Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • English News
  • NMG အကြောင်း
  • Contact

တိုင်းရင်သား ဘာသာ သတင်းအစီအစဉ် ( မြန်မာ ) 15-05-2016

  • May 16, 2016

ထိုင်းငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသည့် မြန်မာနိုင်ငံသား ၁၃ ဦး လွတ်မြောက်
တပ်မတော် စစ်ကြောင်းမှ SSPP/SSA တပ်ဖွဲ့များအား ထိုးစစ်ဆင်ခြင်းအပေါ် ထုတ်ပြန်ချက်။

တနင်္လာနေ့ ည ရုပ်သံသတင်း (၅-၅-၂၅)

တနင်္လာနေ့ ည ရုပ်သံသတင်း (၅-၅-၂၅)

ဒီနေ့ အစီအစဉ်ထဲမှာတော့ … TNLA သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ပေးဖို့ ဘယ်သူတွေက ဖိအား ပေးနေတာလဲ။ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်က စစ်ရေး အခြေအနေတွေ။        ရုရှားရဲ့ မဟာအောင်ပွဲနေ့ အခမ်းအနားကို ဘယ်သူတွေ တက်မှာလဲ။  မလေးကျားက ထိုင်းနယ်စပ်မှာ ဘာလို့ ရောက်နေတာလဲ ဆိုတာတွေကို တင်ဆက်ထားပါတယ်။

×Close

News

  • ပလက်ဝ စစ်ရှောင်များ ဆေးဝါးအပါအဝင် ကျန်းမာရေး ထောက်ပံ့မှုများ လိုအပ်
    IDPs Face Severe Medicine Shortages in Paletwa Township — November 7, 2024 3:02 pm
  • ပင်လောင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ
    1,000 Displaced Need Urgent Aid in Pinlaung Township, Shan State — October 30, 2024 1:52 pm
  • ပအိုဝ်းပြည်သူ့စစ်က ရွာသားများကို ရွာပြင်ထွက်ခွင့်ပိတ်
    Junta-Aligned Pa-O Militia Bans Residents from Leaving Villages — October 29, 2024 2:23 pm

Recent Posts

  •  ဒုက္ခ သည်များအား အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရအား တောင်းဆို
  • ဝက်လက်မြို့နယ်တွင် ကျေးရွာများကို ဗုံးကြဲ၊ အရပ်သား ၂၀ ခန့်သေဆုံး 
  • သာယာဝတီထောင်တွင် နိုင်ကျဉ်း တစ်ဦး ရိုက်နှက် တိုက်ပိတ်ခံရ
  • မိုးဗြဲ-လွိုင်ကော်လမ်း လုံခြုံမှု မရှိသေးဟု တော်လှန်ရေး တပ်ဖွဲ့များက ပြော
  • ရေဖြူတွင် စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦး သေဆုံး 

Archives

Related Posts

 ဒုက္ခ သည်များအား အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရအား တောင်းဆို

