သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
လုပ်အားခလစာ ၄၂၁ ဘတ် တိုးပေးရန်ပါဝင်သည့် အလုပ်သမားအခွင့်အရေး တောင်းဆိုချက် ၇ ချက်ကို ထိုင်းနိုင် ငံ မြောက်ပိုင်းတွင် လာရောက် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ ပြောင်းအလုပ် သမားများနှင့် ထိုင်းအလုပ် သမား များစုပေါင်းပြီး ယနေ့ ချင်းမိုင်မြို့တော်ဝန်ထံ လမ်းလျှောက် ချီတက် တောင်းဆိုခဲ့ကြပြီး သတင်းစာရှင်း လင်းပွဲ ပြုလုပ် ခဲ့ကြသည်။
“ဒီလုပ်အားခတိုးမြှင့်ပေးဖို့ပေါ့နော လုပ်အားခက အရင်ပြီးခဲ့တဲ့နေ့ကဆို ကျမတို့ ၃၀၀ ဘတ်ကို တောင်းတယ် ဒါပေမဲ့ အကုန်လုံးမရဘူး တချို့ပဲရတယ် တချို့မရဘူးဆိုတော့ ကျမတို့က ဒီဘန် ကောက်က အလုပ်သမားတွေ ဆိုလိုရှိရင် လည်းပေါ့ သူတို့က သူတို့က ၄၂၁ ဘတ်ကို တောင်းကြ တယ်ဆိုတော့ ကျမတို့လည်း သူတို့နဲ့ တူတူပေါ့ ဘာလို့လဲ ဆိုတော့ ကျမတို့ ဒီလိုလုပ်အားခမြင့်ပြီး မှတိုးတောင်း တာပေါ့နော ဒါကဘာလို့လဲဆိုတော့ ကျမတို့ဖူလုံဖို့ပေါ့ ကျမတို့ ၃၀၀ တောင်းပေမဲ့ သူတို့မပေးဘူး ဒါပေမဲ့ သူတို့က ၃၀၀ ပေခဲ့မယ်ဆို လို့ရှိရင်လည်း ကျမတို့အတွက်က မဖူလုံဘူး ဆို တော့ ကျမတို့က ၄၀၀ ထက်ပေါ့နော ၄၂၁ ဘတ်ကိုတောင်းခြင်းဖြစ်ပါတယ်” ဟုဦးဆောင်ပါဝင်သူ တစ်ဦးဖြစ် သည့် အလုပ်သမားသွေးစည်း ညီညွှတ်ရေးအဖွဲ့ WSA အဖွဲ့မှ မခင်ဘုန်း ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ငန်းခွင် လုံခြုံမှု ပိုမိုရရှိစေရန်နှင့် အလုပ်သမားအားလုံး တန်းတူအခွင့်အရေး ရရှိစေရန်အတွက် တောင်းဆိုရခြင်းဖြစ်သည်ဟု မခင်ဘုန်း မှ ဆက်ပြောသည်။
“ကျမတို့တောင်းဆိုတာကတော့ ကျမတို့ ရေရှည် ဆက်လက်ပြီးတော့အလုပ်ကိုင်တဲ့နေရာမှာ အဆင်ပြေဖို့ ပေါ့နော ကျမတို့ဒီ အလုပ်လုပ်တယ် ကျမတို့က ပိုမိုပြီးတော့မှ အဆင်ပြေအောင် နောက်လူသစ်တွေလည်း ဝင်လာတယ် ဆိုတော့ သူတို့တွေအတွက်လည်း အဆင်ပြေအောင် အားလုံးပေါ့နော တန်းတူညီမျှမှုအားလုံး ရှိအောင် အတူတူအလုပ်သမားတွေအားလုံးတလုံး တဝတည်းအတူတူပေါ့နော တန်းတူအခွင့်အရေးတွေ ရရှိဖို့ရန်အတွက် ကျမတို့တောင်းဆိုရခြင်းဖြစ်ပါတယ်”
ထို့အပြင် အလုပ်သမားများ၏ နားရက်၊ ခွင့်ရက်၊ အနိမ့်ဆုံး လုပ်အားခ၊ စတဲ့ရပိုင်ခွင့်များနှင့် အလုပ် သမားများအား ကာကွယ်စောင့်ရှောက်ရေး ကိစ္စများကို ဥပဒေပြဌာန်းထားတဲ့အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပေးဖို့၊ အလုပ်သမားဘဝမြှင့်တင်ရေးဆိုင်ရာ ဥပဒေ တိုးမြှင့်ပေးဖို့ လုပ်အားခ တိုးမြှင့်ပေးဖို့၊ အစရှိသဖြင့် တောင်းဆိုထားသည်။
