Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

မြန်မာနိုင်ငံမှ ဒုတိယ သမ္မတဟောင်း ယခု ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်း သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းဘုရင့်တက္ကသိုလ်ဖြစ်သည့် မဟာကျူးလား တက္ကသိုလ်ကနေ Educational Administration မှနေပြီး Ph.d ဒေါက်တာဘွဲ့ကို မေလ ၁၅ ရက်နေ့ လာရောက်ရယူရန် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် မေလ ၁၂ ရက်နေ့ ညနေ ၇ နာရီက ချင်းမိုင်မြို့ရှိ ဝပ်ဒ်ပါပေါက် ရှမ်းဘုန်းတော်ကြီးကျောင်းတွင် ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့သည်။

  • May 13, 2016
နယ်စပ်အခြေစိုက် ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆိုင်ရာ သတင်းထုတ်ပြန်ကြေငြာချက်
TNLA နှင့် RCSS မိုင်းလားတွင်တွေ့ဆုံရန်ပျက်ပြယ်

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၇-၁၀-၂၆)

ဗုဒ္ဓဟူးနေ့ညပိုင်း ရုပ်သံသတင်း(၇-၁၀-၂၆)

ဒီကနေ့ အစီအစဉ်ထဲမှာတော့-

– ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်အုပ်စုက အရပ်သားရွာတွေကို ဗုံးကြဲလို့ ထောင်နဲ့ချီထွက်ပြေးနေရ

– ရခိုင်-ဧရာဝတီ အစပ်မှာ တိုက်ပွဲ ပြင်းထန်ပြီး စစ်အုပ်စုက အစုအပြုံလိုက် ကျဆုံးနေ

– ကချင်ပြည်က ရွှေကူ-ငအိုး လမ်းပိုင်း သုံးသူတွေကို အရေးယူသွားမယ်လို့ KIAသတိပေး

– အလုပ်သမားတွေ ဆီက အခွန်နဲ့ လွှဲငွေ ရရှိဖို့ ပိုမို တင်းကြပ်သွားမယ်လို့ စစ်အုပ်စုပြော

– စစ်အုပ်စု ခေါင်းဆောင် ၇-၈ ရက်နေ့တွေမှာ မလေးရှားကို သွားမည်

– လာအို ဒုတိယမြို့တော်လေဆိပ် ကိုယ်ပိုင်လေယာဉ်ပေါ်တင်တဲ့ မူးယစ်ဆေးဝါး ကီလို ၅၀၀ ကျော်ဖမ်းမိ

– မက်ဒေါ်နယ်(McDonald’s)ကုမ္ပဏီဟာ AI သုံးစွဲပြီး လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲခံရ

– ပထမဆုံး FIFA အာဆီယံ ဖလားကို အင်ဒိုနီးရှား အသင်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆွတ်ခူး…..စတာတွေ တင်ဆက်ထားပါတယ်။

