Network Media GroupNetwork Media Group
  • ပင်မစာမျက်နှာ
  • သတင်း
  • ဓါတ်ပုံများ
  • ဗွီဒီယို
  • ထုတ်ပြန်ကြေညာချက်
  • နိုင်ငံတကာသတင်း
  • NMG အကြောင်း
  • Contact

တိုင်းရင်းသားခေါင်းဆောင်များ မိုင်ဂျာယန် ရောက်ရှိ

  • July 24, 2016
တိုင်းရင်းသားခေါင်းဆောင်များ မိုင်ဂျာယန် သို့ စတင်ရောက်ရှိ
မိုင်ဂျာယန်အစည်းအဝေးသို့ တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ် တချိုု့ စတင်ရောက်ရှိ

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဗုဒ္ဓဟူးနေ့ည ရုပ်သံသတင်း (၁၃-၅-၂၆)

ဒီနေ့ အစီအစဉ်တွေထဲမှာတော့…..

– ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ စစ်သုံ့ပန်းတွေ အပါအဝင် လူသေဆုံး

– ရှမ်းမြောက်-ကချင် အစပ် မဘိမ်းဘက်မှာ စစ်တပ်က အင်အားအမြောက်အများ တိုးချဲ့

– ထိုင်းရောက် မြန်မာတွေ လုံခြုံရေးနဲ့ အလုပ်လုပ်ဖို့ အကန့်အသတ်တွေက ဘာတွေလဲ။

– UFC ခါးပတ်ပိုင်ရှင် ဂျော့ရှူဝါဗန် ထိုင်းနဲ့ မလေးရှားကို လာဖို့ရှိ

– အမေရိကား-တရုတ် ထိပ်သီး အစည်းအဝေး မတိုင်ခင် ဘာတွေ ကြိုတင် ပြင်ဆင်နေသလဲ

– ပီကင်း ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်လေ့ကျင့်မှု

– ယူကရိန်း ဒရုန်းတွေက စစ်ပွဲတွေအတွက် ခေတ်သစ်တစ်ခု ပြောင်းစေမလား

– ၂ နှစ်ကျော်က မြုပ်သွားတဲ့ ရုရှား သင်္ဘောမှာ ဘာတွေပါသလဲ

×Close

News

  • အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ပူးတွဲ စစ်လေ့ကျင့်ချိန်တွင် မြောက်ကိုရီးယားက ဒုတိယ ဖျက်သင်္ဘော တပ်တော်ဝင် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ဒုတိယမြောက် ဖျက်သင်္ဘော (Naval Destroyer) အား တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့သည်ဟု AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား ခေါင်းဆောင်က ပိုမိုခိုင်မာသည့် နျူကလီးယား ဟန့်တားရေးစွမ်းရည်ကို တည်ဆောက်သွားမည်ဟုလည်း ပြောကြားလိုက်သည်။ စက်တင်ဘာ ၆ ရက် တနင်္ဂနွေနေ့က ဝွန်ဆန် (Wonsan) ဆိပ်ကမ်းမြို့၌ ပြုလုပ်ခဲ့သည့် "ကန်ဂွန်" (Kang Kon) ဟု အမည်ပေးထားသော တန်ချိန် ၅,၀၀၀ ရှိ စစ်သင်္ဘော တပ်တော်ဝင်အခမ်းအနားသို့ ကင်ဂျုံအန်းနှင့်အတူ ၎င်း၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ စစ်သင်္ဘောသည် သမားရိုးကျ လေကြောင်းကာကွယ်ရေးနှင့် ပစ်ခတ်မှုများအပြင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ခရုဇ်ဒုံးကျည်များကိုပါ ပစ်ခတ်နိုင်သည့် နည်းပညာများ ပါဝင်သည်။ ရုရှားနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ အခမ်းအနားတွင် ကင်ဂျုံအန်းက ရေတပ်၏ နျူကလီးယား တပ်ဆင်နိုင်မှုစွမ်းရည် တိုးတက်လာခြင်းသည် ရန်သူများအတွက် စိုးရိမ်မှုများကို