Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

တိုင်းရင်သား ဘာသာ သတင်းအစီအစဉ် ( မြန်မာ ) 15-05-2016

  • May 16, 2016

ထိုင်းငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသား ၁၃ ဦး လွတ်မြောက်
တပ်မတော် စစ်ကြောင်းမှ SSPP/SSA တပ်ဖွဲ့များအား ထိုးစစ်ဆင်ခြင်းအပေါ် ထုတ်ပြန်ချက်။

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ဟန်ဂေရီအစိုးရသည် သံတမန်ကျင့်ဝတ်နှင့် မညီသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ နိုင်ငံအတွင်းရှိ ရုရှားသံတမန် ၁၀ ဦးအား ထွက်ခွာရန် အင်္ဂါနေ့တွင် မိန့်ထုတ်ခဲ့သည်။ ဟန်ဂေရီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး အနီတာ အိုဘန် (Anita Orban) က ယခုလုပ်ဆောင်ချက်သည် နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ခြင်းဖြစ်ပြီး ရုရှားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခြင်း မဟုတ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြည်နှင်ဒဏ်ပေးမှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြင်းထန်ပြီး နာကျင်စေမည့် တုံ့ပြန်မှုမျိုး ပြန်လည်လုပ်ဆောင်သွားမည်ဟု တာ့စ် (TASS) သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှား ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အများစုက ရုရှားသံတမန်များကို ပြည်နှင်ဒဏ်ပေးခဲ့သော်လည်း ဟန်ဂေရီသည် မော်စကိုနှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ရာမှ ယခုကဲ့သို့ စစ်ရေးနှင့် သံတမန်ရေးရာ ရပ်တည်ချက် အပြောင်းအလဲ ပြုလုပ်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂဘက်ကလည်း ဟန်ဂေရီ၏ တရားဝင် ဆုံးဖြတ်ချက်အပေါ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထောက်ခံထားသည်။ #ဟန်ဂေရီ
    ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး — September 10, 2026 5:19 pm
  • ရုရှား ပင်လယ်နက် ရေတပ်စခန်းကို ယူကရိန်း တိုက်ခိုက်၊ စစ်သင်္ဘောနှင့် စစ်လက်နက်များ ပျက်စီး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ရုရှား၏ နိုဗိုရော့စစ်စခ် (Novorossiysk) ရေတပ်စခန်းကို ယူကရိန်း စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးနှင့် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၈ ရက်နှင့် ၉ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုရှား၏ ဒုံးကျည်တင် စစ်သင်္ဘော အက်ဒ်မိုင်ရယ် အက်ဆင် (Admiral Essen) ထိမှန်ပြီး မီးလောင်ကျွမ်းခဲ့သည်။ ယူကရိန် ဒရုန်းများသည် နိုဗိုရော့စစ်စခ် မြို့ပေါ်နှင့် ဆိပ်ကမ်းရှိ လောင်စာဆီ ဂိုဒေါင်များကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား ဒေသဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း ဆိပ်ကမ်းရှိ ရုရှား ဒုံးကျည်တင် လှေအချို့၊ Su-33 တိုက်လေယာဉ်တစ်စီး၊ Mi-8 ဟယ်လီကော်ပတာတစ်စီးနှင့် လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ်နှစ်ခုကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းဘက်က ပြောကြားထားသည်။ #Novorossiysk
    ရုရှား ပင်လယ်နက် ရေတပ်စခန်းကို ယူကရိန်း တိုက်ခိုက်၊ စစ်သင်္ဘောနှင့် စစ်လက်နက်များ ပျက်စီး — September 10, 2026 5:17 pm
  • တရုတ် ဟာဝေးကုမ္ပဏီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန် တရားစွဲဆို သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ တရုတ်နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် ဟာဝေး (Huawei) သည် ကမ္ဘာ့ဆက်သွယ်ရေးကဏ္ဍတွင် ထိပ်တန်းရောက်ရှိရေးအတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန် ကုမ္ပဏီများထံမှ နည်းပညာနှင့် လျှို့ဝှက်ချက်များကို မသမာသည့်နည်းဖြင့် ခိုးယူခဲ့ကြောင်း အမေရိကန် တရားရေးဌာန ရှေ့နေက နယူးယောက်မြို့ တရားရုံးတွင် စတင် စွပ်စွဲပြောဆိုလိုက်သည်။ ထို့ပြင် အီရန်နိုင်ငံတွင်း စီးပွားရေးလုပ်ဆောင်မှုကို ဖုံးကွယ်ရန် အမေရိကန် ဘဏ်စနစ်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်းပါ စွပ်စွဲထားသည်။ ဟာဝေးဘက်မှ ရှေ့နေများက ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြသည်။ သာမန် ဝန်ထမ်းအချို့၏ လွဲမှားသည့် ပြုလုပ်မှု အသေးအဖွဲများကို အစိုးရဘက်က ရာဇဝတ်မှုအဖြစ် ပုံဖော်နေခြင်းဖြစ်ကြောင်းနှင့် ဟာဝေး၏ အောင်မြင်မှုမှာ နည်းပညာသစ်များ ကြိုးစားဖန်တီးမှုကြောင့်သာ ဖြစ်ကြောင်း တုံ့ပြန်ချေပခဲ့သည်။ ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် အဆိုပါ အမှုစစ်ဆေးရေး လုပ်ငန်းစဉ်သည် ၃ လခန့် ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ #Huawei
    တရုတ် ဟာဝေးကုမ္ပဏီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန် တရားစွဲဆို — September 10, 2026 5:14 pm