×Close

News

  • Sauna က သွေးချိုဆီးချိုနှင့် နှလုံးအတွက် အကျိုးပြု၊ သုတေသီများ အသေးစိတ်လေ့လာမည် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။ ချွေးထုတ်ခန်း (Sauna) ကို ပုံမှန် အသုံးပြုခြင်းသည် အမျိုးအစား (၂) သွေးချို/ဆီးချိုရောဂါကို သက်သာစေပြီး နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို လျော့နည်းစေသည်ဟု လေ့လာချက်အချို့တွင် တွေ့ရှိခဲ့သည်။ သို့သော် အဆိုပါ တွေ့ရှိချက်များသည် ပြီးပြည့်စုံသည့် သုတေသနများ မဟုတ်သေးသဖြင့် Sauna ဝင်ခြင်းနှင့် အပူကုထုံးများ သုံးစွဲခြင်းက ကျန်းမာရေးကို မည်သို့ အကျိုးပြုသည်ဆိုသည်ကို ခိုင်မာသည့် ဆေးဘက်ဆိုင်ရာ အထောက်အထားများ ရရှိရန်အတွက် နိုင်ငံတကာ သိပ္ပံပညာရှင်များက စနစ်တကျ သုတေသနပြုလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက နော်ဝေးနိုင်ငံ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အပူကုထုံး သုတေသန စာတမ်းဖတ်ပွဲတွင် အမေရိကန်၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ စုဝေး၍ အပူကုထုံးဆိုင်ရာ စံနှုန်းများကို စနစ်တကျ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ ပဏာမ သုတေသနတွေ့ရှိချက်များအရ Sauna ဝင်ခြင်းသည် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်သကဲ့သို့ သွေးဖိအားကို ကျစေပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ဆိုသည်။ ထို့ပြင် အမျိုးအစား (၂) ဆီးချိုရောဂါသည်များနှင့် စိတ်ကျရောဂါ ခံစားနေရသူများအတွက်လည်း သက်သာပျောက်ကင်းမှုအချို့ ပေးနိုင်သည်ဟု ဆိုသည်။ ဖင်လန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာချက်များအရလည်း တစ်ပတ်လျှင် ၄ ကြိမ်မှ ၇ ကြိမ်အထိ Sauna ဝင်သူများသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း တွေ့ရှိထားသည်။ သို့သော် ထိုတွေ့ရှိချက်များကို နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် လမ်းညွှန်ချက်အဖြစ် အသိအမှတ်ပြုနိုင်ရန် ခိုင်မာသည့် စမ်းသပ်မှုများ (Randomized controlled trials) ထပ်မံပြုလုပ်ရန် လိုအပ်နေသေးကြောင်း သုတေသနပညာရှင်များက ထောက်ပြထားသည်။
    Sauna က သွေးချိုဆီးချိုနှင့် နှလုံးအတွက် အကျိုးပြု၊ သုတေသီများ အသေးစိတ်လေ့လာမည် — October 13, 2026 3:21 pm
  • ပုပ်ရဟန်းမင်းကြီး လီယို ၁၄ အဆုတ်ခွဲစိတ်ရန် ဆေးရုံတက်ရောက်မည် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် အဆုတ်တွင် တွေ့ရှိရသည့် အဖုအကျိတ်တစ်ခုကို ဖယ်ရှားရန်အတွက် အောက်တိုဘာ ၁၃ ရက် အင်္ဂါနေ့ နံနက်ပိုင်းတွင် ရောမမြို့၌ရှိသော ဆေးရုံတစ်ခု၌ တက်ရောက် ခွဲစိတ်ကုသမှု ခံယူသွားမည်ဟု ဗာတီကန်က သတင်းထုတ်ပြန်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်စဉ် အဆုတ်တွင် အဖုအကျိတ်တစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှု အပြီးတွင် ဆေးရုံ၌ တစ်ပတ်နီးပါး ဆေးကုသမှု ဆက်လက် ခံယူရမည်ဖြစ်သည်။ ထို့ကြောင့် အောက်တိုဘာ ၂၀ ရက်နေ့အထိ စီစဉ်ထားသည့် ပုပ်ရဟန်းမင်းကြီး၏ လူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားများ အားလုံးကို ဖျက်သိမ်းလိုက်သည်။ ဆေးရုံဆင်းပြီးနောက်တွင် ပုပ်ရဟန်းမင်းကြီးသည် ရပ်နားထားသည့် သာသနာပြု လုပ်ငန်းများနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်၍ မိန့်ခွန်းများ ဆက်လက် မြွက်ကြားသွားမည်ဟု ဗာတီကန်က ထုတ်ပြန်ထားသည်။
    ပုပ်ရဟန်းမင်းကြီး လီယို ၁၄ အဆုတ်ခွဲစိတ်ရန် ဆေးရုံတက်ရောက်မည် — October 13, 2026 3:18 pm
  • တောင်ကိုရီးယား ဒုံးကျည်စမ်းသပ်အပြီး မြောက်ကိုရီးယား ဒုံးကျည်များ ထပ်မံပစ်ခတ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။ တောင်ကိုရီးယားနိုင်ငံက အသံထက်မြန်သည့် ဟိုက်ပါဆိုးနစ် (Hypersonic) ဒုံးပျံသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံကလည်း ပင်လယ်ပြင်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် အများအပြား ထပ်မံ ပစ်ခတ်ခဲ့သည်။ ဒါဟာ အောက်တိုဘာလအတွင်း မြောက်ကိုရီးယား၏ ၄ ကြိမ်မြောက် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုလည်း ဖြစ်သည်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားသည် တနင်္လာနေ့ နံနက်ပိုင်းက ပျံယမ်း ဧရိယာမှနေ၍ ဒုံးပျံအမျိုးအစားမျိုးစုံကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အထဲမှ ဒုံးပျံတစ်စင်းသည် ကီလိုမီတာ ၉၀ဝ အကွာအဝေးအထိ ပျံသန်းသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။ တောင်ကိုရီးယား၏ မဟာဗျူဟာမြောက် ဒုံးပျံသစ် စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက စစ်ရေးအင်အား ပြသလိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စစ်ဘက်က သုံးသပ်ထားသည်။
    တောင်ကိုရီးယား ဒုံးကျည်စမ်းသပ်အပြီး မြောက်ကိုရီးယား ဒုံးကျည်များ ထပ်မံပစ်ခတ် — October 13, 2026 3:08 pm

