Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

၁၄၁ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ KNPP ဥက္ကဌ သဝဏ်လွှာ

  • June 18, 2016
လုံခြုံရေးကဏ္ဍပြုပြင်ရေး တိုင်းရင်းသားများ ဆွေးနွေး
မူဆယ်မြို့တွင် ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပခွင့်ရ

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • ထိုင်း မူကြိုကျောင်းအတွင်း အမျိုးသမီးတစ်ဦးကို ယောက်ျားဖြစ်သူ ရဲအရာရှိက သေနတ်ဖြင့် ပစ်သတ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၉ ရက်။ ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေအနီး ချွန်ဘူရီခရိုင်၊ ဘန်းလမုန်းမြို့နယ်ရှိ မူကြိုကျောင်း တစ်ကျောင်းအတွင်း စက်တင်ဘာလ ၉ ရက် ဒီနေ့နံနက်ပိုင်းက အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ သံသယရှိသူမှာ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဒုတိယရဲအုပ်တစ်ဦး ဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် မူကြိုကျောင်းအတွင်းရှိ ကလေးငယ်များကို ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ ဖြစ်စဉ်အပြီးတွင် မိဘများ ရောက်ရှိလာကာ ကလေးများကို ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသည်။ သေဆုံးသူမှာ အသက် ၄၈ နှစ်အရွယ် မစ္စ ဖိုင်လင်း (Phailin) ဆိုသူ ဖြစ်ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် မူကြိုကျောင်း၏ ပထမထပ် ထမင်းစားဆောင်အတွင်း သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ အခင်းဖြစ်နေရာအနီးမှ ၉ မမ ကျည်ခွံတစ်ခုကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သံသယရှိသူသည် သေဆုံးသူနှင့် စကားပြောဆိုပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ကာ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လည်မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။ #ချွန်ဘူရီခရိုင် #ဘန်းလမုန်းမြို့နယ်
    ထိုင်း မူကြိုကျောင်းအတွင်း အမျိုးသမီးတစ်ဦးကို ယောက်ျားဖြစ်သူ ရဲအရာရှိက သေနတ်ဖြင့် ပစ်သတ် — September 9, 2026 4:36 pm
  • ကမ္ဘာ့ လစာအမြင့်ဆုံး စင်ကာပူ ဝန်ကြီးချုပ် လစာတိုးရမည် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၉ ရက်။ ကမ္ဘာပေါ်တွင် တရားဝင် လစာ အများဆုံးရရှိသည့် နိုင်ငံ့ခေါင်းဆောင် ဖြစ်သူ စင်ကာပူ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများ၏ လစာများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း စင်ကာပူ အစိုးရက ထုတ်ပြန်လိုက်သည်။ စင်ကာပူ ဝန်ကြီးချုပ်၏ နှစ်စဉ်လစာသည် ယခင် စင်ကာပူဒေါ်လာ ၂.၂ သန်းမှ စင်ကာပူဒေါ်လာ ၃.၆ သန်းအထိ တိုးမြင့်ရရှိတော့မည် ဖြစ်သည်။ ပြင်ပ ပေါက်ဈေးအရ မြန်မာကျပ်ငွေဖြင့် တွက်ချက်ပါက ကျပ် ၇.