Recent Posts

  • စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ်
  • တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပ
  • တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး
  • AA ထိန်းချုပ်နယ်မြေ ၅ ခုကို စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’ ဖြင့် ထိုးစစ်ဆင်နေသော်လည်း ခြေမချနိုင်သေး
  • ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး

Archives

Related Posts

စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ ချင်းပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဦးရေမှာ ၁ သိန်း ၈ သောင်းဝန်းကျင်အထိ ရှိနေပြီး ထိုစစ်ရှောင်များအတွက် အခြေခံ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ လက်ရှိ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရသူများဖြစ်ပြီး အဖက်ဖက်မှ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းဇထောင်း က ပြောသည်။ ဆလိုင်းဇထောင်း က “ပထမ စားဝတ် နေရေး လိုအပ်ချက်ရှိတယ်။ ဒုတိယလိုအပ်ချက်က ဘာလဲဆိုတော့ မိုးကာတွေ အခု ကျန်းမာရေး ဝန်ကြီးကို လည်း သူတို့တောင်းထားတာ ရှိတယ်။ သူတို့က မိုးကာနဲ့ ခြင်ထောင် ကျန်းမာရေး လိုအပ်ချက်အတွက် စောင့် ရှောက်မှု ပြီးလို့ရှိရင် အရေးပေါ် ဒီ ကျန်းမာရေး ဆေးတွေ ဘာတွေ လိုအပ်တာပေါ့နော်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ရှောက်စောင့် ကူညီထားပါတယ်။ သို့ပေမဲ့ ဒီဟာက ကျနော်တို့ လုံလောက်မှု မရှိပါဘူး” ဟု ပြောသည်။ ချင်းပြည်အတွင်းရှိ ဒေသခံများသည် စစ်ရေးပဋိပက္ခများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဘက်သို့လည်းကောင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဘက်သို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသကဲ့သို့ အချို့မှာလည်း ချင်းပြည်နယ်အတွင်းရှိ တောတောင်များနှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ထိုစစ်ဘေးရှောင် ၁ သိန်း ၈ သောင်းဝန်းကျင်အနက် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၄ သောင်းကျော်ကို ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရအနေဖြင့် တိုက်ရိုက်ချိတ်ဆက်၍ အကူအညီများ ပေးအပ်နိုင်သော်လည်း စစ်ဘေးရှောင် အားလုံးအတွက်မူ အကူအညီများ ထပ်မံလိုအပ်နေသေးကြောင်း ဆိုသည်။ ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရမှ လုပ်ဆောင်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး များနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရှာရွန်ပါရ်က ယခုကဲ့သို့ ပြောသည်။ “Man made disasters တွေသာ မကဘူးပေါ့နော် Natural disasters သဘာဝဘေးအန္တရာယ် တွေကိုလည်း တုန့်ပြန်ဆောင်ရွက်နေတဲ့ အခု ဒီကာလမှာ ဆိုရင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျမတို့ ပျက်စီးသွားတဲ့ အိမ် တွေ မိသားစုတွေကိုလည်း ဆက်ပြီးတော့ ထောက်ပံ့နေပါတယ်။ ပြီးတော့ စစ်ရှောင်တွေကိုလည်း ထောက်ပံ့ နေတာ ရှိတယ်။ ပြီးတော့ မုန်တိုင်းတွေ ရေကြီးတာတွေကြောင့် ကျမတို့ ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ဒီဝန်ကြီးဌာနကနေပဲ ဖြေရှင်းပေးနေပါတယ်။ အခု ၂၀၂၁ ကနေပြီးတော့ အခုအထိဆိုရင် စစ်ရှောင်တွေက ကျမတို့ နှစ်သိန်းနီးပါးရှိနေပါပြီ။” စစ်ဘေးရှောင် အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်၍ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောသည်။ အခြားတစ်ဖက်တွင်လည်း စစ်ဘေးလွတ်ရာ နေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် များအနေဖြင့် နေရပ်ရင်းသို့ ပြန်လာပါက ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရက အကူအညီပေးသွားမည် ဖြစ်သော်လည်း လက်ရှိ နယ်မြေလုံခြုံရေး အခြေအနေများကြောင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ဝန်ကြီး ဆလိုင်းဇထောင်း က ဆက်ပြောသည်။ “နည်းနည်း ပြန်ဝင်ဖို့ ရှိပေမယ့် အဲဒါလေးတွေ မဝင်နိုင်တာ အကြောင်းအမျိုးမျိုးပေါ့နော်။ ဒါတွေလည်း ရှိပါ တယ်။ တစ်ချို့က မီဇိုရမ်မှာ စစ်ရှောင်တွေကတော့ အားလုံးသိတဲ့အတိုင်း ချက်ချင်း ပြန်လာလို့ရှိရင်လည်း တော်တော်လေး ခက်ခဲတယ်။ စားဝတ်နေရေးအတွက်လည်း တော်တော်ခက်ခဲတယ်။ ကျနော်တို့ ချင်းပြည်က သိတဲ့အတိုင်းပေါ့နော်။ လမ်းပန်း ဆက်သွယ်ရေး ရာသီဥတု ပြီးလို့ရှိရင် ငွေရေးကြေးရေးအခက်အခဲကြောင့် ပြန်လာဖို့ကတော့ နည်းနည်း ခက်ခဲပါတယ်။” စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်အတွင်းရှိ နယ်စပ်ဒေသများနှင့် မြို့အများအပြားကို ချင်းတော်လှန်ရေး အဖွဲ့အစည်းများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံနှင့် အုပ်ချုပ်ရေး ယန္တရားများကို အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့ကြသည်။ လက်ရှိတွင် စစ်အုပ်စုတပ်က ၎င်းတို့ ဆုံးရှုံးသွားသည့် နယ်မြေများနှင့် စစ်ရေးဗျူဟာအရ အရေးပါသည့် ဒေသ များကို ပြန်လည်ရရှိရန် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများအပြင် မြေပြင်ထိုးစစ်များကို အရှိန်မြှင့် ဆောင်ရွက်လာသောကြောင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ အဆိုပါ တိုက်ပွဲများကြောင့် ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်မှ စစ်ဘေးရှောင်များ သည် နေရပ်ရင်းသို့ ပြန်လည်နေထိုင်ရန် ခက်ခဲနေသည့်အပြင် နေထိုင်စားသောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေဆဲ ဖြစ်သည်။ ပုံစာ – ချင်းပြည်၊ အိန္ဒိယနယ်စပ်အနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်။ / (Photo: Chinland Council) #ChinlandCouncil #IDPs

စစ်ဘေးရှောင် ၁ သိန်း ၈ သောင်းကျော်အတွက် ချင်းပြည်တွင် အရေးပေါ် အကူအညီ လိုအပ်

  • September 10, 2026

AA ထိန်းချုပ်နယ်မြေ ၅ ခုကို စစ်တပ်က ‘၄၉၂၆ စစ်ဆင်ရေး’ ဖြင့် ထိုးစစ်ဆင်နေသော်လည်း ခြေမချနိုင်သေး

  • September 10, 2026

တရုတ် ဟာဝေးကုမ္ပဏီကို ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန် တရားစွဲဆို