ပိုမိုကြီးထွားလာစေမည်ဖြစ်ပြီး ရေကြောင်းကာကွယ်ရေးနှင့် နျူကလီးယား ဟန့်တားရေးစနစ်များကို ပိုမိုတိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လာမည့် ၈ လအတွင်း နောက်ထပ် ထူးခြားသည့် ရေတပ်ဆိုင်ရာ တိုးတက်မှုတစ်ခုကို ထုတ်ဖော်ပြသသွားမည်ဟုဆိုရာ နျူကလီးယားစွမ်းအင်သုံး ရုပ်သိမ်းရေး ရေငုပ်သင်္ဘော စီမံကိန်းဖြစ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းနေကြသည်။ အခြားတစ်ဖက်တွင်လည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် တောင်ကိုရီးယားနိုင်ငံ ဂျေဂျူကျွန်းအနီး ရေပြင်တွင် ၅ ရက်ကြာ ပြုလုပ်မည့် "Freedom Edge" ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၇ ရက် တနင်္လာနေ့တွင် စတင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ဂျေဂျူကျွန်း (Jeju Island) ၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နိုင်ငံတကာရေပြင်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပါဝင်သည့် နှစ်စဉ်ကျင်းပမြဲ "Freedom Edge" Multi-domain စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးကို ကိုးကား၍ Korea Herald သတင်းတွင် ဖော်ပြထားသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် သုံးနိုင်ငံမှ ရေတပ်နှင့် လေတပ်အင်အားစု အများအပြား ပါဝင်မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး နယ်ပယ်များကိုပါ လွှမ်းခြုံလေ့ကျင့်သွားမည်ဖြစ်သည်။ ထို့ပြင် သုံးနိုင်ငံပူးတွဲ၍ စစ်ရေးလေ့ကျင့်မှု ထိန်းချုပ်ရေးအဖွဲ့ (Exercise Control Group) တစ်ခုကိုလည်း ပူးတွဲမောင်းနှင် ဆောင်ရွက်သွားမည်ဖြစ်သည်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက Freedom Edge လေ့ကျင့်မှုသည် ကာကွယ်ရေးအသွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်၊ ဟန့်တားနိုင်စွမ်း တိုးမြှင့်ရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် ကာကွယ်ရေးအသွင် ပြုလုပ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ထားသည်။ #KangKon #NavalDestroyer
    အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ပူးတွဲ စစ်လေ့ကျင့်ချိန်တွင် မြောက်ကိုရီးယားက ဒုတိယ ဖျက်သင်္ဘော တပ်တော်ဝင် — September 7, 2026 4:30 pm
