ရှမ်းမြောက်တွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
သြဂုတ်လ ၃ ရက်၊ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းမူးရွာဟောင်းအနီး မြန်မာအစိုးရ တပ်မတော်နှင့် တအာင်းတပ်မတော် (TNLA) တို့ အကြား သြဂုတ်လဆန်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA မှ ပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် အစိုးရတပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲ နှစ်ကြိမ်ဖြစ် ပွားခဲ့ကြောင်း PSLF/TNLA ပြန်ကြားရေး တာဝန်ခံ-ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြော သည်။

“မြန်မာ့တပ်မတော်နဲ့မနေ့ကတော့ ဖြစ်တယ်တနေရာတည်းမှာပဲ ကြိမ် ဒီ မူဆယ် မြို့ နယ် ကောင်းမူးရွာဟောင်း နားမှာဖြစ်တယ်။ နေ့လည် ၁၁း၁၅ နာရီလောက်ကနေ ၁၂ နာရီထိ တစ်ကြိမ်၊ ၂း၁၅ နာရီလောက်ကနေ နာရီထိ တစ်ကြိမ်ထုံးစံအတိုင်း ပဲ တိုက်ပွဲကတော့ လတိုင်းဖြစ်တာပေါ့၊ မဖြစ်တဲ့လကိုမရှိဘူး။ အဓိကဖြစ်တဲ့ အကြောင်း အရင်းက ထိုးစစ်ကြောင့် ဖြစ်တာပေါ့နော်” ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

PSLF/TNLA နယ်မြေများအတွင်း အစိုးရတပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများရှိနေပြီး လိုက်လံ ပိတ်ဆို့တိုက်ခိုက်လာတဲ့အတွက် ယခုလို တိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ် ကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

သြဂုတ်လ ၂ ရက်နေ့တွင် အစိုးရတပ်မတော်နှင့်သာမက PSLF/TNLA နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့အကြား မန်တုံမြို့နယ်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက်ကျော်က “RCSS နဲ့ အဲဒီမှာက နေလည် ပိုင်း အဲနေ့ကဖြစ်တယ်။ မန်တုံမြို့နယ် မန်အီကျေးရွာမှာ တစ်နေရာဖြစ်တယ် မန်မိုင်ရွာ မှာ တစ်နေရာဖြစ်တယ်ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သာမက ကချင်ပြည်နယ်အတွင်းမှာလည်း အစိုးရတပ် မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA) တို့အကြား ဇူလိုင်လကုန် ပိုင်းမှ ဒီကနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကျင်းပနေစဉ် တအာင်းမျိုးသား လွတ် မြောက်ရေး တပ်မတော်(PSLF/TNLA)၊ ကချင်လွတ်မြောက် တပ်မတော် (KIO/KIA) နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။