Recent Posts

  • မကွေးတိုင်းအတွင်း ကျေးရွာတရွာကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံး
  • တနင်္သာရီတိုင်း ပုလောတွင် စစ်တပ်၏ ကာကင်းစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • Sauna က သွေးချိုဆီးချိုနှင့် နှလုံးအတွက် အကျိုးပြု၊ သုတေသီများ အသေးစိတ်လေ့လာမည်
  • ပုပ်ရဟန်းမင်းကြီး လီယို ၁၄ အဆုတ်ခွဲစိတ်ရန် ဆေးရုံတက်ရောက်မည်
  • တောင်ကိုရီးယား ဒုံးကျည်စမ်းသပ်အပြီး မြောက်ကိုရီးယား ဒုံးကျည်များ ထပ်မံပစ်ခတ်

Archives

Related Posts

မကွေးတိုင်းအတွင်း ကျေးရွာတရွာကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။ မကွေးတိုင်း၊ ပုသိမ်-မုံရွာ လမ်းမကြီးဘေး အရပ်သား ပြည်သူ များ နေထိုင်ရာ ကားဂိတ်ဝန်းကျင်ကို စစ်တပ်က ပါရာမော်တာ ၃ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ ကားဂိတ်ကို အောက်တိုဘာလ ၁၂ ရက် နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအတွင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အသက် ၄၀ အရွယ် ကိုစည်သူ (ခ) ဖိုးထူး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦးခန့် မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။ စစ်အုပ်စုတပ်သည် မဲဇလီတံတား တောင်ဘက်ခြမ်း ပုသိမ်-မုံရွာ ကားလမ်းမ အရှေ့ဘက်ခြမ်း တစ်လျှောက်သို့ ဗုံး ၉ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ယခင် မဲဇလီ ရဲစခန်း ပတ်ဝန်းကျင်ရှိ နေအိမ်များနှင့် ရွာအဝင်ဝတို့လည်း ထိခိုက် ပျက်စီးခဲ့ရသည်။ မင်းတုန်းမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ပတ်အတွင်း နှစ်ကြိမ် မြောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ကံမ-မင်းတုန်း နယ်စပ်ရှိ စစ်သုံ့ပန်းများကို ထိန်းသိမ်းထားရာ မင်းတုန်းနယ် ချင်းနစ်ကျေးရွာကို စစ်အုပ်စုတပ်က ပါရာမော်တာဖြင့် ဗုံးကြဲခဲ့သဖြင့် ၁၂ နှစ်အရွယ် ကလေး တစ်ဦးနှင့် အဖိုးအိုတစ်ဦး သေဆုံးခဲ့ဖူးသည်။ အသက် ၇၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “အခု ဗုံးကြဲခံရတော့ လက်စားချေ တိုက်ခိုက်မှုလို့ စစ်အုပ်စု ထောက်ခံသူတွေက ကြွေးကြော်ကြတယ်။ ကျနော်တို့က ပြေးစရာမရှိ၊ လာရင်လည်း ဘယ်သူဘဲဖြစ်ဖြစ် ပေးရ ကျွေးရတာပါပဲ” ဟု ပြောသည်။ မဲဇလီကျေးရွာကို ဗုံးကြဲပြီးနောက် စစ်တပ်၏ အဆိုပါ ပါရာမော်တာများသည် ကပစ (၁၂) သို့ အပြန်တွင် အနိမ့်မှ ပျံသန်းခဲ့သဖြင့် လယ်ရဲနှင့် မှိုက်ကျေးရွာနေ ပြည်သူများ အထိတ်တလန့် ထွက်ပြေးခဲ့ကြရသည်။ ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ကလည်း ကံမမြို့နယ်အခြမ်းရှိ ကျောက်ပဒေါင်းကျေးရွာကို စစ်အုပ်စုတပ်က ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ခိုင်းနွားတစ်ကောင် သေဆုံးကာ မီးဖိုဆောင်တစ်ခု ထိခိုက် ပျက်စီးခဲ့ ဖူးသည်။ ဓာတ်ပုံ - မကွေးတိုင်းအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အရပ်သား နေအိမ်အချို့။ / Crd