  • ဩစတြီးယား၌ ၁၄ နှစ်အောက် ကျောင်းသူများ ခေါင်းစွပ်ဝတ်ဆင်မှု ပိတ်ပင်သည် ဥပဒေပြဌာန်း သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ ဩစတြီးယားနိုင်ငံ၌ စာသင်နှစ်သစ် စတင်ချိန်တွင် အသက် ၁၄ နှစ်အောက် ကျောင်းသူများ မွတ်စလင် အမျိုးသမီးသုံး ခေါင်းစွပ်အဝတ်အစား (Hijab) ဝတ်ဆင်ခွင့် ပိတ်ပင်သည့် ဥပဒေ စတင်သက်ရောက်လာသည်။ အဆိုပါဥပဒေသည် အမျိုးသမီးငယ်များ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ သို့သော်လည်း ဩစတြီးယား မွတ်စလင် အဖွဲ့အစည်း (IGGÖ) က ဤဥပဒေသည် ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်သည်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအထိ အယူခံဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ဥပဒေအရ စည်းကမ်းဖောက်ဖျက်ပါက ဆရာ၊ ဆရာမများက သတိပေးရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အုပ်ထိန်းသူများကို ယူရို ၈၀၀ (ကျပ် သိန်း ၅၀ ခန့်) အထိ ဒဏ်ရိုက်သွားမည်ဖြစ်သည်။ သို့သော် ကျောင်းဆရာ၊ ဆရာမအချို့နှင့် အတိုက်အခံ ပါတီများကမူ အဆိုပါဥပဒေသည် ဆရာများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ပဋိပက္ခများကို ပိုမိုကြီးထွားစေနိုင်ကြောင်း ဝေဖန်ထားကြသည်။ #Hijab #ဩစတြီးယား
    ဩစတြီးယား၌ ၁၄ နှစ်အောက် ကျောင်းသူများ ခေါင်းစွပ်ဝတ်ဆင်မှု ပိတ်ပင်သည် ဥပဒေပြဌာန်း — September 7, 2026 2:04 pm
  • မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာ လေကြောင်းလိုင်းများ ရပ်ဆိုင်း သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ အင်ဒိုနီးရှားနိုင်ငံ အနက် ကရာကာတောင်း (Anak Krakatau) မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် မီးတောင်ပြာများ၏ အန္တရာယ်ကြောင့် ဒေသတွင်း လေကြောင်းခရီးစဉ် အများအပြား ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ မီးတောင်သည် သောကြာနေ့ညပိုင်းမှစ၍ ၂၅ နာရီနီးပါး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မီးတောင်ပြာများသည် အမြင့်ပေ ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး မြို့တော် ဂျာကာတာနှင့် အိန္ဒိယသမုဒ္ဒရာအထိ ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ မီးတောင်ပြာ အန္တရာယ်ကြောင့် အရှေ့တောင်အာရှတွင် ဒုတိယမြောက် ခရီးသည် အများဆုံးဖြစ်သည့် ဂျာကာတာမြို့ ဆူကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယာယီပိတ်သိမ်းခဲ့ရသည်။ အင်ဒိုနီးရှား လေဆိပ်များတွင် စုစုပေါင်း ခရီးစဉ် ၃၇၃ ခုထက်မနည်း ထိခိုက်ခဲ့သည်။ ယင်းအနက် ဆူကာနို-ဟတ်တာ လေဆိပ်တစ်ခုတည်း၌ ခရီးစဉ် ၁၆၇ ခု ဖျက်သိမ်းခဲ့ရကာ Singapore Airlines နှင့် Scoot အပါအဝင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၏ စင်ကာပူ-ဂျာကာတာ ခရီးစဉ်များလည်း တနင်္လာနေ့အထိ ဆက်လက်ရပ်ဆိုင်းထားခဲ့ရသည်။ #AnakKrakatau
    မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာ လေကြောင်းလိုင်းများ ရပ်ဆိုင်း — September 7, 2026 2:01 pm