ထိုင်းအစိုးရမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ၆ နှစ်သက်တမ်းကုန်ဆုံးသွားသည့် အလုပ် သမား ပတ်စ်ပို့များကို ထပ်မံပြုလုပ်ပေးခြင်းမရှိပဲ ဘတ်လို့ ခေါ်သည့် ပန်းရောင်ကတ် များကိုသာ ထုတ်ပေးသွားမှာဖြစ်သည့်အတွက် အလုပ်သမားများအနေဖြင့် ရပိုင်ခွင့်နှင့် ခံစားခွင့်များမှာ အပြည့် အ၀ ခံစားခွင့်ရရှိတော့မည်မဟုတ်ကြောင်း အလုပ်သမားများက ပြော ဆိုသည်။
ဒီကနေ့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသမှ မြန်မာ ရွေ့ပြောင်း အလုပ်သမား ကိုအောင်ဆန်းမြင့်က “အခုကျနော်တို့ ဒီပတ်စ်ပို့ပေါ့ ၆ နှစ်သစ်ကုန်သွားတဲ့ ပတ်စ်ပို့တွေ ၆ နှစ် ကုန်သွားတဲ့ ပတ်စ် ပို့တွေက အခုပေါ့ ပြန်ပြီးတော့ မတော်ပေးတော့ဘူး ဒါပေမဲ့ ဘတ်ရိုက် လိုက်တယ် ဘတ်ရိုက်လိုက်လို့ရှိရင် တော့ ဘတ်ကတော့ အလွယ်တကူရပေမဲ့လို့ ဘတ်ရဲ့ အားနည်းချက် အားသာချက်ရှိတာပေါ့နော ပတ်စ်ပို့နဲ့ဆိုလို့ရှိရင် ကျနော်တို့ မြန်မာပြည်ကို အလွယ်တကူပြန်လို့ရတယ် ပြီးတော့ ခံစားခွင့်တွေ ကတော့ အပြည့်အဝရတယ် အလွယ် တ ကူရတယ် ဘတ်နဲ့ကကျတော့ ဘတ်ကကျတော့ ကျနော် တို့ အလွယ်တကူလုပ်လို့ ရပေမဲ့လို့ အားနည်းချက်တွေ ရှိတယ်ပေါ့နော အားနည်းချက်တွေ ဘယ် လိုအားနည်းချက်တွေဆိုတော့ ကျနော်တို့ ရုတ်တရတ် နေမကောင်း တာပဲ ဖြစ်ဖြစ် အမိနိုင်ငံပြန် မယ် အလွယ်တကူပြန်လို့မရဘူး အဲလိုမျိုးအချက်တွေပေါ့” ဟု သတင်းထောက်များ ကို ပြောသည်။
ယနေ့ ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို MAP ဖောင်ဒေးရှင်းအဖွဲ့၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ် ရှာ ဆောင် ရွက်ရေးအသင်း SWAN၊ EMPOWER အဖွဲ့၊ အလုပ်သမားသွေးစည်း ညီညွတ်ရေး အဖွဲ့(WSA)၊ ရွှေ့ ပြောင်း အလုပ်သမားများ ပေါင်းစည်းရေးအဖွဲ့(MWF)၊ ရွှေ့ပြောင်းအ လုပ်သမားအခွင့် အရေး ကွန်ရက်အဖွဲ့ (MWRN)၊ စက်ရုံအလုပ်ရုံနဲ့ အထည်ချူပ်အလုပ်သမားများ သမဂ္ဂ၊ အီလက်ထ ရောနစ် လျှပ်စစ်ပစ္စည်းဆိုင်ရာ အလုပ်သမား သမဂ္ဂ၊ MAP ဖောင်ဒေးရှင်းအဖွဲ့၊ ကျောက်မျက် ထည်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂစတဲ့အဖွဲ့ ၁၅ ဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။
အလုပ်သမားများ၏ တောင်းဆိုချက်များအား ချင်းမိုင် City Hall ရုံးမှာရှိသည့် ချင်းမိုင်ခရိုင် ဒုတိယ မြို့တော်ဝန်က လက်ခံယူခဲ့ သည်။ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး မကြာမှီ ကျင်းပမည့် ၃ လ ပတ် အစည်းအဝေးတွင် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းပေးသွား မည်ဟု တောင်းဆို လှုပ်ရှားခဲ့ကြသူများ အား ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း မြန်အလုပ်သမား တစ်သိန်းခွဲခန့်ရှိသည်ဟု အလုပ်သမားရေးရာလှုပ်ရှားဆောင်ရွက်နေသူများမှ ပြောသည်။