 ဒုက္ခ သည်များအား အလုပ်လုပ်ခွင့်ပေးရန် ထိုင်းအစိုးရအား တောင်းဆို

  • July 19, 2025

မိုးဗြဲ-လွိုင်ကော်လမ်း လုံခြုံမှု မရှိသေးဟု တော်လှန်ရေး တပ်ဖွဲ့များက ပြော

  • July 19, 2025

ဖားကန့်အား နေ့စဉ်ရက်ဆက် ဗုံးကြဲနေ

  • July 16, 2025
ဝက်လက်မြို့နယ်တွင် ကျေးရွာများကို ဗုံးကြဲ၊ အရပ်သား ၂၀ ခန့်သေဆုံး   သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ဧရာဝတီမြစ်ဘေးရှိ ကျေးရွာ ၃ ရွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခံရ သဖြင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့သည်ဟု မြစ်ကြောင်း အခြေအနေအား စောင့်ကြည့်နေသည့်အဖွဲ့များက ပြော သည်။   တံတားဦးမှ တက်လာသော Y12 လေယာဥ်ဖြင့် ဧရာဝတီမြစ်ဘေးရှိ ရှားကွဲ၊ ငါဘတ်ချောင်း နှင့် ရေလည်မော် ကျေးရွာတို့ကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။   ရှားကွဲကျေးရွာမှ ၈ ဦး၊ ငါးဘတ်ချောင်းကျေးရွာမှ ၁၂ ဦးနှင့် ရေလည်မော်ကျေးရွာမှ ပကဖ ရဲဘော် တစ်ဦးတို့ လေကြောင်း တိုက်ခိုက်ခံရမှုထဲ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်ရှိသည်ဟု Wetlet Informational Network က အတည်ပြုပြောဆိုသည်။   Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက “သင်္ဘောတွေကို လာဝန်းရံပေးရင်းနဲ့မှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာက ခန့်မှန်းပြည်သူ ၂၀ သေဆုံးပြီးတော့မှ ပကဖ ရဲဘော်တစ်ဦး ကျတယ်ဗျ။ သူက မထင်ထားကြဘူး သင်္ဘောလမ်းကြောင်းက ရေလည်မော်ရွာကနေ အထက်ကို ဆန်တက်ရမှာဗျ။ ငဘတ်ချောင်း တို့ ရှားကွဲရွာတို့က သင်္ဘောတွေ မဝင်နိုင်တဲ့ ဒေသတွေဆိုတော့ မလာလောက်ဘူးထင်တာ” ဟု ပြောသည်။   ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ရှိန်းမကားကျေးရွာ ဆိပ်ကမ်းမှ စစ်သင်္ဘောများ ဆန်တက် ချိန်၌ လေကြောင်းမှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရေလည်မှော်ကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်ဟု ဆိုသည်။   စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ဘေးတစ်လျှောက် ပြင်းထန်နေသည့် တိုက်ပွဲများအတွင်း စစ်အင်အား