Recent Posts

  • အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ပူးတွဲ စစ်လေ့ကျင့်ချိန်တွင် မြောက်ကိုရီးယားက ဒုတိယ ဖျက်သင်္ဘော တပ်တော်ဝင်
  • ဩစတြီးယား၌ ၁၄ နှစ်အောက် ကျောင်းသူများ ခေါင်းစွပ်ဝတ်ဆင်မှု ပိတ်ပင်သည် ဥပဒေပြဌာန်း
  • မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာ လေကြောင်းလိုင်းများ ရပ်ဆိုင်း
  • ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ဖမ်းဝရမ်းထုတ်
  • ဗီယက်နမ်နှင့် မြန်မာ စစ်အုပ်စုတို့ ကာကွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Archives

Related Posts

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ပူးတွဲ စစ်လေ့ကျင့်ချိန်တွင် မြောက်ကိုရီးယားက ဒုတိယ ဖျက်သင်္ဘော တပ်တော်ဝင် သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ဒုတိယမြောက် ဖျက်သင်္ဘော (Naval Destroyer) အား တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့သည်ဟု AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယား ခေါင်းဆောင်က ပိုမိုခိုင်မာသည့် နျူကလီးယား ဟန့်တားရေးစွမ်းရည်ကို တည်ဆောက်သွားမည်ဟုလည်း ပြောကြားလိုက်သည်။ စက်တင်ဘာ ၆ ရက် တနင်္ဂနွေနေ့က ဝွန်ဆန် (Wonsan) ဆိပ်ကမ်းမြို့၌ ပြုလုပ်ခဲ့သည့် "ကန်ဂွန်" (Kang Kon) ဟု အမည်ပေးထားသော တန်ချိန် ၅,၀၀၀ ရှိ စစ်သင်္ဘော တပ်တော်ဝင်အခမ်းအနားသို့ ကင်ဂျုံအန်းနှင့်အတူ ၎င်း၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ စစ်သင်္ဘောသည် သမားရိုးကျ လေကြောင်းကာကွယ်ရေးနှင့် ပစ်ခတ်မှုများအပြင် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ခရုဇ်ဒုံးကျည်များကိုပါ ပစ်ခတ်နိုင်သည့် နည်းပညာများ ပါဝင်သည်။ ရုရှားနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ အခမ်းအနားတွင် ကင်ဂျုံအန်းက ရေတပ်၏ နျူကလီးယား တပ်ဆင်နိုင်မှုစွမ်းရည် တိုးတက်လာခြင်းသည် ရန်သူများအတွက် စိုးရိမ်မှုများကို ပိုမိုကြီးထွားလာစေမည်ဖြစ်ပြီး ရေကြောင်းကာကွယ်ရေးနှင့် နျူကလီးယား ဟန့်တားရေးစနစ်များကို ပိုမိုတိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လာမည့် ၈ လအတွင်း နောက်ထပ် ထူးခြားသည့် ရေတပ်ဆိုင်ရာ တိုးတက်မှုတစ်ခုကို ထုတ်ဖော်ပြသသွားမည်ဟုဆိုရာ နျူကလီးယားစွမ်းအင်သုံး ရုပ်သိမ်းရေး ရေငုပ်သင်္ဘော စီမံကိန်းဖြစ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းနေကြသည်။ အခြားတစ်ဖက်တွင်လည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် တောင်ကိုရီးယားနိုင်ငံ ဂျေဂျူကျွန်းအနီး ရေပြင်တွင် ၅ ရက်ကြာ ပြုလုပ်မည့် "Freedom Edge" ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၇ ရက် တနင်္လာနေ့တွင် စတင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ ဂျေဂျူကျွန်း (Jeju Island) ၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နိုင်ငံတကာရေပြင်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပါဝင်သည့် နှစ်စဉ်ကျင်းပမြဲ "Freedom Edge" Multi-domain စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးကို ကိုးကား၍ Korea Herald သတင်းတွင် ဖော်ပြထားသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် သုံးနိုင်ငံမှ ရေတပ်နှင့် လေတပ်အင်အားစု အများအပြား ပါဝင်မည်ဖြစ်ပြီး ရေကြောင်း၊ လေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး နယ်ပယ်များကိုပါ လွှမ်းခြုံလေ့ကျင့်သွားမည်ဖြစ်သည်။ ထို့ပြင် သုံးနိုင်ငံပူးတွဲ၍ စစ်ရေးလေ့ကျင့်မှု ထိန်းချုပ်ရေးအဖွဲ့ (Exercise Control Group) တစ်ခုကိုလည်း ပူးတွဲမောင်းနှင် ဆောင်ရွက်သွားမည်ဖြစ်သည်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက Freedom Edge လေ့ကျင့်မှုသည် ကာကွယ်ရေးအသွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်၊ ဟန့်တားနိုင်စွမ်း တိုးမြှင့်ရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်နှင့် ဒေသတွင်း လုံခြုံရေးအတွက် ကာကွယ်ရေးအသွင် ပြုလုပ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ထားသည်။ #KangKon #NavalDestroyer

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန် ပူးတွဲ စစ်လေ့ကျင့်ချိန်တွင် မြောက်ကိုရီးယားက ဒုတိယ ဖျက်သင်္ဘော တပ်တော်ဝင်

  • September 7, 2026

ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ဖမ်းဝရမ်းထုတ်

  • September 7, 2026

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်တပ်နှင့် AA တိုက်ပွဲပြင်းထန်