  • September 10, 2026
#ဆရာတော်ဦးဥတ္တမ

တိုက်ပွဲများနှင့် ဗုံးကြဲမှုများကြားမှ ၈၇ နှစ်မြောက် အရှင်ဥတ္တမနေ့ ဂါရဝပြုကျင်းပ

  • September 10, 2026

ဟန်ဂေရီက ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေး

  • September 10, 2026

နော်ဝေဘုရင် ဈာပန ကျင်းပ

  • September 10, 2026
တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင် လူနာတင်ကားတစ်စီး ပစ်ခတ်ခံရပြီးနောက် လက်ရှိအချိန်အထိ မည်သည့်အဖွဲ့က ကျူးလွန်သည်ဆိုသည်ကို နှစ်ဖက် လက်နက်ကိုင် တပ်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။ မောတောင်မြို့ အနီးတစ်ဝိုက်တွင် စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ အခြားတော်လှန်ရေးတပ်ဖွဲ့ တို့ စစ်ရေးလှုပ်ရှားနေကြပြီး ယခု ပစ်ခတ်ခံရသည့် တနင်္သာရီ-မောတောင်လမ်း (သိန်ခွန်းကျေးရွာ လမ်းပိုင်း) မှာ စစ်အုပ်စုတပ်က ၂၀၂၄ ခုနှစ်မှစ၍ ပြန်လည်ထိန်းချုပ်ထားသည့် နယ်မြေ ဖြစ် သည်။ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က “အခုအထိတော့ ဘယ်အဖွဲ့ကရယ်လို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ကော်မရှင်က ရာခိုင်နှုန်းတော့ များပါတယ်။ ဒီလို ရာဇဝတ်မှုကို ကျူးလွန်ရဲ တယ်ဆိုရင်” ဟု ပြောသည်။ စက်တင်ဘာလ ၇ ရက် နေ့လယ်ပိုင်းခန့်တွင် အသက် ၃၃ နှစ်အရွယ် ကိုသားကြီး (ခ) ဇော်မင်းထွန်း ဆိုသူသည် သူငယ်ချင်း ၃ ဦးနှင့်အတူ မောတောင်မြို့သို့ အဆိုပါ လူနာတင်ကားဖြင့် ကားကြုံလိုက်ပါလာစဉ် မောတောင်မြို့ ၏ အနောက်တောင်ဘက် ၅၁ မိုင်ခန့်အကွာ၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကိုသားကြီးမှာ နဖူးတည့်တည့်၌ ကျည်ထိမှန်ခဲ့ပြီး မောတောင်မြို့သို့ မရောက်မီ နာရီ ဝက်ခန့်အလိုတွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ သေနတ်ထိမှန်ပြီးနောက် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော်လည်း ကားပေါ်တွင် ပါလာသည့် ကျန် ၂ ဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ။ “မြိတ်ကနေ မောတောင်ကို ပြန်လာတာ ဟိုင်းဝေးလမ်းပါ။ အဲဒီလမ်းပေါ်က ရေဖြူရွာ အရောက်မှာ စပစ်တာ ပါ။ အဲဒီနေ့ စောစောပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာ ရှိတယ်၊ သို့သော် ကားကို ပစ်တဲ့အချိန် တိုက်ပွဲမဖြစ်ဘူးလို့ ပြော တယ်။ ကားကို ဦးတည်ပစ်တာလို့ ကောက်ချက်ချလို့ ရပါတယ်” ဟု နိုင်အဲမွန်က ဆက် ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်း၌ တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ထံ သွားရောက်ကူညီသည့် ကူညီရေးယာဉ်များ ပစ်ခတ်ခံခဲ့ရသဖြင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်သို့ သွားရောက်သည့် မော်တော်ယာဉ်များမှာ မကြာ ခဏ ပစ်ခတ်မှုနှင့် လုယက်မှုများ ရင်ဆိုင်နေရပြီး ဖြစ်စဉ်အများစုမှာ လက်သည်မပေါ်ဘဲ ကျန်ရစ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။ ဓါတ်ပုံ - Crd #မောတောင်

တနင်္သာရီတိုင်း မောတောင်၌ လူတဦး သေဆုံးခဲ့သော လူနာတင်ကား ပစ်ခတ်မှု လက်သည် မပေါ်သေး

  • September 10, 2026

ရုရှား ပင်လယ်နက် ရေတပ်စခန်းကို ယူကရိန်း တိုက်ခိုက်၊ စစ်သင်္ဘောနှင့် စစ်လက်နက်များ ပျက်စီး

  • September 10, 2026

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျပန် ဖူဂျီတောင်တက်လမ်း မြေပြို၊ လမ်းများ ပိတ်ထားရ

  • September 10, 2026
×Close