွေ့တဲ့အခါမှာ အယူခံအကြောင်းပြချက်တွေကို မေးမြန်းဖို့အတွက် ထိုင်းရှေ့နေကြီးများ နဲ့အတူ မြန်မာဘာ သာပြန်ကလေးတွေလည်းခေါ်သွားတယ် ဒါကို အကျဉ်းဦးစီးဌာနရဲ့ ယာယီတာဝန်ခံ က ရှေ့နေတွေကိုတော့ ပေးဝင်ပြီးတော့ ဘာသာပြန်တွေကိုကျတော့ ပေးမဝင်တဲ့ အတွက်ကြောင့်မို့ ဒီဟာက ဥပဒေအရ မှားယွင်းတာ ကို အန်ကယ်တို့ ကန့်ကွက်ပြီစာတင် တဲ့အချိန်က ကြာသွားတယ် အယူခံအ ကြောင်းပြချက်တွေ ပြည့်စုံအောင် မရဘူးဆိုပြီးတော့ အန်ကယ်တို့ ထပ်ပြီးတော့ ရက်တိုးတောင်းတာပါ”
အယူခံတင်ခွင့်ရက်တိုး ၁လ ထပ်မံရရှိခဲ့ပြီး မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း တို့ နှစ်ဦးစလုံး ကျန်းကျန်းမာမာနှင့် တက်တက်ကြွကြွရှိကြောင်း၊ အဆောင်တစ်ဆောင်တည်း အတူနေထိုင်ရကြောင်း၊ ကူညီ ဆောင်ရွက်ပေးသူတွေနှင့် သတင်းမီဒီယာများ ကို လည်း ကျေးဇူး တင်စကားပါးလိုက်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကဆိုသည်။
ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်း အမှုနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က ပူးပေါင်း ကူညီလုပ်ဆောင် မှုများ ရှိခဲ့ပြီး အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မည့် အရေးသည်လည်း သံအမတ်ကြီး ဦးဝင်းမောင်၏ ဆက်သွယ် ဆောင်ရွက်မှုပေါ်မူတည်ပြီး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဦး အောင်မျိုးသန့် က ဆက်ပြော သည်။
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ဗြိတိန်နိုင်ငံသား ၂ ဦး ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာအသတ် ခံရမှု နှင့် ပတ် သက်ပြီး ၎င်းကျွန်းပေါ်တွင် အလုပ်သွားရောက်လုပ်ကိုင်နေ သော မြန်မာလူငယ် ၂ ဦးကို ကော်စမွီ ခရိုင် တရားရုံးက ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သေဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။