ထိုးစစ်ဆင်မှုများ အမြန်ဆုံးရပ်တန့်ရန် UNFC တောင်းဆို ၊ နိုင်ငံရေးမူဘောင် သုံးသပ်ဆွေးနွေးပွဲများ မတက်ရောက်နိုင်သေးဟု ပြော
သတင်းနှင့်မီဒီယာကွန်ရက်။
စက်တင်ဘာလ ၁၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
မြန်မာ့တပ်မတော်အနေနဲ့ ထိုးစစ်ဆင်နေမှုတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ NCA အပစ်ရပ်လက် မှတ် သဘောတူစာချူပ် မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့ စည်းထားသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေးက ထုတ်ပြန်တောင်းဆိုလိုက်သည်။
တဆက်တည်းမှာပင် နိုင်ငံရေး မူဘောင်သုံးသပ်ဆွေးနွေးပွဲများမတက်ရောက်နိုင်သေးပဲ အစိုးရနှင့် NCA သဘောတူစာချူပ် ချူပ်ဆိုနိုင်ရန် UNFC မှ NCA နောက် ဆက်တွဲ အဆိုပြုထားသည့် အချက် ၈ ချက်ကို ပထမဦးဆုံး အစိုးရနှင့် ဆွေးနွေးသွား မည်ဟု ညီညွတ် သော တိုင်းရင်းသာား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက်အထွေထွေအတွင်း ရေးမှူး (၁) ဦးထွန်းဇော် မှ ပြောသည်။
ရှေ့လုပ်ငန်းစဉ်အနေနဲ့ဆိုရင် အခုဆိုရင် ကျနော်တို့ မူဘောင် သုံးသပ် အစည်းအဝေးတွေကို အစိုးရက လုပ်မယ်ဆိုပြီးတော့မှ ဖိတ်ကြားမှုတွေ လုပ်နေပြီပေါ့နော်၊ လာမည့် ၁၅၊ ၁၆၊ ၁၇ မှာ လုပ်မယ်ဆိုပြီးတော့ ကျနော်တို့ကို ဖိတ်တယ် ကျနော်တို့ဖက်က ကြတော့ တုန့်ပြန်တာက အခုဒီ အချိန်ကာလကတော့ ကျနော်တို့နဲ့လည်း သိပ့်မကိုက်ဘူးပေါ့လေ နော် ၂၁ ရာစု ပင်လုံညီလာခံ ပြီးတာနဲ့ ကျနော်တို့ အဖွဲ့အစည်းအသီးသီးက သက်ဆိုင်ရာ ဌာနချူပ်တွေကို သွားပြီးတော့ အစီရင်ခံ တင်ပြဖို့တွေရှိတယ် တပြိုင်တည်းမှာပဲ ကျနော်တို့ အဆိုပြုထားတဲ့ NCA ဆိုင်ရာ အဆိုပြုချက် ၈ ချက်ကလည်းရှိတယ် အဲ့ဒါကို ဆက်လက်ဆွေးနွေးသွားမယ်ဆိုပြီးတော့ အစိုးရဖက်ကလည်း သဘောတူထားတာ ရှိတယ် ဆိုတော့ အဲ့ဒါကိုပဲ ကျနော်တို့က အရင်ဦးစွာ ဆွေးနွေးချင်တယ်ပေါ့လေနော်၊
NCA နောက်ဆက်တွဲ အဆိုပြုချက်နှင့် ပတ်သက်၍ NRPC မှ တာဝန်ရှိသူများကို စက်တင်ဘာ လကုန်ပိုင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေးရန် UNFC အဖွဲ့မှ တင်ပြထားပြီး လောလောဆယ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ယာယီသတ်မှတ်ထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ နှစ်ရက်ကြာ ကျင်းပခဲ့သည့် ထို အရေးပေါ် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေတွေအပါအဝင် ၂၁ ရာစု ပင်လုံညီလာခံမှ ရရှိလာသည့် အကျိုးရလာဒ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု ဆိုသည်။
UNFC အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးများကို ဆက်လက် ကြိုးပမ်းသွားကြရန်နှင့် သဘောထားဆုံးဖြတ်ချက် ၅ ချက် ချမှတ်ခဲ့ကြသည်ဟု သိရသည်။
ဒီ ၂၁ ရာစု ပင်လုံညီလာခံ ပထမ အစည်းအဝေးဟာ ကျနော်တို့ ပွင့်လင်းမြင်သာမှု ရှိပြီးတော့မှ လူထုကို ကျနော်တို့ သက်သေထူပြီးတော့ ကျနော်တို့ရဲ့ သဘောထားတွေကို တင်ပြနိုင်ခဲ့တယ် သမိုင်းဝင် အစည်းအဝေးကြီးတစ်ခုဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူတယ် အဲ့ဒီအပေါ်မှာ ကျနော် တို့ နိုင်ငံတော သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရနဲ့ ကျနော်တို့ နိုင်ငံတော အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်းပဲ ကျနော်တို့ ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ပါတယ် ဒီ အစည်းအ ဝေးမှာ၊ ပြီးလို့ရှိရင် ကျနော်တို့ ရှေ့ဆက်ပြီးတော့မှ ကျနော်တို့ လုပ်ဆောင်တဲ့ အခါမှာ ဒီ အဓိ က အဖုအထစ်ဖြစ်နေတဲ့ မြေပြင်ရဲ့ ထိုးစစ်ဆင်မှုတွေပေါ့နော် မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှု တွေကို ကျနော်တို့က ရပ်တန့်ဖို့လိုတယ်ဆိုတဲ့ သဘောထား အမြင်ချတယ်။ အဲ့ဒီ မြေပြင်ထိုး စစ်တွေ ရှိနေလို့ရှိရင် ကျနော်တို့ ဒီ နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ယဉ်ကျေး မှုက ကျနော်တို့ မထွန်းကားဘူးပေါ့ အဲ့ဒါကြောင့် ဒီ နိုင်ငံရေး ယဉ်ကျေးမှု သိပ့်ကြီး ကျနော်တို ထွန်းကားလာဖို့အတွက်ဆိုလို့ရှိရင် လက်တွေ့ကျကျ ကျနော်တို့ ကျင့်သုံးဖို့လိုတယ်လို့ အဲ့လို မျိုး ကျနော်တို့က တိုက်တွန်းထားတယ်။
UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့အစည်းအဝေးမှ မြန်မာနိုင်ငံအား အမေရိကန်အစိုးရ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်ထားရှိရန်အတွက် အမေရိကန် အစိုးရ၏ သမ္မတ ထံကို UNFC ဥက္ကဌ မှ စာရေးသားပေးပို့သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြ သည်ဟု သိရသည်။
ထို့အတူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များ အနေဖြင့် တောင်အာဖရိကနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သွားရောက်လေ့လာရေးနှင့် ဆွစ်ဇလန် နိုင်ငံသို့ ဖက်ဒရယ်ရေးရာကိစ္စ သွားရောက်လေ့လာရေးခရီးစဉ်များအတွက် ရွေးချယ်သတ်မှတ်မှုများ လုပ်ခဲ့ကြသည်ဟု သိရသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည် တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီKNPP ၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့များ ပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့သည်။