မိုင်ဂျာယန်အစည်းအဝေးသို့ တိုင်းရင်းသားခါင်းဆောင်ကိုယ်စားလှယ်တချို့ စတင်ရောက်ရှိ

သတင်းနှင့် မီဒီယာကွန်ယက်
ဇူလိုင်လ ၂၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အ စည်းများ၏ မျက်နှာ စုံညီအစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့မှ ကိုယ်စား လှယ်တချို့ စတင်ရောက် ရှိလာနေပြီဟု ကေအိုင်အို ဒု-ဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်

“CNF ပေါ့နော် နောက်ပြီးရင် ရခိုင်အဖွဲ့တွေ ရှမ်းအဖွဲ့တွေ သူတို့ တော်တော်များများ ရောက်လာပါပြီ၊ ကျောင်း သားတပ်မတော်လည်းရောက်နေပါပြီ”

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ မျက်နှာစုံညီအစည်းအဝေးတွင် မီဒီယာများအနေဖြင့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြပေးစေလိုကြောင်း ဗိုလ်ချုပ် ဂွမ်မော်က အခုလို ဆက်ပြော သည်။

“ကျနော်တို့ရဲ့ ၂၁ ရာစု ပင်လုံအကြိုပြန်လုပ်တဲ့ အခမ်းအနားမြောက်ကို မီဒီယာများက ပြည့်ပြည့် စုံစုံ လူထု သိအောင်ဖော်ပြပေးစေချင်ပါတယ်”

အစည်းအဝေးကို ဇူလိုင် ၂၆ ရက်ကနေ ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဧည့်သည် တော် ၅၀၀ လောက် လာရောက်ဖို့ရှိတယ်လို့ အိမ်ရှင် ကေအိုင်အိုက ပြောသည်။

ယခု အစည်းအဝေးသည် မြန်မာအစိုးရနှင့် လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် လက်မှတ်မရေးထိုးထားသော အဖွဲ့များ ပါဝင်ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးလည်း ဖြစ်သည်။