ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဇွန်လ ၂ ရက်နေ့တွင် ရောက်ရှိလာသည့်  ၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း နှင့်အဖွဲ့ဝင်များထဲမှ နိုင်ငံတော် အတိုင်ပင်ခံရုံး တာဝန်ခံ ဦးမိုးဇော်ဦး နှင့် ဦးကျော်လင်းဦး တို့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ ကိုယ်စားလှယ် ဗိုလ်ချူပ် စိုင်းထူး၊ ဦးထွန်းဇော် နှင့် ဦးဆန်အောင် တို့နှင့် ယနေ့ ညနေ ၆ နာရီခန့်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။