မကွေးတိုင်းအတွင်း ကျေးရွာတရွာကို စစ်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံး

  • October 13, 2026

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ အဆုတ်ခွဲစိတ်ရန် ဆေးရုံတက်ရောက်မည်

  • October 13, 2026

ရခိုင်ရှိ ပေါက်တောနှင့် မြေပုံကို စစ်အုပ်စုတပ် လေကြောင်းမှ ဗုံးကြဲ၍ ကလေးအပါအဝင် ၉ ဦး သေဆုံး

  • October 12, 2026
တနင်္သာရီတိုင်း ပုလောတွင် စစ်တပ်၏ ကာကင်းစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြိတ်-ထားဝယ် လမ်းမကြီးပေါ်ရှိ စစ်တပ်၏ ကာကင်းစခန်းတစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်အုပ်စု ခလရ (၂၈၅) တပ်ရင်း၏ ကာကင်းစခန်းကို အောက်တိုဘာလ ၁၂ ရက် နံနက် ၆ နာရီခွဲအချိန်တွင် KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်း၍ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲက တော်တော်လေးကြမ်းတယ်၊ စစ်တပ်ဘက်က အင်အားက ၂၅ ယောက်လောက်ရှိတယ်၊ ၆၀ မမ ဗုံးသီးတွေရော ပွိုင့်ဖိုက်နဲ့ပါ ပြန်ပြီး ပစ် ခတ်ခဲ့သေးတာ” ဟု မြေပြင် တိုက်ပွဲအခြေအနေကို ပြောပြသည်။ နှစ်ဖက်တိုက်ပွဲမှာ ၁ နာရီခန့် အပြင်းအထန် ကြာမြင့်ခဲ့ပြီး နံနက် ၇ နာရီခွဲအချိန်တွင် အဆိုပါ ကာကင်းစခန်း တစ်ခုလုံးကို ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် မျက်မြင် ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်။ ထို့ပြင် တိုက်ပွဲအတွင်းမှ MA-1 ၁ လက်၊ MA-3 ၁ လက်၊ OG ၁ လက်၊ AK ၁ လက် စုစုပေါင်း သေနတ် ၄ လက်၊ ၆၀ မမ စိန်ပြောင်း ၁ ခု၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ အီနာဂါ ၆ လုံး၊ ကျည်ဘောက် ၆ ခုနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။ မကျည်းကုန်းကျေးရွာသည် မြိတ်-ထားဝယ် သွား အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး လက်ရှိတွင် ပုလောမြို့နယ် အနီးဝန်းကျင် နေရာအများအပြားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။ ဓာတ်ပုံ - (ပုလောမြို့နယ်အတွင်း ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်အပြီး စစ်အုပ်စုတပ်ထံမှ သိမ်းဆည်းရမိ ခဲ့သော လက်နက်ခဲယမ်းများ။ / Crd) #KNLA #တနင်္သာရီတိုင်း

