Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

86 ကြိမ်မြောက် ထိုင်း မြန်မာ နယ်ခြားကော်မတီ TBC အစည်းအဝေး ကျင်းပ

  • May 30, 2016
တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( မြန်မာဘာသာ ) ၂၉ -၅-၂၀၁၆
UWSA တပ်စခန်းတချို့ဖယ်ရှားပေးရန် ထိုင်းမှ တောင်းဆို

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် US နိုင်ငံခြားရေး ဌာနနှင့် အာဆီယံ ဥက္ကဋ္ဌတောင်းဆို   သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။   အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာဆီယံဥက္ကဋ္ဌတို့က ဖမ်းဆီးထိန်းသိမ်းခံထားရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ယနေ့ ဩဂုတ် ၇ ရက် သောကြာနေ့တွင် ထပ်မံတောင်းဆိုလိုက်ကြကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။   ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ရာမှ ပြီးခဲ့သည့် တနင်္လာနေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။   အမေရိကန်နိုင်ငံခြားရေးဌာနနှင့် အာဆီယံဥက္ကဋ္ဌတို့က သီးခြားစီထုတ်ပြန်သည့် ကြေညာချက်များတွင် ICRC ၏ အဆိုပါတွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် ပုံမှန်တွေ့ဆုံခွင့်ရရှိရေးအတွက် စတင်မှုတစ်ခုဖြစ်ရန် မျှော်လင့်ကြောင်း ဖော်ပြထားကြသည်။   "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဆီ ပိုမိုဝင်ရောက်တွေ့ဆုံခွင့်ရဖို့ တိုက်တွန်းပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝနဲ့ ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအပါအဝင် ထိန်းသိမ်းခံထားရသူ အားလုံးကို လွှတ်ပေးဖို့ ကျွန်ုပ်တို့ရဲ့ တောင်းဆိုမှုကို ထပ်လောင်းပြောကြားလိုပါတယ်" ဟု အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   အမေရိကန်နိုင်ငံခြားရေးဌာနကလည်း X လူမှုကွန်ရက်တွင် "ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ရရှိရေးအတွက် စတင်မှုတစ်ခုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံးဆီ ပိုမိုဝင်ရောက်ကူညီခွင့်ရရှိရေးအတွက် လမ်းစတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်" ဟု ရေးသားထားကာ ဒေါ်အောင်ဆန်းစုကြည်အား "ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန်" တောင်းဆိုခဲ့သည်။   ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနက အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးအတွက် မြန်မာစစ်တပ်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။   အာဆီယံဥက္ကဋ္ဌကလည်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးမူအတိုင်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရာတွင် အာဆီယံအထူးသံတမန်၏ အခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုခဲ့သည်။ အာဆီယံအထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရှိရန် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   #ဒေါ်အောင်ဆန်းစုကြည် #AungSanSuKyi
    ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် US နိုင်ငံခြားရေး ဌာနနှင့် အာဆီယံ ဥက္ကဋ္ဌတောင်းဆို — August 7, 2026 4:27 pm