၇ ဘီလီယံနီးပါးမှ ကျပ် ၁၂ ဘီလီယံကျော်အထိ ရှိမည် ဖြစ်သည်။ အဆိုပါ လစာတိုးမြှင့်မှုအရ ရရှိလာမည့် ပိုလျှံငွေများကို လာမည့် ၅ နှစ်အတွင်း လှူဒါန်းသွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အစိုးရအဖွဲ့အတွင်း အရည်အချင်းရှိသူများကို ဆွဲဆောင်နိုင်ရန်နှင့် အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန်အတွက် အဆိုပါ လစာတိုးမြှင့်မှု ပြုလုပ်ရခြင်းဖြစ်ကြောင်း အစိုးရဘက်က ထုချေထားသည်။ စင်ကာပူ ဝန်ကြီးချုပ်၏ လစာသည် အမေရိကန်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်တို့၏ လစာထက် အဆပေါင်းများစွာ ပိုမိုများပြားလျက်ရှိသည်။ သို့သော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင် လုံခြုံမှုဆိုင်ရာ စိုးရိမ်နေရသည့် စင်ကာပူ ပြည်သူများအကြား အဆိုပါ လစာတိုးမြှင့်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ စင်ကာပူနိုင်ငံသား တစ်ဦး၏ ပျမ်းမျှ နှစ်စဉ်ဝင်ငွေမှာ စင်ကာပူဒေါ်လာ ၇ သောင်းနီးပါးသာ ရှိသဖြင့် ဝန်ကြီးများ၏ လစာပမာဏမှာ သာမန်ပြည်သူများထက် အဆမတန် များပြားလွန်းနေသည်ဟု ဝေဖန်ထောက်ပြမှုများ ရှိနေသည်။ #စင်္ကာပူ
    ကမ္ဘာ့ လစာအမြင့်ဆုံး စင်ကာပူ ဝန်ကြီးချုပ် လစာတိုးရမည် — September 9, 2026 4:33 pm
  • ရုရှားနှင့် မြောက်ကိုရီးယားကို ဆက်သွယ်သည့် ပထမဆုံး တံတား စတင်ဖွင့်လှစ် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၉ ရက်။ ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံကို တိုက်ရိုက်ဆက်သွယ်ထားသည့် ကုန်းလမ်းတံတားကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါ ကုန်းလမ်းတံတား ပွင့်လှစ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေး ကဏ္ဍများ ပိုမိုလွယ်ကူ လျင်မြန်လာမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား အစိုးရ သတင်းများ၏ ဖော်ပြချက်အရ အဆိုပါ တံတားကို ဝန်ထမ်း အကူးအပြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတို့အတွက် အသုံးပြုမည်ဟု ဆိုသည်။ သို့သော်လည်း ယူကရိန်း ထောက်လှမ်းရေး အဖွဲ့များ၏ သုံးသပ်ချက်အရ အဆိုပါ တံတားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား ကူညီရန်အတွက် လျှို့ဝှက် စစ်ရေးထောက်ပံ့ရေး လမ်းကြောင်းအဖြစ် အဓိက အသုံးပြုဖွယ်ရှိကြောင်း သတိပေးထားသည်။ ရုရှား သတင်းဌာန TASS ၏ ဖော်ပြချက်အရ အဆိုပါ တံတားပေါ်မှတစ်ဆင့် တစ်ရက်လျှင် မော်တော်ယာဉ် အစီးရေ ၃၀၀ နှင့် လူဦးရေ ၂,၃၀၀ ကျော် ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်။ စတင်ဖွင့်လှစ်ချိန်တွင် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကထား အသုံးပြုမည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ခရီးသည်ပို့ဆောင်ရေးအတွက်ပါ တိုးချဲ့ဖွင့်လှစ်ရန် လျာထားကြောင်း သိရသည်။ မြောက်ကိုရီးယားဘက်မှ ရုရှားသို့ လက်နက်များ၊ စစ်ရေး အကူအညီများနှင့် အလုပ်သမားများ ပိုမိုစေလွှတ်နိုင်သကဲ့သို့ ရုရှားဘက်မှ နည်းပညာနှင့် ရင်းမြစ်များ ပြန်လည်စီးဝင်ရေးအတွက်လည်း အားကောင်းသည့် လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။ #TASS #ရုရှား #မြောကိုရီးယား
    ရုရှားနှင့် မြောက်ကိုရီးယားကို ဆက်သွယ်သည့် ပထမဆုံး တံတား စတင်ဖွင့်လှစ် — September 9, 2026 4:17 pm