ဖြည့်တင်းရန်အတွက် မြစ်ရေတက်ခြင်းကို အခွင့်ကောင်းယူကာ စစ်အင်အားများ ဖြည့်တင်းလေ့ရှိသည်။   ယမန်နှစ်ကလည်း ဧရာဝတီမြစ်ကြောင်း အတိုင်း စစ်သင်္ဘောများ အသုံးပြုပြီး မန္တလေးတိုင်းမှ အထက်ဘက် ကချင်ပြည်၊ ဗန်းမော်မြို့အထိ စစ်လက်နက် ရိက္ခာနှင့် ဆေးဝါးများ ဖြည့်တင်းခဲ့သည်။   ယခုကဲ့သို့ ရေကြောင်းအား အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းချိန်တွင် ဧရာဝတီ မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်လေ့ရှိသည့်အပြင် လေကြောင်းမှ တစ်ဆင့်လည်း ပစ်ခတ်မှုများ လုပ်လေ့ရှိသည်။   Wetlet Informational Network မှ တာဝန်ရှိသူက “အဓိကကတော့ သင်္ဘော တက်လာတဲ့ တစ်လျှောက် မြစ် ကမ်းဘေး တစ်လျှောက်က ပြည်သူတွေကို သင်္ဘောတွေ တက်သွားမှပဲ ကိုယ့်အိမ်ကိုယ် ပြန်နေကြဖို့၊ သင်္ဘော တက်ရာ လမ်းကြောင်းမှာက လေကြောင်း တိုက်ခိုက်မှုတွေက အနောက်ကနေ အစဥ်မပြတ် လုပ်နေတော့ လေကြောင်း သတင်းတွေ နားစွင့်ကြဖို့ ပြောချင်ပါတယ်” ဟု ဆက်ပြောသည်။   ယခု တက်လာသည့် စစ်ကောင်စီ၏ ရေယာဥ်တန်းထဲတွင် စစ်သင်္ဘော ၅ စီး၊ ရိက္ခာတင်သင်္ဘော ၇ စီး နှင့် နောက် တွန်း ဖလပ်ခွံ့ ရေယာဥ် စုစုပေါင်း ၁၄ စီးခန့် ပါဝင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွ် ရွှေဘိုမြို့နယ်သို့ စစ်သင်္ဘောများ ရောက်ရှိနေပြီဟု Wetlet Informational Network က ထုတ်ပြန်ထားသည်။   အဆိုပါ စစ်သင်္ဘောနှင့် ရိက္ခာတင် သင်္ဘောများသည် မန္တလေး - ဝက်လက် - ရွှေဘို - ကျောက်မြောင်း -တကောင်း - ထီးချိုင့် - ကသာ - ရွှေကူ - ဗန်းမော် စသည့် လမ်းကြောင်းအတိုင်း ဆန်တက်လာနိုင်သည်ဟု စစ်ရေးအခြေအနေ စောင့်ကြည်နေသူများက သုံးသပ်နေကြသည်။   ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဆန်တက်ခဲ့သည့် စစ်သင်္ဘောနှင့် ရိက္ခာတင် သင်္ဘော အချို့သည် မြစ်ကြောင်း တစ်လျှောက် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် ရေယာဥ်အချို့ မှာ ပျက်စီးခဲ့ သည်။   ရေယာဉ်အချို့မှာမူ တော်လှန်ရေးအဖွဲ့၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး အချို့မှာ ဗန်းမော်မြို့အထိ ဆန်တက် နိုင်ခဲ့ သည်ဟု ဆိုကြသည်။