  • ထိုင်းစာသင်ကျောင်း ပစ်ခတ်မှု အနည်းဆုံး ၇ ဦး သေဆုံး ပြီး ၁၅ ဦး ဒဏ်ရာရ   သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။   ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်း နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အမျိုးသား အထက်တန်းကျောင်း တစ်ကျောင်းတွင် ယနေ့ သောကြာနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။   အဆိုပါ ဖြစ်စဉ်တွင် အသက် ၉ တန်းအရွယ် ကျောင်းသားတစ်ဦးသည် ကျောင်းဝင်းအတွင်းသို့ လက်နက်ငယ်ယူဆောင်လာကာ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။   ဒဏ်ရာရရှိသူ အများစုမှာ သေနတ်ထိမှန်ခြင်းကြောင့်ထက် အထိတ်တလန့်ဖြစ်ကာ ရုန်းရင်းဆန်ခတ် ထွက်ပြေးရာမှ ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။   အစောပိုင်း ကောလာဟလများတွင် ရဲတပ်ဖွဲ့က သေနတ်သမားအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် နောက်ဆုံးအချိန်၌ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။   ၎င်း၏ လွယ်အိတ်အတွင်း၌ မပေါက်ကွဲသေးသည့် ခဲယမ်းအမြောက်အမြား ကျန်ရှိနေခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရသည်။   ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၏ လူမှုကွန်ရက်စာမျက်နှာများထက်တွင် စာသင်ကျောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။    #Nonthaburi #StudentShoots
    ထိုင်းစာသင်ကျောင်း ပစ်ခတ်မှု အနည်းဆုံး ၇ ဦး သေဆုံး ပြီး၁၅ ဦး ဒဏ်ရာရ  — August 7, 2026 2:44 pm
  • သတင်းထောက်သေဆုံးမှု အစ္စရေးကို စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲ   သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။   လက်ဘနွန်နိုင်ငံအတွင်း အမျိုးသမီး သတင်းထောက်တစ်ဦး အစ္စရေးစစ်တပ်၏ လေကြောင်းတိုက် ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဩဂုတ်လ ၆ ရက်နေ့တွင် ပူးတွဲကြေညာလိုက်သည်။   ပြီးခဲ့သည့် ဧပြီလအတွင်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ပွဲများ ပြင်းထန်နေချိန်၌ တောင်ပိုင်းတိုက်ပွဲဇုန်အတွင်း သတင်းသွားရောက်ရယူခဲ့သည့် လက်ဘနွန်သတင်းထောက် အာမဲလ် ခါလီလ် (Amal Khalil) သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည်။   အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် Human Rights Watch အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက အစ္စရေးစစ်တပ်သည် ၎င်းအား အမျိုးသမီး သတင်းထောက်မှန်း သိလျက်နှင့် တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။   ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိပြီး အဆောက်အအုံအပျက်အစီးများအောက် ပိတ်မိနေခဲ့သည့် သတင်းထောက် ခါလီလ်ထံသို့ ကယ်ဆယ်ရေးဆေးအဖွဲ့များ ဝင်ရောက်ကူညီခွင့်မရရှိစေရန် အစ္စရေးဘက်က နာရီပေါင်းများစွာ ဟန့်တားပစ်ခတ်ခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။   သတင်းထောက် ခါလီလ်သည် ဆေးကုသခွင့်မရဘဲ သွေးလွန်ပြီး သေဆုံးသွားခဲ့ရခြင်းဖြစ်ရာ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။   အစ္စရေးစစ်တပ်ဘက်ကမူ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ သတင်းထောက်များကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျိုး မရှိဘဲ အနီးအနားရှိ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို ရှင်းလင်းစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ အကြိုစုံစမ်းစစ်ဆေးမှုများအရ ပြန်လည်တုံ့ပြန်ထားသည်။   ၂၀၂၃ ခုနှစ်မှစတင်ကာ လက်ဘနွန်စစ်ပွဲအတွင်း သေဆုံးခဲ့ရသည့် သတင်းထောက်ပေါင်း ၁၁ ဦးအထိ ရှိလာပြီဖြစ်သည်။   Photo:AFP   #AmalKhalil
    သတင်းထောက်သေဆုံးမှု အစ္စရေးကို စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲ — August 7, 2026 2:34 pm