Recent Posts

  • ပလက်ဝတွင် ရခိုင်စာနှင့် မြန်မာစာကို စိတ်ကြိုက်တစ်ဘာသာ ရွေးချယ်သင်ယူနိုင်ဟု ULA ထုတ်ပြန်
  • တနင်္သာရီတိုင်း လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အထိနာ
  • စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တွင် ‘၄၉၂၆’ စစ်ဆင်ရေးကြောင့် ရက်ဆက် တိုက်ပွဲပြင်းထန်နေ
  • ပဲခူးတိုင်းအတွင်းရှိ ကပစ (၁၆) နှင့် အမြောက်တကမ်းအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ
  • ထိုင်း မူကြိုကျောင်းအတွင်း အမျိုးသမီးတစ်ဦးကို ယောက်ျားဖြစ်သူ ရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်

Archives

Related Posts

ပလက်ဝတွင် ရခိုင်စာနှင့် မြန်မာစာကို စိတ်ကြိုက်တစ်ဘာသာ ရွေးချယ်သင်ယူနိုင်ဟု ULA ထုတ်ပြန် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝခရိုင်အတွင်း အခြေခံပညာ ၁၂ တန်း သင်ရိုး၌ ရခိုင်စာပေ အစားထိုး သင်ကြားခိုင်းမှုအပေါ် ကန့်ကွက်မှုများ ထွက်ပေါ်နေချိန်တွင် ရခိုင်စာကို မသင်မနေရ မဟုတ်ဘဲ မြန်မာစာနှင့် ရခိုင်စာအနက် စိတ်ကြိုက်တစ်ဘာသာ ရွေးချယ် သင်ယူနိုင်ကြောင်း ULA က ထုတ်ပြန်လိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ULA ၏ အာရက္ခအမျိုးသား ပညာရေးဌာနက စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။ ထုတ်ပြန်ချက်အရ ULA/AA ထိန်းချုပ်ထားသော ပလက်ဝခရိုင်အတွင်းမှ ၁၂ တန်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရခိုင်ဘာသာနှင့် မြန်မာဘာသာ နှစ်ခုအနက် မိမိတို့ စိတ်ကြိုက် တစ်ဘာသာကို ရွေးချယ်သင်ယူနိုင်ပြီး အရွယ်ရောက်ပြီးသည့် လူငယ်များ ပညာသင်ကြားခွင့် ရရှိရေးကိုသာ အဓိက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်အောက်မှ အကန့်အသတ်များကြားတွင် ဒေသခံ ပြည်သူ များ၏ လူမှုစီးပွား၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများကို ခေတ်ကာလနှင့် လျော်ညီသည့် မူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်တွင်းရှိ ကျောင်းဆရာတစ်ဦးက “ကျနော်တို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်တာတွေ ဘာတွေ ကြားပါတယ်။ အခုလို ထုတ်ပြန်လိုက်တော့ သိသွားတာပေါ့။ ဘယ်နေရာမှာမဆို ဒေသခံလူမျိုးတွေ ကျောင်း သားတွေရဲ့ သဘောထားကို ကြည့်သင့်ပါတယ်။ အခုမှ စသင်ရမှာဆိုတော့ ကျောင်းသားရော ဆရာရော ခက်ခဲကြ ပါတယ်” ဟု ပြောသည်။ ပလက်ဝခရိုင်အတွင်း ၁၂ တန်း ရခိုင်စာ သင်ရိုးသစ်ကို မြန်မာစာနေရာတွင် အစားထိုး ရေးဆွဲထားသော်လည်း အတင်းအဓမ္မ မသင်မနေရ မဟုတ်ဘဲ နှစ်သက်ရာ ဘာသာကို ရွေးချယ်နိုင်သည့် မူဝါဒကို ကျင့်သုံးမည်ဟု ဆိုသည်။ လက်ရှိ ပလက်ဝခရိုင်အတွင်း ၁၂ တန်း ပညာသင်ယူနေသည့် ကျောင်းသား ၁၅၈ ဦး ရှိသည့်အနက် ရခိုင်လူမျိုး ၁၃၈ ဦး၊ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦးနှင့် မြိုလူမျိုး ၁ ဦး ပါဝင်သည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ပလက်ဝခရိုင် အပါအဝင် ရခိုင်ပြည်တွင်းရှိ (ULA/AA ထိန်းချုပ်နယ်မြေတွင်းရှိ) ကျောင်းများတွင် ၁၂ တန်း သင်ရိုးသစ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေ သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) ကလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်၍ ကန့်ကွက်ထားသည်။ အလားတူ ခူမီးအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (KNUP) ကလည်း အထက်တန်းသင်ရိုးသစ် ရေးဆွဲ၍ ရခိုင်ဘာသာစာဖြင့် ပြဌာန်းသင်ကြားမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြား ချင်းတိုင်းရင်သားများအပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကန့်ကွက်ထားသည်။ ဒေသခံ ပြည်သူအများစု၏ သဘောဆန္ဒ မပါဘဲ ရခိုင်ဘာသာစကားဖြင့် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းခြင်းသည် တိုင်းရင်းသားချင်း စိတ်ဝမ်းကွဲပြားစေနိုင်ကြောင်း GKO က ထောက်ပြထားခဲ့သည်။ ဓါတ်ပုံ - Crd #ရခိုင်စာ

ပလက်ဝတွင် ရခိုင်စာနှင့် မြန်မာစာကို စိတ်ကြိုက်တစ်ဘာသာ ရွေးချယ်သင်ယူနိုင်ဟု ULA ထုတ်ပြန်