တနင်္သာရီတိုင်း ပုလောတွင် စစ်တပ်၏ ကာကင်းစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

  • October 13, 2026

တောင်ကိုရီးယား ဒုံးကျည်စမ်းသပ်အပြီး မြောက်ကိုရီးယား ဒုံးကျည်များ ထပ်မံပစ်ခတ်

  • October 13, 2026

တိုက်ပွဲမရှိဘဲ ဝက်လက်ကို စစ်အုပ်စုတပ် ဗုံးကြဲ၍ အရပ်သား ၄ ဦး သေဆုံး

  • October 12, 2026
Sauna က သွေးချိုဆီးချိုနှင့် နှလုံးအတွက် အကျိုးပြု၊ သုတေသီများ အသေးစိတ်လေ့လာမည် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။ ချွေးထုတ်ခန်း (Sauna) ကို ပုံမှန် အသုံးပြုခြင်းသည် အမျိုးအစား (၂) သွေးချို/ဆီးချိုရောဂါကို သက်သာစေပြီး နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို လျော့နည်းစေသည်ဟု လေ့လာချက်အချို့တွင် တွေ့ရှိခဲ့သည်။ သို့သော် အဆိုပါ တွေ့ရှိချက်များသည် ပြီးပြည့်စုံသည့် သုတေသနများ မဟုတ်သေးသဖြင့် Sauna ဝင်ခြင်းနှင့် အပူကုထုံးများ သုံးစွဲခြင်းက ကျန်းမာရေးကို မည်သို့ အကျိုးပြုသည်ဆိုသည်ကို ခိုင်မာသည့် ဆေးဘက်ဆိုင်ရာ အထောက်အထားများ ရရှိရန်အတွက် နိုင်ငံတကာ သိပ္ပံပညာရှင်များက စနစ်တကျ သုတေသနပြုလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက နော်ဝေးနိုင်ငံ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အပူကုထုံး သုတေသန စာတမ်းဖတ်ပွဲတွင် အမေရိကန်၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့မှ သိပ္ပံပညာရှင်များ စုဝေး၍ အပူကုထုံးဆိုင်ရာ စံနှုန်းများကို စနစ်တကျ သတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ ပဏာမ သုတေသနတွေ့ရှိချက်များအရ Sauna ဝင်ခြင်းသည် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်သကဲ့သို့ သွေးဖိအားကို ကျစေပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ဆိုသည်။ ထို့ပြင် အမျိုးအစား (၂) ဆီးချိုရောဂါသည်များနှင့် စိတ်ကျရောဂါ ခံစားနေရသူများအတွက်လည်း သက်သာပျောက်ကင်းမှုအချို့ ပေးနိုင်သည်ဟု ဆိုသည်။ ဖင်လန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာချက်များအရလည်း တစ်ပတ်လျှင် ၄ ကြိမ်မှ ၇ ကြိမ်အထိ Sauna ဝင်သူများသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း တွေ့ရှိထားသည်။ သို့သော် ထိုတွေ့ရှိချက်များကို နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် လမ်းညွှန်ချက်အဖြစ် အသိအမှတ်ပြုနိုင်ရန် ခိုင်မာသည့် စမ်းသပ်မှုများ (Randomized controlled trials) ထပ်မံပြုလုပ်ရန် လိုအပ်နေသေးကြောင်း သုတေသနပညာရှင်များက ထောက်ပြထားသည်။

Sauna က သွေးချိုဆီးချိုနှင့် နှလုံးအတွက် အကျိုးပြု၊ သုတေသီများ အသေးစိတ်လေ့လာမည်

  • October 13, 2026

ရုရှားကို နေတိုး ပြင်းပြင်းထန်ထန် သတိပေး၊ EU က အကြီးမားဆုံး ပိတ်ဆို့မှု ထုတ်ပြန်

  • October 13, 2026

စစ်တပ်က ကပစ – ၁၆ အနီး အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်နေ

  • October 12, 2026
×Close