Recent Posts

  • ပုဏ္ဏားကျွန်းအမှုတွင် မုဒိမ်းကျင့်သတ်ဖြတ်သူကို သေဒဏ်နှင့် နှစ်ဦးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်
  • အောင်ပန်းတွင် ပျောက်ဆုံးနေသည့် ကလေးငယ်အလောင်းကို  ရေတွင်းပျက်၌တွေ့ရှိ 
  • တိုက်ပွဲနှင့် ဗုံးကြဲမှုများကြောင့် ကရင်နီတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နီးပါး  တိုးလာ
  • စစ်အုပ်စုကို ထိုင်းက ဖိတ်ခေါ်သော်လည်း အာဆီယံတစ်စုံလုံး လက်ခံရန် ခဲယဉ်းဟု ဆို
  • ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် US နိုင်ငံခြားရေး ဌာနနှင့် အာဆီယံ ဥက္ကဋ္ဌတောင်းဆို

Archives

Related Posts

ပုဏ္ဏားကျွန်းအမှုတွင် မုဒိမ်းကျင့်သတ်ဖြတ်သူကို သေဒဏ်နှင့် နှစ်ဦးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်   သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။   ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်လူသတ်မှုနှင့်ပတ်သက်၍ တရားခံသုံးဦးအနက် တစ်ဦးကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် သေဒဏ်ချမှတ်ခဲ့ပြီး ကျန်တရားခံနှစ်ဦးကိုမူ ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီး ချမှတ်လိုက်သည်။   အဆိုပါ ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ “ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရပ်ရွာနေ (အဖ) ဦးသာထွန်းစံ၏သား - (၁) တရားခံ မောင်တင်ဝင်းမာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၁)(ဂ) အရ ပြစ်မှုထင်ရှားပေါ်ပေါက်သဖြင့် ယင်း ဥပဒေ၊ ယင်းပုဒ်မအရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေ” ဟု အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်း များ ထုတ်ပြန်ရေးအဖွဲ့၏ ဩဂုတ်လ ၆ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။   အမျိုးသမီးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာ၊ ကျားလောင်ပွန်းဘုန်း ကြီးကျောင်းရှိ ယာယီစစ်ရှောင်စခန်းတွင် နေထိုင်သူဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာမှ (အဖ) ဦးသာထွန်းစံ၏ သားဖြစ်သူ မောင်တင်ဝင်း (၃၇ နှစ်) က ဝန်ခံထွက်ဆိုခဲ့ကြောင်း မှုခင်းသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။   ထို့ပြင် ကျန်တရားခံနှစ်ဦးနှင့်ပတ်သက်၍လည်း “ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ရှောင်စခန်းနေ (အဖ) ဦးကျော်ဆန်း ၏သား - (၂) တရားခံ အေးကျော် (ခ) မောင်ပုမာ ရာဇသတ်ကြီးပုဒ်မ - ၃၆၄ အရ ပြစ်မှုထင်ရှား ပေါ်ပေါက်သဖြင့် ယင်းဥပဒေ၊ ယင်းပုဒ်မအရ ထောင်ဒဏ် (၂၀) နှစ် ကျခံစေ” ဟု အမိန့်ချမှတ်ခဲ့သည်။     ယခုကဲ့သို့ အမြန်ဆုံး အမိန့်ချမှတ်နိုင်ခဲ့ခြင်းအပေါ် အာရက္ခတပ်တော် တရားရေးနှင့် နီးစပ်သူ ရှေ့နေတစ်ဦးက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။   “အမှုက လူထုစိတ်ဝင်စားတယ်၊ မခံမရနိုင် ဖြစ်နေကြတော့ အေအေက စောစောအမိန့်ချနိုင်အောင် ဆောင်ရွက် ခဲ့တာလို့ ထင်ပါတယ်။ ဝေဖန်တာတွေကို မပြောလိုပါဘူး။ အခုအမိန့်ချလိုက်ပြီဆိုတော့ ရှင်းသွားပါပြီ၊ ဩဂုတ် လ ၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးက ချမှတ်တာပါ။ တရားခံတွေကို ချုပ်ရက်ခံစားဖို့ ဘေးတွဲဆိုင်ကယ် ၂ စီးပိုင်ရှင်ကို ပြန်ပေးဖို့လည်း ပါပါတယ်။”   တရားခံများသည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ချုပ်ရက်များကို ထုတ်နှုတ်ခံစားစေပြီး ရှာဖွေပုံစံ (ဏ) ဖြင့် သိမ်းဆည်းထားသော ဘေးတွဲဆိုင်ကယ် နှစ်စီးအား ပိုင်ရှင်ထံ ပြန်လည်ပေးအပ်စေကာ ကျန်သက်သေခံပစ္စည်းများကို ဖျက်ဆီးစေပြီး အမှုအား “အမှုမှန်” ဟု သတ်မှတ်ကြောင်း တရားရုံးက ဆိုထား သည်။   အဆိုပါအမှုမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ ည ၁၀ နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာ အနောက်ဘက် တောင်ခြေရင်းအောက် မြောင်းစပ်၌ လူတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ ဒီလပ်တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေး ခဲ့ရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။   စစ်တွေခရိုင်တရားရုံးသည် အဆိုပါအမှုကို ၂၀၂၆ ခုနှစ်၊ ရာဇဝတ်ကြီးမှုအမှတ် - ၃၅ ဖြင့် တရားလိုဘက်မှ ခရိုင် ဥပဒေအရာရှိတစ်ဦးနှင့် တရားခံဘက်မှ ဥပဒေအကျိုးဆောင် တစ်ဦးတို့ကို တာဝန်ပေးအပ်ကာ လိုပြသက်သေ ၁၉ ဦးအပါအဝင် နှစ်ဖက်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၂ ရက်နေ့တွင် စွဲချက်အမိန့် ချမှတ်ခဲ့ ခြင်း ဖြစ်သည်။   #မုဒိမ်းမှု #ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းအမှုတွင် မုဒိမ်းကျင့်သတ်ဖြတ်သူကို သေဒဏ်နှင့် နှစ်ဦးကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်