  • September 6, 2026
ဩစတြီးယား၌ ၁၄ နှစ်အောက် ကျောင်းသူများ ခေါင်းစွပ်ဝတ်ဆင်မှု ပိတ်ပင်သည် ဥပဒေပြဌာန်း သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ ဩစတြီးယားနိုင်ငံ၌ စာသင်နှစ်သစ် စတင်ချိန်တွင် အသက် ၁၄ နှစ်အောက် ကျောင်းသူများ မွတ်စလင် အမျိုးသမီးသုံး ခေါင်းစွပ်အဝတ်အစား (Hijab) ဝတ်ဆင်ခွင့် ပိတ်ပင်သည့် ဥပဒေ စတင်သက်ရောက်လာသည်။ အဆိုပါဥပဒေသည် အမျိုးသမီးငယ်များ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ သို့သော်လည်း ဩစတြီးယား မွတ်စလင် အဖွဲ့အစည်း (IGGÖ) က ဤဥပဒေသည် ဘာသာရေး လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်သည်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအထိ အယူခံဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ဥပဒေအရ စည်းကမ်းဖောက်ဖျက်ပါက ဆရာ၊ ဆရာမများက သတိပေးရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အုပ်ထိန်းသူများကို ယူရို ၈၀၀ (ကျပ် သိန်း ၅၀ ခန့်) အထိ ဒဏ်ရိုက်သွားမည်ဖြစ်သည်။ သို့သော် ကျောင်းဆရာ၊ ဆရာမအချို့နှင့် အတိုက်အခံ ပါတီများကမူ အဆိုပါဥပဒေသည် ဆရာများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ပဋိပက္ခများကို ပိုမိုကြီးထွားစေနိုင်ကြောင်း ဝေဖန်ထားကြသည်။ #Hijab #ဩစတြီးယား

ဩစတြီးယား၌ ၁၄ နှစ်အောက် ကျောင်းသူများ ခေါင်းစွပ်ဝတ်ဆင်မှု ပိတ်ပင်သည် ဥပဒေပြဌာန်း

  • September 7, 2026

ဗီယက်နမ်နှင့် မြန်မာ စစ်အုပ်စုတို့ ကာကွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

  • September 7, 2026

နတ်ရေကန် ဗျူဟာစခန်းသို့ ထိုးစစ်ဆင်သည့် စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

  • September 6, 2026
မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာ လေကြောင်းလိုင်းများ ရပ်ဆိုင်း သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။ အင်ဒိုနီးရှားနိုင်ငံ အနက် ကရာကာတောင်း (Anak Krakatau) မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် မီးတောင်ပြာများ၏ အန္တရာယ်ကြောင့် ဒေသတွင်း လေကြောင်းခရီးစဉ် အများအပြား ရပ်ဆိုင်းခဲ့ရသည်။ အဆိုပါ မီးတောင်သည် သောကြာနေ့ညပိုင်းမှစ၍ ၂၅ နာရီနီးပါး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မီးတောင်ပြာများသည် အမြင့်ပေ ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး မြို့တော် ဂျာကာတာနှင့် အိန္ဒိယသမုဒ္ဒရာအထိ ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ မီးတောင်ပြာ အန္တရာယ်ကြောင့် အရှေ့တောင်အာရှတွင် ဒုတိယမြောက် ခရီးသည် အများဆုံးဖြစ်သည့် ဂျာကာတာမြို့ ဆူကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယာယီပိတ်သိမ်းခဲ့ရသည်။ အင်ဒိုနီးရှား လေဆိပ်များတွင် စုစုပေါင်း ခရီးစဉ် ၃၇၃ ခုထက်မနည်း ထိခိုက်ခဲ့သည်။ ယင်းအနက် ဆူကာနို-ဟတ်တာ လေဆိပ်တစ်ခုတည်း၌ ခရီးစဉ် ၁၆၇ ခု ဖျက်သိမ်းခဲ့ရကာ Singapore Airlines နှင့် Scoot အပါအဝင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ၏ စင်ကာပူ-ဂျာကာတာ ခရီးစဉ်များလည်း တနင်္လာနေ့အထိ ဆက်လက်ရပ်ဆိုင်းထားခဲ့ရသည်။ #AnakKrakatau

မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာ လေကြောင်းလိုင်းများ ရပ်ဆိုင်း

  • September 7, 2026

ချင်းပြည်နယ် မြို့အချို့ကို ပြန်ရသော်လည်း စစ်အုပ်စု စိုးမိုးနိုင်ခြင်းမရှိဟု ဆို

  • September 7, 2026

မြိတ်တွင် ဆိုင်ကယ်ဖမ်းဆီးရာမှ လူငယ်များကို စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းခိုင်း

  • September 6, 2026
×Close