အစိုးရ၏ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးအဖွဲ့ ဆွေးနွေးမှုများစတင်

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြ ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင် တွေ့ဆုံဆွေးနွေးရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့သည် ဇွန်လ ၂ ရက်နေ့ ညနေ ၅ နာရီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိလာသည်။

ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အဓိက တွေ့ဆုံဆွေးနွေးရသည့် အကြောင်းအရာနှင့် ပတ်သက်၍ ဒေါက်တာ တင်မျိုးဝင် မှ သတင်းထောက်များကို အခုလို ရှင်းလင်းပြောဆိုခဲ့သည်။

အဓိကတော့ ကျနော်တို့ ဒီ ကော်မတီပေါ့ ငြိမ်းချမ်းရေး နိုင်ငံတော်အဆင့် သို့မဟုတ်လည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံ သို့မဟုတ်လည်း ၂၁ ရာစုနဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျနော်တို့ ဒီ ဒေါ်အောင်ဆန်းစုကြည် ချပေးတဲ့ မူဝါဒ ကို အဆင့်တိုင်းမှာ အားလုံးပါဝင်နိုင်ရေးပေါ့ အဲ့ဒီအတွက်ကို ကျနော် ဒီမှာ NCA အပစ်ခတ်ရပ်စဲရေးစာချူပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအတွက် လာရောက်တွေ့ဆုံပြီးတော့ တတ်နိုင်သလောက်ပေါ့လေ ကော်မတီ ရဲ့ အနေအထားနဲ့ ဖိတ်ခေါ်ချက်ကို လာရှင်းပြတာပါ အထူးသဖြင့် ပါလာတဲ့ မက်ဆေ့ ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ပေါ့နော် သူတို့က ဒီ ညီလာခံမှာ အားလုံး ပါဝင်စေချင်တယ်ပေါ့ အဲ့ဒါကို ကျနော်တို့ရဲ့ ရပ်တည်ချက်ကို လာပြီးတော့ ရှင်းပြတဲ့ သဘောပါ။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့တွင် အငြိမ်းစား ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးတာဝန်ခံ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ ၅ ဦး ပါဝင်ပြီး ခရီးစိုက်ရောက်ရောက်ခြင်းတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်သည့်အဖွဲ့နှင့် ညနေ ၅ နာရီခွဲ တွင် ၁ နာရီနီးပါးကြာ စတင်ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍ RCSS အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ် မှ ယခုလို ပြောဆိုသည်။

ကျနော်တို့ ဆွေးနွေးတဲ့အကြောင်းအရာကတော့ သိပ့်ပြီးတော့ များများစားစားရယ်လို့တော့ မဟုတ်ပါဘူး ကျနော်တို့ကတော့ မေးတာပေါ့နော် ဒီ ၂၁ ရာစု က ဘယ်လိုပုံစံမျိုးနဲ့ သွားမည့်ဟာတွေ ကျနော်တို့ မေးပါတယ် NCA ရဲ့ အခန်းကဏ္ဍ တို့ JMCM တို့ ဒီကိစ္စတွေ ပါပဲ။ နားလည်မှု တူညီမှု ရှိလား မရှိလား အဲ့ဒီသဘော အနေအထားလောက်ပါ။ ဒီအခုက ကျနော်တို့ အနေနဲ့ ဒီ NCA နဲ့ သဘောထား ကွဲလွဲမှာ ဆိုးလို့ဆိုပြီးတော့ ကျနော်တို့ ကလည်း မေးကြည့်တာပေါ့နော် သူတို့ကလည်း ဒီ လာမည့် နိုင်ငံရေး ဆွေးနွေးပွဲ ဒီကာလမှာ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကျနော်တို့ ဒီ နိုင်ငံရေး ဖရိန်းဝပ် တွေပေါ့နော် ရေးဆွဲတဲ့နေရာမှာ သူတို့ ဘယ်လို ကြိုးစားပြီးတော့ ဆွေးနွေးပြီးတော့ ပါဝင်လာနိုင်အောင် ကြိုးစားသွားမလဲဆိုတဲ့ အချက်တွေနဲ့ကျနော်တို့ကို ရှင်းပြတာရှိတာပေါ့နော်

အလားတူ ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ် စိုင်းထူး ဦးဆောင်သည့်အဖွဲ့နှင့်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးတာဝန်ခံ ဦးမိုးဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့်လည်း ညနေ ၆ နာရီကျော်မှာ အကြို တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ လုပ်ခဲ့ကြသည်ဟု ဗိုလ်ချူပ် စိုင်းထူး မှ သတင်းထောက်များအား ပြောသည်။

ကျနော်တို့ DPN အနေနဲ့ ကြိုဆိုပါတယ် တွေ့ဆုံဖို့လည်း ဆန္ဒရှိတယ် အကြောင်းပေါ့လေ မနက်ဖြန် ဆွေးနွေးမယ့် ကိစ္စကြတော့ အသေးစိတ်တော့ မနက်ဖြန်မှ သိမှာပေါ့ လောလောဆယ် ပဏာမ အနေနဲ့ပဲ သူတို့လာမေးတယ် ကျနော်တို့ အနည်းဆုံးတော့ ၁၃ ယောက်တော့ပါမယ် အတိအကျတော့ နာမည် မပြောနိုင်သေးဘူး၊ ဆွေးနွေးတဲ့အကြောင်းအရာက ကျနော်တို့ ၂၁ ပင်လုံ ကိစ္စ ဒါပါပဲ အခြေခံတာပါပဲ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေသည့် ဒေါက်တာ တင်မျိုုးဝင်း ဦးဆောင်တဲ့ အဖွဲ့သည် မနက်ဖြန် ဇွန်လ ၃ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ Shangri-la Hotel တွင် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့မှ အဖွဲ့ဝင် ၁၄ ဦးနှင့် မနက် ၁၀ နာရီတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း နှင့်အဖွဲ့သည် လာမည့်ဇွန်လ ဒုတိယအပတ်တွင် မြောက်ပိုင်းဒေသတွင်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောဆိုသည်။