  • August 7, 2026

စစ်အုပ်စုကို ထိုင်းက ဖိတ်ခေါ်သော်လည်း အာဆီယံတစ်စုံလုံး လက်ခံရန် ခဲယဉ်းဟု ဆို

  • August 7, 2026

သတင်းထောက်သေဆုံးမှု အစ္စရေးကို စစ်ရာဇဝတ်မှုဖြင့် စွပ်စွဲ

  • August 7, 2026
အောင်ပန်းတွင် ပျောက်ဆုံးနေသည့် ကလေးငယ်အလောင်းကို  ရေတွင်းပျက်၌တွေ့ရှိ   သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။   ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အနီးတွင် အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားပြီးနောက် သေဆုံးနေသည့် အနေအထားဖြင့် ရေတွင်းပျက်တစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ ကြောင်း လူမှုကူညီရေးအသင်းဝင်များက ပြောဆိုသည်။   အောင်ပန်းနာရေး ကူညီမှုအသင်းနှင့် မိသားစုဝင်များ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ အောင်ပန်းမြို့အနီး၊ ဘုရားတောင် ကျေးရွာရှိ ရေတွင်းပျက်တစ်ရွာ၌ ဩဂုတ်လ ၆ ရက် ည ၁၁ နာရီခန့်က ယခုကဲ့သို့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။   ဖြစ်စဉ်နှင့်ပတ်သက်ပြီး နီးစပ်သူတစ်ဦးက “စတွေ့တော့ အလောင်းက ပုံမှန်ဟုတ်မနေဘူး။ ဒီတိုင်းပြုတ်ကျလို့ သေတာလား၊ တခုခု လုပ်ခံရတာလားဆိုတာ မြင်တဲ့သူတိုင်း သိကြပါတယ်။ ကလေးက ပျောက်နေတုန်း ဖြစ် သွားတာဆိုတော့ မိဘတွေ ရင်ကျိုးမတတ်ပဲ” ဟု ပြောသည်။   သေဆုံးသူ ကလေးငယ်သည် ဩဂုတ်လ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်ကတည်းက ကျေးရွာအတွင်းရှိ နေအိမ်မှ တစ်ဦးတည်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များက ဝိုင်းဝန်းရှာဖွေော်သော်လည်း မတွေ့ရှိရသဖြင့် လူမှုကူညီရေး အသင်းဝင်များထံ အကူအညီ လိုက်လံတောင်းခံခဲ့ရခြင်း ဖြစ်သည်။   အလောင်းအား တွေ့ရှိချိန်တွင် သေဆုံးသူ ဝတ်ဆင်ထားသည့် နားကပ်တစ်ရံ ပျောက်ဆုံးနေပြီး နားရွက်၌ ဆွဲဖြုတ်ယူထားသည့် ဒဏ်ရာများကို တွေ့ရသည့်အပြင် တစ်ကိုယ်လုံးရှိ ဒဏ်ရာအနေအထားများအရ ရိုက်နှက် လုယက် သတ်ဖြတ်ပြီးမှ ရေတွင်းထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူမှုကူညီရေးအသင်းဝင်များက ကောက် ချက်ချ ပြောဆိုကြသည်။   သေဆုံးသူ ခြောက်နှစ်အရွယ် ကလေးငယ်မှာ နောင်ရဲကျေးရွာနေ ဦးမောင်မောင်နှင့် ဒေါ်ခက်ခက်တို့၏ သမီး ဖြစ်သူ မဆောင်းနှင်း ဖြစ်ပြီး သူငယ်တန်း (KG) တက်ရောက်နေသူတစ်ဦး ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။   လိုက်လံကူညီဆောင်ရွက်ပေးခဲ့သည့် အမျိုးသားတစ်ဦးက “အခု ရဲစစ်ချက်ယူနေသေးတယ်။ အသတ်ခံရတာ တော့ ဟုတ်တယ်။ အဲဒါတော့ သေချာပြောလို့ရတယ်။ နားကပ်ကလည်း ပြောရမယ်ဆို ပြန်ရောင်းရင် ဘယ် လောက်မှ မရပါဘူး။ သားသမီးချင်း မစာမနာ လုပ်ရက်ကြတာ။ ဒီမှာက ဆေးသမားများတော့ ဒါမျိုးတွေက ခဏခဏ ဖြစ်တယ်” ဟု ပြောသည်။   စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကလောမြို့နယ်အတွင်း ပိုင်ရှင်မဲ့အလောင်းများ တွေ့ရှိရခြင်း၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းနှင့် အသတ်ခံရသည့် ဖြစ်စဉ်များကြောင့် တစ်လလျှင် အနည်းဆုံး အလောင်းတစ်လောင်းခန့် ပေါ်ထွက်နေပြီး ဒေသခံများအနေဖြင့် ညဘက်သွားလာရေးအတွက် အထူးစိုးရိမ်ပူပန်နေကြရသည်။   ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ အသတ်ခံရသည့် ရာဇဝတ်မှုများနှင့် လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများမှာ တစ်နည်းတစ်ဖုံ ဆက်စပ်လျက်ရှိကြောင်း သိရသည်။   #ကလော #အောင်ပန်းမြို့

အောင်ပန်းတွင် ပျောက်ဆုံးနေသည့် ကလေးငယ်အလောင်းကို  ရေတွင်းပျက်၌တွေ့ရှိ 

  • August 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် US နိုင်ငံခြားရေး ဌာနနှင့် အာဆီယံ ဥက္ကဋ္ဌတောင်းဆို

  • August 7, 2026

သေဒဏ်ချခံထားသည့်ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း နေရပ်ပြန်မည်ဟု ကြေညာ

