သတင်းနှင့်မီဒီယာ ကွန်ယက်။

မေလ ၃ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး ( KNU ) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/ SSA ) အဖွဲ့တို့သည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ( NLD ) ဦးဆောင်သည့် အစိုးရသစ်မှ အသစ် ပြန်လည်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်ကိစ္စ အပါအဝင် ဖက် ဒရယ်ရေးရာကိစ္စ၊ ပင်လုံညီလာခံကိစ္စများ ဆွေးနွေးခဲ့ကြသည်။

သုံးရက်ကြာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ် မူူတူးစေးဖိုး ဦးဆောင်သည့် ခေါင်းဆောင်များနှင့် ရှမ်းပြည်ပြည်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် နှစ်ဖက် ကိုယ်စားလှယ် ခေါင်းဆောင်များက မေလ ၂ ရက်နေ့အထိ အလွတ် သဘော တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

“အခုလက်ရှိအနေထားကတော့ ကျနော်တို့လည်း သဘောတူညီချက်တော့ ချလို့မရသေးဘူး ဘာ ကြောင့်လဲ   ဆိုတော့ အစိုးရဖက်က ဘယ်လိုဖွဲ့စည်းလာမလဲဆိုတဲ့ ဒီသဘောထားလဲ မတွေ့ရသေး ဘူးပေါ့နော တခုတွေ့ရ တာ က ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်း ပမယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ သူဘယ်လို ပင်လုံညီလာခံမျိုးကို ရည်ရွယ်ပါသလဲပေါ့ ကျနော် တို့အနေနဲ့လည်း ဒီကိစ္စပေါ်မှာလည်း ပြန်ပြီးဆွေးနွေးတာပေါ့ ဒီပင်လုံဆိုတော့ ကျနော်တို့ ပထမ ပင်လုံတုန်းကတော့ ပင်လုံစိတ်ဓာတ်တို့ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်ပေါ့နော ဒီကိစ္စနဲ့ ပတ် သက်တဲ့ ကျနော်တို့ ရှေ့ ဘယ်လိုဆွေးနွေးသွားကြမလဲဆိုတာကို ကျနော်တို့ ပြင်ဆင် ထားခြင်း ဖြစ်ပါတယ်”ဟု ရှမ်းပြည်ထူတောင်ရေး ကောင်စီ ( RCSS/SSA ) မှ ဒု- ဗိုလ်မှူ းကြီးစိုင်းမိဏ်း ကပြောသည်။

ထို့အပြင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကနေ ဆွေးနွေးခဲ့ကြသော အကြောင်း အရာများ၊ NCA အကောင်အထည်ဖော်သောနေရာတွင် ကြုံတွေ့ခဲ့ရသောအခက်အခဲများနှင့် UPDJC၊ JIMC၊ JMC တို့ကနေ ကြုံတွေ့ ခဲ့ကြသောအခက်အခဲများကို အပြန်အလှန်ညှိနှိုင်းအမြင် ဖလှယ်ခဲ့ကြပြီး ဒုတိယအကြိမ် နိုင် ငံရေးဆွေးနွေး ပွဲ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲညီလာခံ အတွက် ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချင်း ချင်းကြား တွင်သော်လည်းကောင်း၊ အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြားတွင် သော် လည်းကောင်း ပွင့်လင်း ထားရန်လိုအပ်သည်ဟု ဒု-ဗိုလ်မှူ းကြီးစိုင်းမိဏ်း က ဆက်ပြောသည်။

“ကျနော်တို့ ဒီ ဖက်ဒရယ်ဆိုတဲ့မူနေရာမှာပေါ့နော သူကလည်း models အမျိုးမျိုးရှိတယ် ဖက်ဒ ရယ်နိုင်ငံ ၇၂ နိုင်ငံမှာ ၇၂ မျိုးကိုတွေ့နေရတယ် ကျနော်တို့ ဒီပြည်ထောင်စုကို ကျနော်တို့ ပြန်ပြီး တော့အသစ် ဖက်ဒရယ်ဖွဲ့စည်းမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေကြားရော ဒီအစိုးရနဲ့ကော ကျနော်တို့ ဘယ်လိုပုံစံမျိုးသွားမယ်ဆိုတာကို ကျနော်တို့ အချင်းချင်းကြားထဲမှာ ပွင့်လင်းထားဖို့လို တယ်လို့ ကျနော်တို့ အမြင်သဘောထားရတယ်”

ယခုတွေ့ဆုံပွဲတွင် တိကျသောဆုံးဖြတ် တစုံတရာချမှတ်နိုင်ခဲ့သည်ဟု ပြောလို့မရကြောင်း၊ အမြင် သဘောထားတွေ ကိုသာ ဖလှယ်ခဲ့ကြကြောင်း၊ ၂၁ ရာစု ပင်လုံ အမြင်သဘောထားကိုလည်း သဲသဲ ကွဲကွဲ မသိ  ရသေးကြောင်း၊ လာမည့် မေလ ၁၀ ရက်နေ့ အကြိုဆွေးနွေးပွဲကျမှပဲ သိနိုင်မည်ဖြစ် ကြောင်း၊ အဲဒီအချိန်မှပဲ မိမိတို့အနေဖြင့် ထပ်မံဆွေးနွေးပြီး ၂၁ ရာစုပင်လုံဆိုတာ ဘာကို ပြောချင် တာ ဘယ်လိုပုံစံဖြင့် သွားချင်သလဲဆိုတာကို သိနိုင် မှာဖြစ်ကြောင်း ဒု-ဗိုလ်မှူ းကြီး စိုင်းမိဏ်း ကဆက် ပြောသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် NCA လက်မှတ် ရေးထိုး ထားသည့် EAO အဖွဲ့ထိပ်သီးအစည်းအဝေးတွင် KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး နှင့် RCSS ဥက္ကဌ ဒု-ဗိုလ်ချူပ်ကြီး ယွက်ဆစ် တို့ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ EAO-PPST အဖွဲ့ကို ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးရန် ဖွဲ့စည်းခဲ့သည်။