ဝက်လက်မြို့နယ်တွင် ကျေးရွာများကို ဗုံးကြဲ၊ အရပ်သား ၂၀ ခန့်သေဆုံး 

  • July 19, 2025

ရေဖြူတွင် စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ဦး သေဆုံး 

  • July 17, 2025

မန္တလေး-မြစ်ကြီးနား လမ်း ၆ ရက် ခရီးသွားနေရ 

  • July 16, 2025
သာယာဝတီထောင်တွင် နိုင်ကျဉ်း တစ်ဦး ရိုက်နှက် တိုက်ပိတ်ခံရ   သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။   သာယာဝတီ အကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသား တစ်ဦး ရိုက်နှက် တိုက်ပိတ်ခံထားရသည်ဟု အကျဉ်းဦးစီး နှင့် နီးစပ်သူများက ပြောသည်။   ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးကို ပုခုံးဆစ် ပြုတ်သည်အထိ ရိုက် နှက်ခံရပြီး ဇူလိုင်လ ၁၇ ရက်နေ့ အထိ တိုက်ပိတ်ထားဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ယက် (PPNM) က ထုတ်ပြန်သည်။   PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကိုအောင်သူထက် တိုက်ပိတ်ခံထားရတဲ့ အခြေအနေပေါ့ နော်။ စတင်တိုက်ပိတ်ပြီ ဆိုတာနဲ့ ထောင်ဝင်စာ ပါဆယ်ပါ တစ်လအနည်းဆုံး ပိတ်ခံထားရတဲ့ အခြေအနေ ဖြစ် ပါတယ်။ မိသားစုဝင်တွေ အဆက်အသွယ် နဂိုကတည်းက ခက်ခဲတဲ့သူဆိုရင်တော့ ထောင်ဝင်စာ အင်မတန်  ခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။   နိုင်ငံရေး အကျဉ်းသားဖြစ်သည့် ကိုအောင်ထက်သူအား အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း စိုးမင်းက အခြား ရာဇဝတ် အကျဉ်းသားနှင့် ရန်ဖြစ်သည်ဟု ဆိုကာ စွပ်စွဲရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။   ကိုအောင်ထက်သူအား ဇူလိုင်လ ၆ ရက်နေ့တွင် ရိုက်နှက်ခဲ့ပြီးနောက် ဆေးကုသခွင့် ပိတ်ပင်ထားခဲ့ပြီး ယင်းနေ့ နေ့လည် ၂ နာရီမှသာ နိုင်ကျဉ်းများ၏ ဝိုင်းဝန်းတောင်းဆိုမှုကြောင့် ဆေးကုသခွင့် ရရှိခဲ့သည်ဟု ထောင်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။   ကျူးလွန်သူ စိုးမင်း ဆိုသူမှာ ယခင်နှစ်များကလည်း နိုင်ကျဉ်းများ အပေါ် ကိုယ်ထိလက်ရောက် အကြမ်းဖက် ကျူးလွန်မှုများ မကြာခဏ လုပ်ဆောင်လေ့ ရှိသဖြင့် တိုင်ကြားခြင်း ခံထားရသူ ဖြစ်သည်ဟု နိုင်ကျဉ်းဟောင်း များက ပြောသည်။   သို့သော် ၎င်းအား လက်ရှိချိန်အထိ ထောင်ပြောင်းရွှေ့ပေးခြင်း မရှိဘဲ သာယာဝတီထောင်၌သာ အပြင်ထွက်ခွင့် ပိတ်ခြင်း၊ ထောင်အဆောက်အအုံ ပြောင်းခြင်းဖြင့်သာ အရေးယူခဲ့ပြီး လက်ရှိတွင်လည်း ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ပေးထားဆဲဖြစ်သည်ဟု ဆိုသည်။   “ထောင်တိုင်းနီးပါး အဓိက ဖိနှိပ်မှုတွေ ဖြစ်ပေမယ့် အများအားဖြင့် မန္တလေး အိုးဘိုထောင်၊ မြင်းခြံထောင်၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင်ပေါ့နော် ပြီးတော့ မကွေးထောင်၊ မုံရွာထောင်ပေါ့နော်။ ဒီလိုထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်တဲ့ ကိစ္စတွေတော့ ရှိပါတယ်။ အများအားဖြင့်တော့ ဗဟိုထောင်တွေပေါ့ နော်၊ ထောင်မကြီးတွေတော့ ပိုပြီးတော့ ဖိနှိပ်မှု ပိုများတယ်လို့ ပြောလို့ရပါတယ်ခင်ဗျာ” ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။   သာယာဝတီ အကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသားများအား လူ့အခွင့်အရေး ချိုးဖောက်သည့် အကြမ်းဖက် ဖိနှပ်မှုများ ဆက်တိုက် ကျူးလွန်နေကြသော်လည်း စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များက လျစ်လျူရှုထားသဖြင့် ဖိနှိပ်များ ဆက်လက် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။   နိုင်ကျဉ်းများ၏ အကျဉ်းသား အခွင့်အရေးအရ ထောင်တွင်း ဆေးဝါးကုသမှုနှင့် ဆေးဝါးလုံလောက်စွာ ထားရရှိ ရေး၊ ကျန်းမာရေးအရ စိုးရိမ်ရသူများကို ပြင်ပဆေးရုံသို့ အချိန်နှင့် တပြေးညီ ပို့ဆောင်ပေးရန် PPNM မှ တောင်း ဆိုထားသော်လည်း အကျဉ်းဦးစီးဌာနမှ လိုက်နာမှု မရှိသဖြင့် နှစ်စဉ်ပျမ်းမျှ နိုင်ကျဉ်း ၂၅ ဦးခန့် အသက် ဆုံးရှုံးနေ ရသည်ဟု ဆိုသည်။

သာယာဝတီထောင်တွင် နိုင်ကျဉ်း တစ်ဦး ရိုက်နှက် တိုက်ပိတ်ခံရ

  • July 19, 2025

စစ်ကောင်စီ ဒရုန်းကြောင့် PDF တစ်ဦး အပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

  • July 17, 2025

ရှမ်းမြောက် ဗုံးကြဲမှု အရပ်သား ထိခိုက်မှုများရှိနေ

  • July 16, 2025
×Close