  • August 7, 2026
တိုက်ပွဲနှင့် ဗုံးကြဲမှုများကြောင့် ကရင်နီတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နီးပါး  တိုးလာ   သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။   ကရင်နီပြည်တွင် ဇူလိုင်လအတွင်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ထောင်စု ၂၅၀ နီးပါးမှာလည်း ထပ်မံတိမ်းရှောင်ခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်ထားသည်။   ဇူလိုင်လအတွင်း ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားရာ မဟုတ်သည့် ကျေးရွာများဘက်သို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KnHRG က ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။   အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး KnHRG ၏ ဒါရိုက်တာ မမေက “လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ မြင့်တက်နေဆဲ ဖြစ်တယ်ပေါ့နော်။ စစ်ကောင်စီဘက်ကနေပြီးတော့ နေရာထပ်တိုးဖို့ လုပ်နေတဲ့အတွက်ကြောင့်မို့လို့ တော်တော်လေး တိုက်ပွဲ ပြင်းထန်တဲ့ အနေအထားမျိုးဖြစ်တယ်။ အဲ့ဒီအတွက် ကြောင့်မို့ တိုက်ပွဲဖြစ်တဲ့ နေရာမှာဆိုလို့ရှိရင် နေ့တိုင်း လေယာဉ်၊ ဒရုန်းနဲ့ ကြဲတာ၊ တိုက်ခိုက်တာတွေလည်း ရှိတယ်။ အဲ့ဒါအပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကိုလည်း လက်နက် ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက် ပြုလုပ်နေတဲ့ဟာ ရှိတယ်ပေါ့နော်” ဟု ပြောသည်။   ထို့ပြင် စစ်တပ်၏ စစ်ကြောင်းထိုးမှုနှင့် အရပ်သားများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မိုးဗြဲ အနောက်ခြမ်း၊ ဖလိုင်တောင်ခြေအနီးဝန်းကျင်ရှိ ကျေးရွာဒေသခံနှင့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နီးပါးမှာ ထပ်မံရွှေ့ပြောင်း ထွက်ပြေးခဲ့ကြရသည်။   လက်ရှိတွင်လည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ အနီးတစ်ဝိုက်၌ စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဆက်တိုက် ထိုးစစ်ဆင်နေ သဖြင့် အနီးဝန်းကျင်ရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ ထပ်မံတိမ်းရှောင်နေကြရသည်။   ဩဂုတ်လ ၆ ရက်နေ့တွင် ဒီးမော့ဆိုအနောက်ဘက်ခြမ်း တစ်နေရာကို စစ်တပ်က လေကြောင်းမှ သုံးကြိမ်တိုင် တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။   အလားတူ ဩဂုတ်လ ၄ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ငါးဦး အသက်ဆုံးရှုံးခဲ့ရသည်။   ဒီးမော့ဆိုအနောက်ခြမ်းတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “စစ်ရှောင်တွေက စိတ်ပူ တာပေါ့။ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့လည်း သိပ်မဝေးဘူး။ ထပ်တိမ်းရှောင်ဖို့နေရာလည်း အဆင်မပြေဘူးလေ။ ပြီးတော့ လေယာဉ်နဲ့ လာကြဲသွားတာ အရမ်းနီးတယ်။ ဘယ်ချိန် စစ်ရှောင်စခန်းတွေမှာ ထပ်လာကြဲမလဲဆိုတဲ့ စိတ်နဲ့ ပူပန်သောကတွေ ရောက်နေတယ်။ ဘယ်နေရာပဲနေနေ လုံခြုံမှုမရှိတော့ အနာဂတ်အတွက် မျှော်လင့် ချက်တွေ ယုံကြည်မှုတွေ စိတ်လျော့အားနည်းလာကြတယ်” ဟု ပြောသည်။   ကရင်နီ ပြည်သူလူထုအနေဖြင့် လက်ရှိတွင် ရှင်သန်ရေးအတွက်သာ ရုန်းကန်နေကြရပြီး အနာဂတ်အတွက် မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေကြရကြောင်း KnHRG က ထောက်ပြပြောဆိုထားသည်။   ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည်သူများ ကြုံတွေ့နေရသည့် အကျပ်အတည်းကို အရေးပေါ် အခြေအနေအဖြစ် အသိအမှတ်ပြုရန်၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ လျှော့ပါးစေရန်နှင့် တရားမျှ တမှုအတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးရန် KnHRG က တိုက်တွန်းတောင်းဆိုထားသည်။   #KnHRG #KarenniIDPs

တိုက်ပွဲနှင့် ဗုံးကြဲမှုများကြောင့် ကရင်နီတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နီးပါး  တိုးလာ

  • August 7, 2026

ထိုင်းစာသင်ကျောင်း ပစ်ခတ်မှု အနည်းဆုံး ၇ ဦး သေဆုံး ပြီး၁၅ ဦး ဒဏ်ရာရ 

  • August 7, 2026

မြန်မာ-ထိုင်း ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု MoU များ လက်မှတ်ထိုး 

  • August 7, 2026
×Close