  • September 10, 2026

ပဲခူးတိုင်းအတွင်းရှိ ကပစ (၁၆) နှင့် အမြောက်တကမ်းအထိ အာရက္ခတပ်တော် ထိုးစစ်ရောက်ရှိ

  • September 9, 2026

ရုရှားနှင့် မြောက်ကိုရီးယားကို ဆက်သွယ်သည့် ပထမဆုံး တံတား စတင်ဖွင့်လှစ်

  • September 9, 2026
တနင်္သာရီတိုင်း လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အထိနာ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိနာသွားပြီးနောက် ရွာဘုန်းကြီးကျောင်း၌ တပ်စွဲကာ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် လောင်းလုံးမြို့ပေါ်မှတစ်ဆင့် စက် တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ပြင်းထိန်ကျေးရွာသို့ စီးနင်းဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် စက်တင် ဘာလ ၉ ရက် ဒီနေ့ နံနက် ၃ နာရီခွဲဝန်းကျင်တွင် အရှေ့ဘက်ရှိ ဝေဒီကျေးရွာဘက်သို့ ဆက်လက် စစ်ကြောင်း ထိုးစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများအသုံးပြု၍ စစ်အုပ်စုတပ်စစ်ကြောင်းကို ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ အထိနာသွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “မနက်အစောပိုင်း ရွာထဲ စစ်ကြောင်း ဝင်လာချိန်မှာပဲ တိုက်ပွဲစဖြစ်တာပါ။ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ ဆက်တိုက်လိုက်ဗုံးကြဲတော့ စစ်တပ်ဘက်က တော်တော်လေး အထိနာသွားတယ်။ အခုတော့ ဝေဒီရွာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားပြီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပြီး ပြန်ပစ်ခတ်နေတာ” ဟု ပြောသည်။ လက်ရှိတွင် အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် ဝေဒီကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားပြီး ကျေးရွာအတွင်းသို့လည်းကောင်း၊ အနီးအနားရှိ ကျေးရွာများဘက်သို့လည်းကောင်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေသည်။ စစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာမှုများကြောင့် ပြင်းထိန်ကျေးရွာနှင့် ဝေဒီကျေးရွာတို့ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရပြီး လက်ရှိအချိန်အထိ နေရပ်သို့ ပြန်လည်မဝင်ရောက်နိုင်ကြသေးပေ။ ဒေသခံအမျိုးသားတစ်ဦးကလည်း “ပြင်းထိန်ရွာဘက်ကနေ စစ်ကြောင်းတက်လာကတည်းက တိုက်ပွဲဖြစ်တာ။ ဆက်တိုက် ဖြစ်နေတာလို့ ပြောလို့ရတယ်။ ဒရုန်းတွေနဲ့ပါ ဗုံးလာချတော့ ရွာသားတွေလည်း ဘေးလွတ်ရာကို အမြန်ထွက်ပြေးနေကြရတယ်။ ” ဟု ပြောသည်။ အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်ကို အတည်မပြုနိုင်သေးဘဲ စစ်ကြောင်း၏ လှုပ်ရှားမှုကို စောင့်ကြည့်၍ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးထားသည်။ ဓါတ်ပုံ - (ပုံဟောင်း-လောင်းလုံး ပကဖ / လောင်းလုံးမြို့နယ်တိုက်ပွဲအတွင်းတွေ့ရသည့် တော်လှန်ရေးရဲဘော်) #လောင်းလုံးမြို့နယ်

တနင်္သာရီတိုင်း လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အထိနာ

  • September 9, 2026

ထိုင်း မူကြိုကျောင်းအတွင်း အမျိုးသမီးတစ်ဦးကို ယောက်ျားဖြစ်သူ ရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်

  • September 9, 2026

မြန်မာ့အရေး ICC သို့ လွှဲပြောင်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

