တိုင်းရင်းသားခေါင်းဆောင်များ မိုင်ဂျာယန် သို့ စတင်ရောက်ရှိ

သတင်းနှင့်မီဒီယာ ကွန်ယက်။
သတင်းတို၊ ဇူလိုင်လ ၂၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည် မိုင်ဂျာယန် တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာဆုံညီ အစည်းအဝေးတက်ရောက်မည့် ကိုယ်စားလှယ်အချို့ စတင်ရောက်ရှိနေပြီဖြစ်သည်။

ဒေသခံ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ အခန်းအနားပြင်ဆင်မှုများ၊ လုံခြုံရေးကိစ္စများ၊ ဧည့်ခံကျွေးမွေးရေးကိစ္စများအတွက် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။

အစည်းဝေးသို့ ဧည့်သည် ၅၀၀ ခန့်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။