ကျေးရွာပိုင် ဘောလုံးကွင်းတွင် ကစားသူများကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲခံရခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ
သတင်း နှင့် မီဒီယာ ကွန်ယက်။
ရန်ကုန် ဇူလိုင်လ ၁၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ပြည်ထောင်စုကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာဥက္ကဌဆိုသူက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ တူးချောင်းကျေးရွာရှိ ဘောလုံးကွင်းတွင် လောလုံးကစားသည့် လူငယ် ၆ဦးကို အကျိုးစီးပွားပျက်စီးမှု ပုဒ်မ ၄၂၇ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ တရာစွဲခံရသူများနှင့် ရပ်မိရပ်ဖတစ်ချို့က ကျောက်တံတားမြို့နယ် ၃၆လမ်း မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် တရာဥပဒေစိုးမှုမရှိဘဲ မတရားအနိင်ကျင့်ခြင်း ဖြစ်သည်ဆိုက ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၁နာရီက သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။
ယခင်စာသင်ကျောင်းဟောင်းနေရာဖြစ်ပြီး နှစ်စဉ်တရာပွဲများ၊လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပွဲများ၊စာကြည့်တိုက်များ၊စက်ရေတွင်းများရှိသည့် ကျေးရွာပိုင်မြေနေရာတွင် စိုက်ထားသည့် ဝါးငုတ်တိုင်နှစ်တိုင် နှုတ်ပစ်သည်ဟုဆိုကာ တရားစွဲခဲ့ခြင်းဖြစ်သည်။
လက်ရှိရုံးချိန်း ၁၀ကြိမ်ခန့်သွားရောက်ခဲ့သော်လည်း တရားဥပဒေ၏ စောင့်ရှောက်မှုကိုအပြည့်အ၀ မရရှိသဖြင့် မီဒီယာများတဆင့် သက်ဆိုင်ရာလူကြီးများသိရှိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သူ ဒေါ်ကေသီးဦးက ဆိုသည်။
” အမေစုလက်ထက်မှာ ပြောင်းလဲမှုတစ်ချို့တွေ့ရပေမယ် ကျွန်မတို့ ထန်းတပင်မှာ မပြောင်းလဲသေးဘူးဆိုတာ သိစေချင်လို့ပါ မီဒီယာတွေကိုအားကိုးပါတယ်” ဟု ဒေါ်ကေသီဦးက ထည့်သွင်းပြောကြားသွားသည်။
၁၉၇၀ ခုနှစ်ကတည်းက အစဉ်အဆက် ကျေးရွာပိုင်မြေနေရာကို ဈေးအဖြစ်လျှာထားပြီး ဦးသိန်းစိန်အစိုးရ ပြောင်းခါနီး မတ်လတွင် လူငယ်များကို တရားစွဲခံရချိန် ပြေစာထုတ်ပေးသည်ကို သိရှိရကြောင်း အငြိမ်းစာကျောင်းအုပ်ကြီး ဦးအုန်းကြိုင်ကဆိုသည်။
ယင်အမှုကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှုး ၀၉၂၅၀၃၇၄၁၄၃ ထံဆက်သွယ်သော်လည်း ဆက်သွယ်မေးမြန်းမရသကဲ့သို့ ပြည်ထောင်စုကြံခိုင်းရေပါတီ ကျေးရွာဥက္ကဋ္ဌဆိုသူထံသို့လည်း ဆက်သွယ်မေးမြန်းဖို့ကြိုးစာသော်လည်း မေးမြန်းမရခဲ့ပါ။