  • September 9, 2026
စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တွင် ‘၄၉၂၆’ စစ်ဆင်ရေးကြောင့် ရက်ဆက် တိုက်ပွဲပြင်းထန်နေ သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။ ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး” ကြောင့် အာရက္ခတပ်တော် (AA) နှင့် ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုတပ်က လေကြောင်း၊ ရေကြောင်း လက် နက်ကြီး ပစ်ကူများ ပေးနေကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ စစ်အုပ်စုတပ်က ပြန်လည်ခြေ ကုတ်ယူ ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး စစ်တွေမြို့နယ်ဘက်ရှိ မင်းချောင်းတံတားကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည့် စစ်အုပ်စုတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်ရှိပြီ ဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “စစ်တွေမြို့နယ် မင်းချောင်းတံတားအနီးနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ စစ်သားအလောင်းတွေကို မြင်ခဲ့တဲ့သူတွေရှိတယ်။ တချို့လယ်ကွင်းတွေကို ဘယ်ဘက်ကမှ မဆင်းပဲတောတန်း တွေမှာ ဖြစ်နေတာပါ။ စစ်တပ်က အခုရက်ပိုင်းပြန်ဆုတ်သွားပေမယ့် ထပ်တက်လာလို့ အေအေနဲ့ ရက်ဆက် ဖြစ်နေတာပါ။ ဖြစ်နေတာ ခြောက်ရက်ကျော်လာပြီ၊ နှစ်ဘက်လုံး ကျတယ်ကြားတယ်၊ စစ်တပ်က ထိုးစစ် ဆိုတော့ ပိုထိတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ စပါးထားနှင့် အောင်မြေကုန်း စသည့် ကျေးရွာများအနီးသို့ စစ်အုပ်စုတပ်က “၄၉၂၆ စစ်ဆင်ရေး” ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် နှစ်ဖက်စလုံး ရှေ့မတိုးနိုင်ဘဲ မျက်နှာချင်းဆိုင် စစ်ဆိုင်ထားရာမှ လက်ရှိတိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပုဏ္ဏားကျွန်း -စစ်တွေ ကားလမ်းမကြီး တစ်လျှောက်တွင် တည်ရှိပြီး စစ်တွေမြို့မှ ၁၅ မိုင်မှ မိုင် ၃၀ အတွင်း ကွာဝေးကာ စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ အနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုတပ်သည် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားဘက်သို့ နောက်ဆုတ်ခဲ့သော်လည်း လက်ရှိတွင် အင်အားပြန်လည်တိုးမြှင့်၍ စစ်ကြောင်းထိုး တက်လာနေသည်။ အခြား စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက “တိုက်ပွဲရှိနေတာ မြို့ထဲကတောင်ကြားရတယ်၊ လက်နက်ကြီး တွေပစ်တယ်။ စစ်သားအလောင်းတွေကို လယ်ကွင်းတွေ၊ ပုဇွန်ကန်တွေ၊ ချောင်းစပ်တွေမှာတွေ့နေရသလို အေအေဘက်ကလည်း ကျတယ်လို့ ကျနော်တို့သိထားတယ်။ အေအေလည်း ထိတယ်။ စစ်တပ်က ပုဏ္ဏားကျွန်း ကို ရအောင်လုပ်နေတာ” ဟု ပြောသည်။ စစ်အုပ်စုတပ်သည် လက်ရှိတွင် ပုဏ္ဏားကျွန်းဘက်ရှိ ကျေးရွာအချို့သို့ တက်လိုက်၊ ဆုတ်လိုက်ဖြင့် စစ်ရေးလှုပ် ရှားနေပြီး ရေကြောင်းမှ လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေကြောင်းပစ်ကူများကို ဆက်တိုက် အသုံးပြု လျက် ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်မှ စတင်ကာ ပုဏ္ဏားကျွန်းသို့ ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်သည် စက် တင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့ တိုက်ပွဲများအတွင်း အကျအဆုံး များပြားခဲ့သော်လည်း ဆက်လက် စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်။ စစ်တွေ အမြင့်ကျွန်းဘက်ရှိ ရေတပ်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပစ်ကူများရယူ ကာ မင်းချောင်းတံတားဘက်မှတစ်ဆင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုး လျက်ရှိသည်။ ဓာတ်ပုံ – (စစ်တွေမြို့ရှိ စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျရောက် ပေါက်ကွဲခဲ့စဉ် / APM - ပုံဟောင်း) #၄၉၂၆စစ်ဆင်ရေး

စစ်တွေ-ပုဏ္ဏားကျွန်း နယ်စပ်တွင် ‘၄၉၂၆’ စစ်ဆင်ရေးကြောင့် ရက်ဆက် တိုက်ပွဲပြင်းထန်နေ

  • September 9, 2026

ကမ္ဘာ့ လစာအမြင့်ဆုံး စင်ကာပူ ဝန်ကြီးချုပ် လစာတိုးရမည်

  • September 9, 2026

မြဝတီတွင် စစ်ဘေးရှောင်စခန်း ဒရုန်းဖြင့် ဗုံးကြဲခံရ၍ ကလေးတစ်ဦးအပါအဝင် ၂ ဦး သေဆုံး

  • September 8, 2026
×Close